“Summit for Democracy” အစည်းအဝေးကို ရုရှားဝေဖန်

0
278

(Unicode)

“Summit for Democracy” အစည်းအဝေးကို ရုရှားဝေဖန်

အမေရိကန်ကဦးဆောင်ကျင်းပမယ့် “Summit for Democracy” နဲ့ပတ်သက်ပြီး ရုရှားက ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပါတယ်။

လာမယ့် ကြာသပတေးနေ့နဲ့ သောကြာနေ့တွေမှာ အွန်လိုင်းနဲ့ ပြုလုပ်ဖို့စီစဉ်ထားတဲ့ ၄င်းအစည်းအဝေးနဲ့ပတ်သက်ပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ဂျပန်နိုင်ငံနဲ့ ဥရောပနိုင်ငံတွေအပါအဝင် နိုင်ငံနဲ့နယ်မြေပေါင်း ၁၁၀ မှ ခေါင်းဆောင်တွေကို ဖိတ်ကြားထားပါတယ်။

အမေရိကန်အနေနဲ့ အာဏာရှင်တွေအဖြစ်သတ် မှတ်ထားတဲ့ တရုတ်နဲ့ရုရှားကိုတော့ ဖိတ်ကြားခဲ့ခြင်းမရှိပါဘူး။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက် ထဲမှာ ” ထိပ်သီးဆွေးနွေးပွဲကို စီစဉ်သူများသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို မြှင့်တင် ရာတွင် ကမ္ဘာကို ဦးဆောင်ရန် ကြွေးကြော်ထားသော်လည်း ၄င်းတို့၏ မှတ်တမ်းနှင့်ဂုဏ်သတင်းသည် စံနမူနာနှင့် ဝေးကွာလွန်းသည်” လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ကြေညာချက်ထဲ့မှာ ” လွတ်လပ်စွာပြောဆိုခွင့်၊ရွေးကောက်ပွဲစီမံခန့်ခွဲရေး၊အကျင့်ပျက်ခြစားမှုနှင့် လူ့အခွင့်အရေးဆိုင်ရာ ပြဿနာတွေရှိနေတဲ့ အမေရိကန်နှင့် သူ၏မိတ်ဘက် နိုင်ငံများသည် ဒီမိုကရေစီရဲ့ မီးရှူးတန်ဆောင် အနေအထားကို မတောင်းဆိုသင့်ကြောင်း သက်သေအထောက်အထားတွေက အကြံပြုနေပါတယ်” လို့လည်း ဖော်ပြထားပါတယ်။

“အာဖဂန်နစ္စတန်နဲ့အခြားနိုင်ငံတွေအပေါ်ချမှတ်ထားတဲ့ အမေရိကန်ရဲ့ မူဝါဒကို ကြည့်ခြင်းအားဖြင့် အတင်းအကြပ်ဒီမိုကရေစီအသွင်ကူးပြောင်းရေး ရည်ရွယ်ချက်နဲ့စစ်ရေးစွန့်စားမှုတွေဟာ သွေးထွက်သံယိုစစ်ပွဲများနဲ့ အမျိုးသားရေးဖြစ်ရပ်ဆိုးများမှာ အဆုံးသတ်သွားလိမ့်မည်” ဟုလည်း ကြေညာချက်မှာ ရေးသားထားပါတယ်။

ရုရှားနိုင်ငံအနေနဲ့ “Summit for Democracy” နဲ့ပတ်သက်ပြီး အနီးကပ် စောင့်ကြည့်သွားမယ်လို့လည်း ကြေညာချက်ထဲ ပါရှိပါတယ်။

Source-NHK

(Zawgyi)

“Summit for Democracy” အစည္းအေဝးကို ႐ုရွားေဝဖန္

အေမရိကန္ကဦးေဆာင္က်င္းပမယ့္ “Summit for Democracy” နဲ႔ပတ္သက္ၿပီး ႐ုရွားက ျပင္းျပင္းထန္ထန္ေဝဖန္လိုက္ပါတယ္။

လာမယ့္ ၾကာသပေတးေန႔နဲ႔ ေသာၾကာေန႔ေတြမွာ အြန္လိုင္းနဲ႔ ျပဳလုပ္ဖို႔စီစဥ္ထားတဲ့ ၄င္းအစည္းအေဝးနဲ႔ပတ္သက္ၿပီး ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။

အေမရိကန္သမၼတဂ်ိဳးဘိုင္ဒင္က ဂ်ပန္ႏိုင္ငံနဲ႔ ဥေရာပႏိုင္ငံေတြအပါအဝင္ ႏိုင္ငံနဲ႔နယ္ေျမေပါင္း ၁၁၀ မွ ေခါင္းေဆာင္ေတြကို ဖိတ္ၾကားထားပါတယ္။

အေမရိကန္အေနနဲ႔ အာဏာရွင္ေတြအျဖစ္သတ္ မွတ္ထားတဲ့ တ႐ုတ္နဲ႔႐ုရွားကိုေတာ့ ဖိတ္ၾကားခဲ့ျခင္းမရွိပါဘူး။

႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ ေၾကညာခ်က္ ထဲမွာ ” ထိပ္သီးေဆြးေႏြးပြဲကို စီစဥ္သူမ်ားသည္ ဒီမိုကေရစီႏွင့္ လူ႔အခြင့္အေရးကို ျမႇင့္တင္ ရာတြင္ ကမာၻကို ဦးေဆာင္ရန္ ေႂကြးေၾကာ္ထားေသာ္လည္း ၄င္းတို႔၏ မွတ္တမ္းႏွင့္ဂုဏ္သတင္းသည္ စံနမူနာႏွင့္ ေဝးကြာလြန္းသည္” လို႔ ေဖာ္ျပထားပါတယ္။

ဒါ့အျပင္ ေၾကညာခ်က္ထဲ့မွာ ” လြတ္လပ္စြာေျပာဆိုခြင့္၊ေ႐ြးေကာက္ပြဲစီမံခန္႔ခြဲေရး၊အက်င့္ပ်က္ျခစားမႈႏွင့္ လူ႔အခြင့္အေရးဆိုင္ရာ ျပႆနာေတြရွိေနတဲ့ အေမရိကန္ႏွင့္ သူ၏မိတ္ဘက္ ႏိုင္ငံမ်ားသည္ ဒီမိုကေရစီရဲ႕ မီးရႉးတန္ေဆာင္ အေနအထားကို မေတာင္းဆိုသင့္ေၾကာင္း သက္ေသအေထာက္အထားေတြက အႀကံျပဳေနပါတယ္” လို႔လည္း ေဖာ္ျပထားပါတယ္။

“အာဖဂန္နစၥတန္နဲ႔အျခားႏိုင္ငံေတြအေပၚခ်မွတ္ထားတဲ့ အေမရိကန္ရဲ႕ မူဝါဒကို ၾကည့္ျခင္းအားျဖင့္ အတင္းအၾကပ္ဒီမိုကေရစီအသြင္ကူးေျပာင္းေရး ရည္႐ြယ္ခ်က္နဲ႔စစ္ေရးစြန္႔စားမႈေတြဟာ ေသြးထြက္သံယိုစစ္ပြဲမ်ားနဲ႔ အမ်ိဳးသားေရးျဖစ္ရပ္ဆိုးမ်ားမွာ အဆုံးသတ္သြားလိမ့္မည္” ဟုလည္း ေၾကညာခ်က္မွာ ေရးသားထားပါတယ္။

႐ုရွားႏိုင္ငံအေနနဲ႔ “Summit for Democracy” နဲ႔ပတ္သက္ၿပီး အနီးကပ္ ေစာင့္ၾကည့္သြားမယ္လို႔လည္း ေၾကညာခ်က္ထဲ ပါရွိပါတယ္။

Source-NHK


LEAVE A REPLY

Please enter your comment!
Please enter your name here