စက်ရုံမီးရှို ႔ခံရမှုကြောင့် အလုပ်လက်မဲ့ဖြစ်သွားသူတွေကို လူမှုဖူလုံကြေးထောက်ပံ့

0
193

စက်ရုံမီးရှို ႔ခံရမှုကြောင့် အလုပ်လက်မဲ့ဖြစ်သွားသူတွေကို လူမှုဖူလုံကြေးထောက်ပံ့

၂၀၂၁ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့မှ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ရှိမီးကြောင့် လှိင်သာယာရှိ အထည်ချုပ်၊ အိတ်ချုပ်အပါအဝင် ရွှေပြည်သာမှ အထည်ချုပ်စက်ရုံစုစုပေါင်း ၁၃ရုံထက်အနည်း မီးလောင်ခဲ့ရာ အလုပ်လက်မဲ့ဖြစ်သွားသူတိုကို လူမှုဖူလုံရေးအဖွဲ႔ က
လူမှုဖူလုံရေးထောက်ပံ့ငွေ ငွေကျပ်သန်း၈၀၀ကျော် ပေးအပ်ခဲ့သည်ဟု အလုပ်သမားဝန်ကြီးဌာနကပြောသည်။

ထိုကာလအတွင်း ရှိမီးကြောင့် မီးလောင်ဆုံးရှုးခဲ့သည့် စက်ရုံ၊ အလုပ်ရုံသည် (၂၂) ရုံရှိကာ ယင်းစက်ရုံအလုပ်ရုံမှ အလုပ်လက်မဲ့ဖြစ်သွားသူ အလုပ်သမား(၁၄,၄၉၄) ဦးရှိသည်ဟု လူမှုဖူလုံရေးအဖွဲ႔ မှ သိရသည်။

လူမှုဖူလုံရေးထောက်ပံ့ငွေမှာ အလုပ်သမားရရှိသော လုပ်ခလစာ ၏ ၄၀%ကို လူမှုဖူလုံရေးထောက်ပံ့ငွေအဖြစ် ပေးအပ်ခြင်းဖြစ်သည်။

ထောက်ပံ့ခဲ့သော ထောက်ပံ့ငွေမှာ ကျပ်သန်း (၈၂၈.၅၅၁)ဖြစ်ပြီး ခွင့်ပြုထုတ်ပေးခဲ့ပြီးဖြစ်သည်ဟု အလုပ်သမားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်ကပြောသည်။

နစက၏ထုတ်ပြန်ချက်အရ မတ်လတစ်လထဲမှာပင် ရွှေပြည်သာရှိ အထည်ချုပ်စက်ရုံ၅ရုံ၊ကျောပိုးအိတ်ရုံတစ်ရုံ၊လှိင်သာယာ အရှေ့ပိုင်းနှင့် အနောက်ပိုင်းရှိ အထည်ချုပ်စက်ရုံ ၆ရုံ၊အိတ်ချုပ်စက်ရုံ၁ရုံ၊ဖိနပ်အောက်ခံဆိုးလ်ပြားများပြုလုပ်သည့်အသေးစားစက်ရုံ၁ရုံ၊ဓါတ်မြေသြဇာစက်ရုံတစ်ရုံတို ရှိမီးကြောင့် မီးလောင်ပျက်ဆီးခဲ့ရသည်။

Zaw Gyi

စက္႐ုံမီးရွို ႔ခံရမွုေၾကာင့္ အလုပ္လက္မဲ့ျဖစ္သြားသူေတြကို လူမွုဖူလုံေၾကးေထာက္ပံ့

၂၀၂၁ ခုႏွစ္၊ မတ္လ ၁၄ ရက္ေန႔မွ ၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၃၀ ရက္ေန႔အထိ ရွိမီးေၾကာင့္ လွိင္သာယာရွိ အထည္ခ်ဳပ္၊ အိတ္ခ်ဳပ္အပါအဝင္ ေရႊျပည္သာမွ အထည္ခ်ဳပ္စက္႐ုံစုစုေပါင္း ၁၃႐ုံထက္အနည္း မီးေလာင္ခဲ့ရာ အလုပ္လက္မဲ့ျဖစ္သြားသူတိုကို လူမွုဖူလုံေရးအဖြဲ႔ က
လူမွုဖူလုံေရးေထာက္ပံ့ေငြ ေငြက်ပ္သန္း၈၀၀ေက်ာ္ ေပးအပ္ခဲ့သည္ဟု အလုပ္သမားဝန္ႀကီးဌာနကေျပာသည္။

ထိုကာလအတြင္း ရွိမီးေၾကာင့္ မီးေလာင္ဆုံးရွုးခဲ့သည့္ စက္႐ုံ၊ အလုပ္႐ုံသည္ (၂၂) ႐ုံရွိကာ ယင္းစက္႐ုံအလုပ္႐ုံမွ အလုပ္လက္မဲ့ျဖစ္သြားသူ အလုပ္သမား(၁၄,၄၉၄) ဦးရွိသည္ဟု လူမွုဖူလုံေရးအဖြဲ႔ မွ သိရသည္။

လူမွုဖူလုံေရးေထာက္ပံ့ေငြမွာ အလုပ္သမားရရွိေသာ လုပ္ခလစာ ၏ ၄၀%ကို လူမွုဖူလုံေရးေထာက္ပံ့ေငြအျဖစ္ ေပးအပ္ျခင္းျဖစ္သည္။

ေထာက္ပံ့ခဲ့ေသာ ေထာက္ပံ့ေငြမွာ က်ပ္သန္း (၈၂၈.၅၅၁)ျဖစ္ၿပီး ခြင့္ျပဳထုတ္ေပးခဲ့ၿပီးျဖစ္သည္ဟု အလုပ္သမားဝန္ႀကီးဌာနျပည္ေထာင္စုဝန္ႀကီးဦးျမင့္ႀကိဳင္ကေျပာသည္။

နစက၏ထုတ္ျပန္ခ်က္အရ မတ္လတစ္လထဲမွာပင္ ေရႊျပည္သာရွိ အထည္ခ်ဳပ္စက္႐ုံ၅႐ုံ၊ေက်ာပိုးအိတ္႐ုံတစ္႐ုံ၊လွိင္သာယာ အေရွ႕ပိုင္းႏွင့္ အေနာက္ပိုင္းရွိ အထည္ခ်ဳပ္စက္႐ုံ ၆႐ုံ၊အိတ္ခ်ဳပ္စက္႐ုံ၁႐ုံ၊ဖိနပ္ေအာက္ခံဆိုးလ္ျပားမ်ားျပဳလုပ္သည့္အေသးစားစက္႐ုံ၁႐ုံ၊ဓါတ္ေျမၾသဇာစက္႐ုံတစ္႐ုံတို ရွိမီးေၾကာင့္ မီးေလာင္ပ်က္ဆီးခဲ့ရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here