NCA၏ အနှစ်သာရကိုကိုင်စွဲ၍ အဖွဲ့အစည်းများအားလုံးနှင့်လက်တွဲပူးပေါင်းမည်ဟုRCSSဆို

0
200

(Unicode)

NCA၏ အနှစ်သာရကိုကိုင်စွဲ၍ အဖွဲ့အစည်းများအားလုံးနှင့်လက်တွဲပူးပေါင်းမည်ဟုRCSSဆို

အသွင်သစ် နိုင်ငံရေး ဆွေးနွေးပွဲများမှတဆင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် RCSSသည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ် (NCA)၏ အနှစ်သာရကို ကိုင်စွဲ၍ အဖွဲ့အစည်းများအားလုံးနှင့် လက်တွဲပူးပေါင်း ကြိုးပမ်းဆောင်ရွက်သွားမည်ဟု သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ဗဟိုအလုပ်အမှုဆောင်ကော်မတီက ယနေ့ ဒီဇင်ဘာ ၂ရက်တွင် သတင်းထုတ်ပြန်သည်။

လွန်ခဲ့သည့် ၂၀၁၁ခုနှစ်၊ ဒီဇင်ဘာလ (၂)ရက်နေ့က တောင်ကြီးမြို့တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် အစိုးရ အကြား လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့သော ပြည်နယ်အဆင့် နှစ်ဖက် အပစ်ရပ်သဘောတူ စာချုပ်သည် ယနေ့ဆိုလျှင် (၁၀)နှစ်ပြည့်သွားပြီဖြစ်ပြီး RCSSသည် နှစ်ဖက်အပစ်ရပ်သဘောတူစာချုပ်ပါ အချက်များအား အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ချက်ဖြင့်ပြောသည်။

နှစ်ဖက်အပစ်ရပ်သဘောတူစာချုပ် (၁၀)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဖမ်းဆီးရမိသည့်(က) စိတ်ကြွဆေးပြား (၁,၁၃၆၉၇၄) ပြား (ခ)ဘိန်းညိုမှု န့်(၃၀၄) ကီလိုဂရမ် (ဂ)အက်ဆစ်(၄၃,၅၆၀) လီတာ (ဃ) ဆိုဒါမှုန့်
(၃၆,၀၀၀) ကီလိုဂရမ် အစရှိသည့် မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို လွယ်တိုင်းလျန်း ဗဟိုဌာနချုပ်၊ အမှတ်(၁) စစ်ဒေသနှင့် တပ်မဟာ (၇၀၇)၏ နယ်မြေတို့တွင် ယနေ့၌ မီးရှို့ဖျက်ဆီးသွားမည်ဟုလည်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)က ကြေညာသည်။

နှစ်ပေါင်း ၇၀ကြာ ပြည်တွင်းစစ်အဆုံးသတ်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၈ဖွဲ့နှင့် အစိုးရတို့ ၂၀၁၅ အောက်တိုဘာ၁၅ရက်က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးရာတွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီလည်း ပါဝင်ခဲ့သည်။

၂၀၁၈ခုနှစ် ဖေဖော်ဝါရီ ၁၃ရက်တွင် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ပါ အစိုးရနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်လက်မှတ်ရေးထိုးလိုက်သည့်အတွက် NCAလက်မှတ်ရေးထိုးခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၀ဖွဲ့ရှိပြီဖြစ်သည်။

(Zawgyi)

NCA၏ အႏွစ္သာရကိုကိုင္စြဲ၍ အဖြဲ႕အစည္းမ်ားအားလုံးႏွင့္လက္တြဲပူးေပါင္းမည္ဟုRCSSဆို

အသြင္သစ္ ႏိုင္ငံေရး ေဆြးေႏြးပြဲမ်ားမွတဆင့္ ဖက္ဒရယ္ဒီမိုကေရစီ ျပည္ေထာင္စု တည္ေဆာက္ေရးအတြက္ RCSSသည္ တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသေဘာတူ စာခ်ဳပ္ (NCA)၏ အႏွစ္သာရကို ကိုင္စြဲ၍ အဖြဲ႕အစည္းမ်ားအားလုံးႏွင့္ လက္တြဲပူးေပါင္း ႀကိဳးပမ္းေဆာင္႐ြက္သြားမည္ဟု သွ်မ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီက ယေန႔ ဒီဇင္ဘာ ၂ရက္တြင္ သတင္းထုတ္ျပန္သည္။

လြန္ခဲ့သည့္ ၂၀၁၁ခုႏွစ္၊ ဒီဇင္ဘာလ (၂)ရက္ေန႔က ေတာင္ႀကီးၿမိဳ႕တြင္ သွ်မ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ(RCSS)ႏွင့္ အစိုးရ အၾကား လက္မွတ္ေရးထိုး ခ်ဳပ္ဆိုခဲ့ေသာ ျပည္နယ္အဆင့္ ႏွစ္ဖက္ အပစ္ရပ္သေဘာတူ စာခ်ဳပ္သည္ ယေန႔ဆိုလွ်င္ (၁၀)ႏွစ္ျပည့္သြားၿပီျဖစ္ၿပီး RCSSသည္ ႏွစ္ဖက္အပစ္ရပ္သေဘာတူစာခ်ဳပ္ပါ အခ်က္မ်ားအား အျပည့္အဝ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ႏိုင္ေရးအတြက္ ဆက္လက္ႀကိဳးပမ္းေဆာင္႐ြက္သြားမည္ဟုလည္း ထုတ္ျပန္ခ်က္ျဖင့္ေျပာသည္။

ႏွစ္ဖက္အပစ္ရပ္သေဘာတူစာခ်ဳပ္ (၁၀)ႏွစ္ျပည့္ အထိမ္းအမွတ္အျဖစ္ ဖမ္းဆီးရမိသည့္(က) စိတ္ႂကြေဆးျပား (၁,၁၃၆၉၇၄) ျပား (ခ)ဘိန္းညိဳမႈ န႔္(၃၀၄) ကီလိုဂရမ္ (ဂ)အက္ဆစ္(၄၃,၅၆၀) လီတာ (ဃ) ဆိုဒါမႈန႔္
(၃၆,၀၀၀) ကီလိုဂရမ္ အစရွိသည့္ မူးယစ္ေဆးဝါးမ်ား၊ မူးယစ္ေဆးဝါးႏွင့္ ဆက္စပ္ပစၥည္းမ်ားကို လြယ္တိုင္းလ်န္း ဗဟိုဌာနခ်ဳပ္၊ အမွတ္(၁) စစ္ေဒသႏွင့္ တပ္မဟာ (၇၀၇)၏ နယ္ေျမတို႔တြင္ ယေန႔၌ မီးရႈိ႕ဖ်က္ဆီးသြားမည္ဟုလည္း သွ်မ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ(RCSS)က ေၾကညာသည္။

ႏွစ္ေပါင္း ၇၀ၾကာ ျပည္တြင္းစစ္အဆုံးသတ္ေရးအတြက္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္း ၈ဖြဲ႕ႏွင့္ အစိုးရတို႔ ၂၀၁၅ ေအာက္တိုဘာ၁၅ရက္က တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္ လက္မွတ္ေရးထိုးရာတြင္ သွ်မ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီလည္း ပါဝင္ခဲ့သည္။

၂၀၁၈ခုႏွစ္ ေဖေဖာ္ဝါရီ ၁၃ရက္တြင္ မြန္ျပည္သစ္ပါတီႏွင့္ လားဟူဒီမိုကရက္တစ္အစည္းအ႐ုံးတို႔ပါ အစိုးရႏွင့္ တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္လက္မွတ္ေရးထိုးလိုက္သည့္အတြက္ NCAလက္မွတ္ေရးထိုးခဲ့သည့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္း ၁၀ဖြဲ႕ရွိၿပီျဖစ္သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here