ပိတောက်ချောင်းနယ်မြေရဲစခန်းမှ နယ်ထိန်းစျေးထွက်ဝယ်ချိန် သေနတ်နဲ့သုံးချက်ပစ်ခံရပြီး သေဆုံး

0
214

(Unicode)

ပိတောက်ချောင်းနယ်မြေရဲစခန်းမှ နယ်ထိန်းစျေးထွက်ဝယ်ချိန် သေနတ်နဲ့သုံးချက်ပစ်ခံရပြီး သေဆုံး

လှိုင်မြို့နယ် ပိတောက်ချောင်းနယ်မြေရဲစခန်းမှာတာဝန်ကျနေတဲ့ တပ်ကြပ်ကြီး(နယ်ထိန်း)ခင်မောင်ဝင်း ဒီနေ့မနက် ၈ နာရီလောက်က ပိတောက်ချောင်း(၅)ရပ်ကွက်ကစျေးမှာ စျေးလာဝယ်တုန်း သေနတ်နဲ့သုံးချက်ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ (၅)ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

“သူကဒီစျေးကိုပုံမှန်လာဝယ်နေကြပဲ ခနခနမြင်ဘူးတယ် ဒီနေ့လည်းစျေးဝယ်နေတုန်း ရုတ်တ ရက် သေနတ်သံတွေကြားလိုက်တာနဲ့ ပစ်တဲ့နေရာကိုသွားကြည့်တော့ သွေးတွေနဲ့လဲကျပြီးသေနေတာကိုတွေ့တာပဲ”လို့ ရပ်ကွက်နေသူတစ်ယောက်ကပြောပါတယ်။

နယ်ထိန်းခင်မောင်ဝင်းဟာ သေနတ်နဲ့ပစ်ခံရတာကြောင့် နားထင်၊နောက်စေ့နဲ့နောက်ကျောတို့မှာ ဒဏ်ရာတွေရပြီးအခင်းဖြစ်နေရာမှာပဲ သေဆုံးခဲ့ပါတယ်။

“ပစ်ခံရပြီးသိပ်မကြာဘူး စစ်သားတွေရောက်လာပြီး အလောင်းကိုလာသယ်သွားသလို အနီးနားဆိုင်တွေက CCTV မှတ်တမ်းတွေကိုယူသွားတယ်လို့လည်းကြားတယ်”လို့ရပ်ကွက်နေသူတစ်ယောက်ကပြောပါတယ်။

လုံခြုံရေးအဖွဲ့တွေက CCTV မှတ်တမ်းတွေကိုယူဆောင်သွသလို ပစ်ခတ်မှုဖြစ်စဥ်ကိုမြင်တွေ့ခဲ့ကြသူတွေကိုလည်း စစ်ဆေးမေးမြန်းဖို့အတွက် ခေါ်ဆောင်သွားတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

(Zawgyi)

ပိတောက်ချောင်းနယ်မြေရဲစခန်းမှ နယ်ထိန်းဈေးထွက်ဝယ်ချိန် သေနတ်နဲ့သုံးချက်ပစ်ခံရပြီး သေဆုံး

လှိုင်မြို့နယ် ပိတောက်ချောင်းနယ်မြေရဲစခန်းမှာတာဝန်ကျနေတဲ့ တပ်ကြပ်ကြီး(နယ်ထိန်း)ခင်မောင်ဝင်း ဒီနေ့မနက် ၈ နာရီလောက်က ပိတောက်ချောင်း(၅)ရပ်ကွက်ကဈေးမှာ ဈေးလာဝယ်တုန်း သေနတ်နဲ့သုံးချက်ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ (၅)ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

“သူကဒီဈေးကိုပုံမှန်လာဝယ်နေကြပဲ ခနခနမြင်ဘူးတယ် ဒီနေ့လည်းဈေးဝယ်နေတုန်း ရုတ်တ ရက် သေနတ်သံတွေကြားလိုက်တာနဲ့ ပစ်တဲ့နေရာကိုသွားကြည့်တော့ သွေးတွေနဲ့လဲကျပြီးသေနေတာကိုတွေ့တာပဲ”လို့ ရပ်ကွက်နေသူတစ်ယောက်ကပြောပါတယ်။





LEAVE A REPLY

Please enter your comment!
Please enter your name here