၂နှစ်အတွင်းပထမဦးဆုံးအကြိမ် သီရိလင်္ကာသို့ မြန်မာဆန်ပြန်ပို့မည်

0
85

(Unicode)

၂နှစ်အတွင်းပထမဦးဆုံးအကြိမ် သီရိလင်္ကာသို့ မြန်မာဆန်ပြန်ပို့မည်

၂နှစ်ဆက်တိုက် ရပ်ဆိုင်းနေသည့် သီရိလင်္ကာဆန်ဈေးကွက်သို့ မြန်မာ့ဆန် တကျော့ပြန်ခြေချပြန်ဝင်တော့မည်ဖြစ်သည်။

သီရိလင်္ကာသည်လွန်ခဲ့သည့် ၅ နှစ် ခန့်က မြန်မာနိုင်ငံမှ ဆန်၊ ဆန်ကွဲကို တန်ချိန် ၅ သောင်းမှ ၈ သောင်းထိ နှစ်စဉ် ဝယ်ယူခဲ့သောနိုင်ငံဖြစ်ပြီး ၂၀၁၈-၂၀၁၉ မှ ၂၀၂၀-၂၀၂၁ အထိ ဝယ်ယူခြင်းမရှိခဲ့ပေ။

ကနဦးခြေလှမ်းအနေဖြင့် အရောင်းအဝယ်စာချုပ်ဖြင့် သီရိလင်္ကာဘက်က ယခုလများထဲ ဆောလျင်စွာ ဆောင်ရွက်မည်ဖြစ်ပြီး နောက်ပိုင်း မြန်မာဘက်ကကုန်သည်အချင်းချင်းရောင်းချနေခြင်းထက် မြန်မာနိုင်ငံမှ သီရိလင်္ကာနိုင်ငံသို့ G to G အစီအစဉ်ဖြင့် ဆန်တင်ပို့ရောင်းချနိုင်ရေးအတွက်ပါ နစကစီးပွားကူးသန်းက ခြေလှမ်းပါပြင်ဆင်နေသည်။

လက်ရှိတွင် နစကစီးပွားကူးသန်းက သီရိလင်္ကာသို့ G TO G ဆန်တင်ပို့ရေး MoU (မူကြမ်း)ရေးဆွဲ၍ သီရိလင်္ကာနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ တစ်ဆင့် သီရိလင်္ကာကုန်သွယ်ရေး ဝန်ကြီးဌာနသို့ အဆိုပြုပေးပို့ထားကာ ကုန်သွယ်မှု အရှိန်မြင့်ရန် လုပ်ဆောင်နေသည်။

သီရိလင်္ကာဘက်မှMoU ရေးထိုးနိုင်ရေးအတွက် အချိန်လိုအပ်မည်ဖြစ်သဖြင့် G to G MoU ရေးထိုးခြင်းမပြုသေးဘဲ အရောင်းအဝယ်စာချုပ်ဖြင့် ဆောလျင်စွာ ဆောင်ရွက်လိုကြောင်း ပြောကြားညှိနှိုင်းချက်အရ မြန်မာနိုင်ငံမှ သီရိလင်္ကာနိုင်ငံသို့ Myanmar White Rice 5% တန်ချိန် (၃၀၀၀၀) နှင့် Myanmar Parboiled Rice 5% တန်ချိန် (၃၀၀၀၀) တင်ပို့ရောင်းချနိုင်ရေးအတွက် Virtual Meeting အား နိုဝင်ဘာ၂၉ ရက်တွင် နှစ်ဖက်တာဝန်ရှိသူတို့ဆွေးနွေးညှိနှိုင်းပြီးဖြစ်သည်။

တင်ပို့ရောင်းချသွားမည့် ဈေးနှုန်းအား မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သီရိလင်္ကာနိုင်ငံ ကုန်သွယ်ရေးဝန်ကြီးဌာနသို့ အဆိုပြု ပေးပို့ချက်များပေးပို့ထားပြီးဖြစ်ကာ အကြမ်းဖျဉ်းအားဖြင့် 5 % Broken Myanmar White Rice (Emata Variety) Polished CIF Colombo ဈေးနှုန်း(၁)တန်လျှင် အမေရိကန် ဒေါ်လာ ၄၆၀ နှင့် 5 % Broken Myanmar parboiled Rice (Emata Variety)Polished CIF Colombo ဈေးနှုန်း (၁)တန်လျှင် အမေရိကန်ဒေါ်လာ ၄၈၀ အဆိုပြုထားသည်ကို သိရှိရပါကြောင်း နစကစီးပွားကူးသန်းကပြောသည်။

နစကစီးပွားကူးသန်းဝန်ကြီးဌာနက မြန်မာမှ သီရိလင်္ကာနိုင်ငံသို့ ဆန်တင်ပို့ရောင်းချရာတွင် နှစ်ဖက်ခိုင်မာမှုရှိစေရန်အတွက် B to B အရောင်းအဝယ်စာချုပ် ချုပ်ဆိုရာ၌ နှစ်နိုင်ငံအစိုးရ သက်ဆိုင်ရာဌာနများမှ ထောက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး 5 % White Rice ဆန်တန်ချိန် ၃၀၀၀၀ မှ ၅၀၀၀၀ အထိ နှင့် 5% Parboiled Rice ဆန်တန်ချိန် ၇၀၀၀ မှ ၁၀၀၀၀ အထိကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတို့၌ ရောင်းချနိုင်ကြောင်းသိရှိရပါသည်ဟု ပြောသည်။

မြန်မာနှင့် သီရိလင်္ကာ နှစ်နိုင်ငံအကြားသံတမန်ဆက်သွယ်မှုသည် ၇-၆-၁၉၄၉ တွင် စတင်ခဲ့ပြီး၊ နှစ်နိုင်ငံ ကုန်သွယ်ရေးသဘောတူစာချုပ် သီးခြားချုပ်ဆိုနိုင်ခြင်းမရှိသေးသော်လည်း မြန်မာ နိုင်ငံမှ ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ပုဂ္ဂလိက ကုန်သွယ်မှုသို့ လွတ်လပ်စွာ တင်ပို့၊ တင်သွင်းခွင့် ပြုထားပြီးဖြစ်၍ ဈေးကွက်လိုအပ်ချက်အရ တင်ပို့တင်သွင်းမှုများ ပြုလုပ်လျက်ရှိရာ မြန်မာသီရိလင်္ကာ နှစ်နိုင်ငံကုန်သွယ်မှုမှာ နှစ်စဉ် အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၀ သန်း မှ ၄၀ သန်း အထိ ကုန်သွယ်မှုပြုလျက်ရှိသည်ဟု စီးပွားကူးသန်းမှသိရသည်။

Photo Credit – Ministry of Commerce
ပုံစာ – ယခင် ဆန် တင်ပို့မှု ပုံများ ဖြစ်ပါသည်။

(Zawgyi)

၂ႏွစ္အတြင္းပထမဦးဆုံးအႀကိမ္ သီရိလကၤာသို႔ ျမန္မာဆန္ျပန္ပို႔မည္

၂ႏွစ္ဆက္တိုက္ ရပ္ဆိုင္းေနသည့္ သီရိလကၤာဆန္ေဈးကြက္သို႔ ျမန္မာ့ဆန္ တေက်ာ့ျပန္ေျခခ်ျပန္ဝင္ေတာ့မည္ျဖစ္သည္။

သီရိလကၤာသည္လြန္ခဲ့သည့္ ၅ ႏွစ္ ခန႔္က ျမန္မာႏိုင္ငံမွ ဆန္၊ ဆန္ကြဲကို တန္ခ်ိန္ ၅ ေသာင္းမွ ၈ ေသာင္းထိ ႏွစ္စဥ္ ဝယ္ယူခဲ့ေသာႏိုင္ငံျဖစ္ၿပီး ၂၀၁၈-၂၀၁၉ မွ ၂၀၂၀-၂၀၂၁ အထိ ဝယ္ယူျခင္းမရွိခဲ့ေပ။

ကနဦးေျခလွမ္းအေနျဖင့္ အေရာင္းအဝယ္စာခ်ဳပ္ျဖင့္ သီရိလကၤာဘက္က ယခုလမ်ားထဲ ေဆာလ်င္စြာ ေဆာင္႐ြက္မည္ျဖစ္ၿပီး ေနာက္ပိုင္း ျမန္မာဘက္ကကုန္သည္အခ်င္းခ်င္းေရာင္းခ်ေနျခင္းထက္ ျမန္မာႏိုင္ငံမွ သီရိလကၤာႏိုင္ငံသို႔ G to G အစီအစဥ္ျဖင့္ ဆန္တင္ပို႔ေရာင္းခ်ႏိုင္ေရးအတြက္ပါ နစကစီးပြားကူးသန္းက ေျခလွမ္းပါျပင္ဆင္ေနသည္။

လက္ရွိတြင္ နစကစီးပြားကူးသန္းက သီရိလကၤာသို႔ G TO G ဆန္တင္ပို႔ေရး MoU (မူၾကမ္း)ေရးဆြဲ၍ သီရိလကၤာႏိုင္ငံဆိုင္ရာ ျမန္မာသံ႐ုံးမွ တစ္ဆင့္ သီရိလကၤာကုန္သြယ္ေရး ဝန္ႀကီးဌာနသို႔ အဆိုျပဳေပးပို႔ထားကာ ကုန္သြယ္မႈ အရွိန္ျမင့္ရန္ လုပ္ေဆာင္ေနသည္။

သီရိလကၤာဘက္မွMoU ေရးထိုးႏိုင္ေရးအတြက္ အခ်ိန္လိုအပ္မည္ျဖစ္သျဖင့္ G to G MoU ေရးထိုးျခင္းမျပဳေသးဘဲ အေရာင္းအဝယ္စာခ်ဳပ္ျဖင့္ ေဆာလ်င္စြာ ေဆာင္႐ြက္လိုေၾကာင္း ေျပာၾကားညႇိႏႈိင္းခ်က္အရ ျမန္မာႏိုင္ငံမွ သီရိလကၤာႏိုင္ငံသို႔ Myanmar White Rice 5% တန္ခ်ိန္ (၃၀၀၀၀) ႏွင့္ Myanmar Parboiled Rice 5% တန္ခ်ိန္ (၃၀၀၀၀) တင္ပို႔ေရာင္းခ်ႏိုင္ေရးအတြက္ Virtual Meeting အား ႏိုဝင္ဘာ၂၉ ရက္တြင္ ႏွစ္ဖက္တာဝန္ရွိသူတို႔ေဆြးေႏြးညႇိႏႈိင္းၿပီးျဖစ္သည္။

တင္ပို႔ေရာင္းခ်သြားမည့္ ေဈးႏႈန္းအား ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္မွ သီရိလကၤာႏိုင္ငံ ကုန္သြယ္ေရးဝန္ႀကီးဌာနသို႔ အဆိုျပဳ ေပးပို႔ခ်က္မ်ားေပးပို႔ထားၿပီးျဖစ္ကာ အၾကမ္းဖ်ဥ္းအားျဖင့္ 5 % Broken Myanmar White Rice (Emata Variety) Polished CIF Colombo ေဈးႏႈန္း(၁)တန္လွ်င္ အေမရိကန္ ေဒၚလာ ၄၆၀ ႏွင့္ 5 % Broken Myanmar parboiled Rice (Emata Variety)Polished CIF Colombo ေဈးႏႈန္း (၁)တန္လွ်င္ အေမရိကန္ေဒၚလာ ၄၈၀ အဆိုျပဳထားသည္ကို သိရွိရပါေၾကာင္း နစကစီးပြားကူးသန္းကေျပာသည္။

နစကစီးပြားကူးသန္းဝန္ႀကီးဌာနက ျမန္မာမွ သီရိလကၤာႏိုင္ငံသို႔ ဆန္တင္ပို႔ေရာင္းခ်ရာတြင္ ႏွစ္ဖက္ခိုင္မာမႈရွိေစရန္အတြက္ B to B အေရာင္းအဝယ္စာခ်ဳပ္ ခ်ဳပ္ဆိုရာ၌ ႏွစ္ႏိုင္ငံအစိုးရ သက္ဆိုင္ရာဌာနမ်ားမွ ေထာက္ခံေဆာင္႐ြက္ေပးသြားမည္ျဖစ္ၿပီး 5 % White Rice ဆန္တန္ခ်ိန္ ၃၀၀၀၀ မွ ၅၀၀၀၀ အထိ ႏွင့္ 5% Parboiled Rice ဆန္တန္ခ်ိန္ ၇၀၀၀ မွ ၁၀၀၀၀ အထိကို ၂၀၂၁ ခုႏွစ္၊ ဒီဇင္ဘာလႏွင့္ ၂၀၂၂ ခုႏွစ္၊ ဇန္နဝါရီလတို႔၌ ေရာင္းခ်ႏိုင္ေၾကာင္းသိရွိရပါသည္ဟု ေျပာသည္။

ျမန္မာႏွင့္ သီရိလကၤာ ႏွစ္ႏိုင္ငံအၾကားသံတမန္ဆက္သြယ္မႈသည္ ၇-၆-၁၉၄၉ တြင္ စတင္ခဲ့ၿပီး၊ ႏွစ္ႏိုင္ငံ ကုန္သြယ္ေရးသေဘာတူစာခ်ဳပ္ သီးျခားခ်ဳပ္ဆိုႏိုင္ျခင္းမရွိေသးေသာ္လည္း ျမန္မာ ႏိုင္ငံမွ ေဈးကြက္စီးပြားေရးစနစ္ႏွင့္အညီ ပုဂၢလိက ကုန္သြယ္မႈသို႔ လြတ္လပ္စြာ တင္ပို႔၊ တင္သြင္းခြင့္ ျပဳထားၿပီးျဖစ္၍ ေဈးကြက္လိုအပ္ခ်က္အရ တင္ပို႔တင္သြင္းမႈမ်ား ျပဳလုပ္လ်က္ရွိရာ ျမန္မာသီရိလကၤာ ႏွစ္ႏိုင္ငံကုန္သြယ္မႈမွာ ႏွစ္စဥ္ အနည္းဆုံး အေမရိကန္ေဒၚလာ ၁၀ သန္း မွ ၄၀ သန္း အထိ ကုန္သြယ္မႈျပဳလ်က္ရွိသည္ဟု စီးပြားကူးသန္းမွသိရသည္။

Photo Credit – Ministry of Commerce
ပုံစာ – ယခင္ ဆန္ တင္ပို႔မႈ ပုံမ်ား ျဖစ္ပါသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here