ပါတီဝင်၄၀၀ကျော်ထိန်းသိမ်းခံထားရဆဲဟု NLDဗဟိုပြန်ကြားရေးကော်မတီထုတ်ပြန်

0
255

(Unicode)

ပါတီဝင်၄၀၀ကျော်ထိန်းသိမ်းခံထားရဆဲဟု NLDဗဟိုပြန်ကြားရေးကော်မတီထုတ်ပြန်

ဖေဖော်ဝါရီ ၁ရက်ကစပြီး နိုဝင်ဘာ ၃၀ရက်နေ့အထိ ထိန်းသိမ်းခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ခေါင်းဆောင်တွေ အပါအဝင် ပါတီဝင်အရေအတွက်က (၅၇၉) ဦး ရှိပြီး အဲ့ဒီထဲက ပြန်လည်လွတ်မြောက်လာသူ( ၁၂၈)ဦးရှိကာ (၄၃၂) ဦးမှာ ထိန်းသိမ်းခံထားရဆဲဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုပြန်ကြားရေးကော်မတီက ဒီဇင်ဘာ၁ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ဒီအရေအတွက်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီ (CWC) က ကောက်ယူရရှိတဲ့ စာရင်းတွေဖြစ်ပြီး ထိန်းသိမ်းခံရသူတွေအနက်က ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၊ ဗဟိုပြန်ကြားရေးကော်မတီဥက္ကဋ္ဌ ဦးဉာဏ်ဝင်း(ကိုဗစ်ကူးစက်မှုကြောင့် ကွယ်လွန်) အပါအဝင် ၁၃ဦး ကျဆုံးကွယ်လွန်ခဲ့ပြီး ကျဆုံး ကွယ်လွန်မှုတွေဟာ စစ်ကြောရေးကာလအတွင်း၊ အကျဉ်းကျနေစဉ်ကာလအတွင်း၊ ပြန်လည်လွတ်မြောက်ပြီး မကြာမီကာလအတွင်း ဖြစ်တယ်လို့ ဗဟိုပြန်ကြားရေးကဆိုပါတယ်။

ဦးဉာဏ်ဝင်း၊ ဦးအေးလှ၊ ဦးညွန့်ရွှေ၊ ဦးဝင်းကြိုင် တို့ (၄) ဦးကတော့ ထောင်တွင်းအကျဉ်းကျခံနေရစဉ်ကိုဗစ်ကူးစက်ခံရမှုအပါအဝင် အခြားအကြောင်းတွေကြောင့် ကွယ်လွန်ခဲ့ရတာဖြစ်ပါတယ်။

ဒါ့အပြင် ရန်ကုန်ရှိ အဖွဲ့ချုပ်ရုံးချုပ်အပါအဝင် ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး ၊ ရန်ကုန်တိုင်းဒေသကြီးတို့ရှိပါတီရုံးများ ဖောက်ခွဲခြင်း၊ ဖျက်ဆီးခြင်း ခံရတဲ့အကြိမ်အရေအတွက်က (၇၅) ကြိမ် ရှိတဲ့အကြောင်းပါ ဖော်ပြပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးအချို့ ဖျက်ဆီးခံရမှုတွေ ရှိနေသလို တစ်ဖက်မှာလည်း နိုဝင်ဘာ ၃၀ရက်အထိစာရင်းတွေအရ ဖျက်ဆီးခံရတဲ့ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရုံးအရေအတွက် ၃၃ရုံး၊ပြည်ခိုင်ဖြိုး ပါတီဆိုင်းဘုတ်ဖျက်ဆီးခံရမှုက အကြိမ် ၂၀ရှိပြီး ပြည်ခိုင်ဖြိုး ပါတီဝင် ထိခိုက်ဒဏ်ရာရမှုက၂၉၂ဦးအထိ ရှိကာ Social punishmentလုပ်ခံရသူ ၁၂၅ဦး၊ပြည်ခိုင်ဖြိုး ပါတီဝင်နှင့်ပါတီနှင့်ဆက်နွယ်သူတို့၏ နေအိမ်မီးရှို့ဖျက်ဆီးခံရမှု ၁၈၁မှု၊ရွှေ့ပြောင်းနေထိုင်ရသူ ၆၀၅ဦးအပြင် ပြီးခဲ့တဲ့ ၇လအတွင်း သတ်ဖြတ်ခံရမှုကြောင့် သေဆုံးသွားခဲ့ရတဲ့ပြည်ခိုင်ဖြိုး ပါတီဝင်၊မိသားစုဝင်၊ပါတီအားပေးထောက်ခံသူ ၂၅၃ဦးရှိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်တွေအရသိရပါတယ်။

(Zawgyi)

ပါတီဝင္၄၀၀ေက်ာ္ထိန္းသိမ္းခံထားရဆဲဟု NLDဗဟိုျပန္ၾကားေရးေကာ္မတီထုတ္ျပန္

ေဖေဖာ္ဝါရီ ၁ရက္ကစၿပီး ႏိုဝင္ဘာ ၃၀ရက္ေန႔အထိ ထိန္းသိမ္းခံထားရတဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ ေခါင္းေဆာင္ေတြ အပါအဝင္ ပါတီဝင္အေရအတြက္က (၅၇၉) ဦး ရွိၿပီး အဲ့ဒီထဲက ျပန္လည္လြတ္ေျမာက္လာသူ( ၁၂၈)ဦးရွိကာ (၄၃၂) ဦးမွာ ထိန္းသိမ္းခံထားရဆဲျဖစ္တယ္လို႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ဗဟိုျပန္ၾကားေရးေကာ္မတီက ဒီဇင္ဘာ၁ရက္မွာ သတင္းထုတ္ျပန္ပါတယ္။

ဒီအေရအတြက္ဟာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဗဟိုအလုပ္ေကာ္မတီ (CWC) က ေကာက္ယူရရွိတဲ့ စာရင္းေတြျဖစ္ၿပီး ထိန္းသိမ္းခံရသူေတြအနက္က ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ဝင္ ၊ ဗဟိုျပန္ၾကားေရးေကာ္မတီဥကၠ႒ ဦးဉာဏ္ဝင္း(ကိုဗစ္ကူးစက္မႈေၾကာင့္ ကြယ္လြန္) အပါအဝင္ ၁၃ဦး က်ဆုံးကြယ္လြန္ခဲ့ၿပီး က်ဆုံး ကြယ္လြန္မႈေတြဟာ စစ္ေၾကာေရးကာလအတြင္း၊ အက်ဥ္းက်ေနစဥ္ကာလအတြင္း၊ ျပန္လည္လြတ္ေျမာက္ၿပီး မၾကာမီကာလအတြင္း ျဖစ္တယ္လို႔ ဗဟိုျပန္ၾကားေရးကဆိုပါတယ္။

ဦးဉာဏ္ဝင္း၊ ဦးေအးလွ၊ ဦးၫြန႔္ေ႐ႊ၊ ဦးဝင္းႀကိဳင္ တို႔ (၄) ဦးကေတာ့ ေထာင္တြင္းအက်ဥ္းက်ခံေနရစဥ္ကိုဗစ္ကူးစက္ခံရမႈအပါအဝင္ အျခားအေၾကာင္းေတြေၾကာင့္ ကြယ္လြန္ခဲ့ရတာျဖစ္ပါတယ္။

ဒါ့အျပင္ ရန္ကုန္ရွိ အဖြဲ႕ခ်ဳပ္႐ုံးခ်ဳပ္အပါအဝင္ ကယားျပည္နယ္၊ မြန္ျပည္နယ္၊ ကရင္ျပည္နယ္၊ မေကြးတိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ စစ္ကိုင္းတိုင္းေဒသႀကီး၊ မႏၲေလးတိုင္းေဒသႀကီး ၊ ရန္ကုန္တိုင္းေဒသႀကီးတို႔ရွိပါတီ႐ုံးမ်ား ေဖာက္ခြဲျခင္း၊ ဖ်က္ဆီးျခင္း ခံရတဲ့အႀကိမ္အေရအတြက္က (၇၅) ႀကိမ္ ရွိတဲ့အေၾကာင္းပါ ေဖာ္ျပပါတယ္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ႐ုံးအခ်ိဳ႕ ဖ်က္ဆီးခံရမႈေတြ ရွိေနသလို တစ္ဖက္မွာလည္း ႏိုဝင္ဘာ ၃၀ရက္အထိစာရင္းေတြအရ ဖ်က္ဆီးခံရတဲ့ ျပည္ေထာင္စုႀကံ့ခိုင္ဖြံ႕ၿဖိဳးေရးပါတီ႐ုံးအေရအတြက္ ၃၃႐ုံး၊ျပည္ခိုင္ၿဖိဳး ပါတီဆိုင္းဘုတ္ဖ်က္ဆီးခံရမႈက အႀကိမ္ ၂၀ရွိၿပီး ျပည္ခိုင္ၿဖိဳး ပါတီဝင္ ထိခိုက္ဒဏ္ရာရမႈက၂၉၂ဦးအထိ ရွိကာ Social punishmentလုပ္ခံရသူ ၁၂၅ဦး၊ျပည္ခိုင္ၿဖိဳး ပါတီဝင္ႏွင့္ပါတီႏွင့္ဆက္ႏြယ္သူတို႔၏ ေနအိမ္မီးရႈိ႕ဖ်က္ဆီးခံရမႈ ၁၈၁မႈ၊ေ႐ႊ႕ေျပာင္းေနထိုင္ရသူ ၆၀၅ဦးအျပင္ ၿပီးခဲ့တဲ့ ၇လအတြင္း သတ္ျဖတ္ခံရမႈေၾကာင့္ ေသဆုံးသြားခဲ့ရတဲ့ျပည္ခိုင္ၿဖိဳး ပါတီဝင္၊မိသားစုဝင္၊ပါတီအားေပးေထာက္ခံသူ ၂၅၃ဦးရွိခဲ့တယ္လို႔လည္း ထုတ္ျပန္ခ်က္ေတြအရသိရပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here