ဖုန်းခေါ်ဆိုမှုနှင့်ဖုန်းအင်တာနက်ဈေးနှုန်းများ ပြောင်းလဲရန်ရှိ

0
177

(Unicode)

ဖုန်းခေါ်ဆိုမှုနှင့်ဖုန်းအင်တာနက်ဈေးနှုန်းများ ပြောင်းလဲရန်ရှိ

နစကပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့ ဖုန်းခေါ်ဆိုမှုများအပါအဝင် ဖုန်းအင်တာနက်ဈေးနှုန်းများပြောင်းလဲဖို့ရှိတဲ့အကြောင်း ဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ အော်ဒီဒူးက တယ်လီဖုန်းဆက်သွယ်သူတွေထံ စာတိုပို့အကြောင်းကြားတာတွေကို ဒီကနေ့ ဒီဇင်ဘာ ၃ရက်မှာ ပြုလုပ်နေကြပါတယ်။

အင်တာနက်ဝယ်ယူထားပြီးတဲ့သူတွေအနေနဲ့ လက်ရှိရနေတဲ့ အကျိုးခံစားခွင့်အတိုင်း သက်တမ်းကုန်ဆုံးတဲ့အထိဆက်သွယ်သုံးစွဲနိုင်မယ်လို့ အော်ဒီဒူးက စာပို့တဲ့အကြောင်း လက်ခံရရှိတဲ့သူကပြောပါတယ်။

MPT၊တယ်လီနော၊Mytel တို့ကတော့ စာပို့အကြောင်းကြားတာမျိုးမရှိသေးပါဘူး။

ပြောင်းလဲသွားမယ့်ဈေးနှုန်းတွေနဲ့ ပတ်သတ်ပြီး ဆက်သွယ်ရေးကုမ္ပဏီတွေက အသေးစိတ်ထုတ်ပြန်တာမျိုး မလုပ်သေးသလို ဝန်ကြီးဌာနဘက်ကလည်း သတင်းထုတ်ပြန်တာမျိုးတော့မလုပ်သေးပါဘူး။

(Zawgyi)







LEAVE A REPLY

Please enter your comment!
Please enter your name here