မုံရွာကားကြီးဝင်းသစ် ၂၀၂၂ ဇန်နဝါရီ ၄ ရက်တွင်ဖွင့်လှစ်မည်

0
208

မုံရွာကားကြီးဝင်းသစ် ၂၀၂၂ ဇန်နဝါရီ ၄ ရက်တွင်ဖွင့်လှစ်မည်

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို နတ်လူထိပ်ပန်ရပ်ကွက်ရှိ မြေဧက ရှစ်ဧက အကျယ်တွင် တည်ဆောက်ထားသည့် မုံရွာ အဆင့်မြ င့်အဝေးပြေး ကားကြီးကွင်း တည်ဆောက်မှုများ ပြီးစီးသွားပြီဖြစ်၍၂၀၂၂ ခုနှစ် ဇန်နဝါရီ ၄ ရက်မှစတင်ကာ ယာဉ်များ ပြေးဆွဲတော့မည် ဖြစ်သည်။

လွန်ခဲ့သော ၂၇နှစ်က အသုံးပြုခဲ့သော မုံရွာတောင်ရပ်ကွက်ရှိ ယာဉ်ရပ်နားစခန်းမှာ ယာဉ်အစီးရေများပြားလာပြီးယာဉ်ရပ်နားရန် အခက်အခဲရှိလာသည့် အတွက် ယခုစခန်းအသစ်နှင့် အစားထိုးလိုက်ခြင်းဖြစ်သည်။

ယခုဖွင့်လှစ်မည့် စခန်းအသစ်ကို ၂၀၁၈ခုနှစ်က စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကာ ကားဂိတ်အခန်း ၃၀၊ စားသောက်ဆိုင်ခန်း ၁၆ ခန်း၊ အများသုံးသန့်စင်ခန်း၊ ယာဉ် ရပ်နားရန်နေရာနှင့် အဆင့်မြင့်ကားဝပ်ရှော့များ ပါဝင်သည်။

Zaw Gyi






LEAVE A REPLY

Please enter your comment!
Please enter your name here