၂၀၂၁ ခုနှစ် သာသနာနုဂ္ဂဟဘွဲ့တံဆိပ်တော်ရသူ ၁၀၆ဦးရှိ

0
605

(Unicode)

၂၀၂၁ ခုနှစ် သာသနာနုဂ္ဂဟဘွဲ့တံဆိပ်တော်ရသူ ၁၀၆ဦးရှိ

ဒီဇင်ဘာ ၁ ရက်ကပြုလုပ်တဲ့ ၂၀၂၁ ခုနှစ်၊သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟဘွဲ့တံဆိပ်ချီးမြှင့်ခံရသူ ၁၀၆ဦးရှိခဲ့ပါတယ်။

အဲဒီ့ ၁၀၆ ယောက်ထဲမှာ အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရဘွဲ့တံဆိပ်ရရှိသူ အမျိုးသား(၇)ဦး ၊အဂ္ဂမဟာ သီရိသုဓမ္မသိင်္ဂီဘွဲ့ရ အမျိုးသမီး(၁၄)ဦးရှိခဲ့ပြီး နေပြည်တော်မှာ ဘွဲ့တံဆိပ်နဲ့အဆောင်အယောင်တွေချီးမြှင့်အပ်နှင်းခဲ့ပါတယ်။

အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရဘွဲ့တံဆိပ်တော်နဲ့အဆောင်အယောင်ရရှိတဲ့အမျိုးသား(၇)ဦးကတော့ ဦးအောင်အောင်၊ ဦးလှထွန်း၊ ဦးသန်းဝင်း၊ ဦးလီကျန်းချန်(ခ)ဦးလျိုအားပေါက်၊ ဒေါက်တာလှဝင်းအောင်၊ ဦးစိုးသန်းထွန်းနဲ့ ဦးဇေယျသူရမွန်တို့ဖြစ်ပါတယ်။

ဒေါ်ခင်မြင့်ဦး၊ ဒေါ်မေသက်မော်၊ ဒေါ်ခင်ရွှေ၊ ဒေါ်ရွှေဥ၊ ဒေါ်သန်းသန်းစိန်၊ ဒေါ်သန်းမြ၊ ဒေါ်နန်းခင်ညွှန့်၊ ဒေါ်ဝင်းမြင့်၊ ဒေါ်မြင့်မြင့်သန်း၊ ဒေါ်ဌေးဌေးသိန်း၊ ဒေါ်ကြည်ပြာခိုင်၊ ဒေါ်သီတာစန်း၊ ဒေါ်ခင်သန့်ဇင်နဲ့ ဒေါ် အိသန္တာဘို တို့ကတော့ အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီဘွဲ့နဲ့အဆောင်အယောင်တွေချီးမြှင့်ခံရတဲ့ အမျိုးသမီး(၁၄)ဦးဖြစ်ပါတယ်။

အလားတူ သာသနာနုဂ္ဂဟဘွဲ့တံဆိပ်ရ အမျိုးသား(၃၃)ဦးနဲ့ အမျိုးသမီး(၅၂)ဦးတို့ကိုလည်း နေပြည်တော်ကောင်စီ၊တိုင်းဒေသကြီးနဲ့ပြည်နယ်အသီးသီးက အစိုးရအဖွဲ့တွေရဲ့အစီအစဉ်နဲ့ အဆောင်အယောင်တွေ ချီးမြှင့်အပ်နှင်းပေးသွားမှာဖြစ်ပါတယ်။

(Zawgyi)








LEAVE A REPLY

Please enter your comment!
Please enter your name here