နော်ဝေနိုင်ငံတွင် အိုမီခရွန်မျိုးကွဲ ကူးစက်မှု အနည်းဆုံး၁၃ခုတွေ့ရှိ
0
169
နော်ဝေနိုင်ငံတွင် အိုမီခရွန်မျိုးကွဲ ကူးစက်မှု အနည်းဆုံး၁၃ခုတွေ့ရှိ
နော်ဝေနိုင်ငံ၊မြို့တော်အော်စလိုတွင် ကုမ္ပဏီခရစ်စမတ်ပါတီတက်ရောက်ပြီးနောက် အနည်း ဆုံး လူ ၁၃ဦးခန့် အိုမီခရွန်မျိုးကွဲ ကူးစက်ခံရကြောင်း အတည်ပြုခဲ့ပါတယ်။
ပါတီတက်ရောက်သူ ၅၀ကျော်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် အဲ့ဒီ့ထဲက ၁ယောက်မှာ အိုမီခရွန်မျိုးကွဲ ကူးစက်ခံရတယ်လို့ နော်ဝေကျန်းမာရေးအာ ဏာပိုင်တွေက ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။
သောကြာနေ့မှာတော့ အိုမီခရွန်မျိုးကွဲကူးစက်ခံရသူ နောက်ထပ် ၁၂ ဦးတွေ့ရှိခဲ့တယ်လို့ တာဝန် ရှိသူတွေက ဆိုပါတယ်။
ပါတီကိုတက်ရောက်လာသူတိုင်းဟာ ကာကွယ် ဆေး ၂ကြိမ်အပြည့်ထိုးထားသူများဖြစ်ပြီး ပါတီမတိုင်ခင် ကိုရိုနာဗိုင်းရပ်စ်ရှိ၊မရှိစစ်ဆေးခဲ့ပြီး ပိုးရှိသူမရှိဘူးလို့ Reuters သတင်းဌာနနဲ့ အခြားမီဒီယာတွေက ပြောပါတယ်။
အိုမီခရွန်မျိုးကွဲကူးစက်ခံရသူ ၁၃ဦးမှာ အပျော့စားလက္ခဏာတွေပြနေပြီး အပြင်းဖျားတာမျိုးမရှိဘူးလို့ သိရပါတယ်။
ကျန်းမာရေးအာဏာပိုင်တွေကတော့ ဒီမျိုးကွဲသစ်ဟာ ပါတီကနေဖြစ်ပွါးခဲ့တာလို့ သံသယ ရှိနေပါတယ်။
အခြားတက်ရောက်သူများကို ပိုးကူးစက်မှုခံရခြင်းရှိ၊မရှိ တာဝန်ရှိသူတွေ စစ်ဆေးနေချိန်မှာကူးစက်မှုအရေအတွက်က တိုးလာနိုင်ခြေ ရှိနေပါတယ်။
Source- NHK
Photo credit-Bloomberg
Zaw Gyi
LEAVE A REPLY
Please enter your comment!
Please enter your name here