သူငယ်ချင်း မင်္ဂလာဆောင်လာတဲ့ ဒဂုံအရှေ့ ၁၃၃ ရပ်ကွက် ရာအိမ်မှူးလင်မယား သေနတ်နဲ့ပစ်ခံရ အမျိုးသမီးသေဆုံး

0
179

သူငယ်ချင်းမင်္ဂလာဆောင်လာတဲ့ ဒဂုံအရှေ့ ၁၃၃ ရပ်ကွက်ရာအိမ်မှူးလင်မယား သေနတ်နဲ့ပစ်ခံရ အမျိုးသမီးသေဆုံး

ရန်ကုန်တိုင်း၊ဒဂုံအရှေ့၊ ၁၃၃ ရပ်ကွက်က ရာအိမ်မှူး သန့်ဇင်နဲ့ဇနီးဖြစ်တဲ့ ဇင်ဇင်သိုက်တိုဟာ ဒီနေ့မွန်းလွဲ ၂ နာရီကျော်လောက်က ဒဂုံတောင်ကို ဆိုင်ကယ်နဲ့သွားတုန်းလမ်းမှာ သေနတ်နဲ့ပစ်ခံရတာကြောင့် အမျိုးသမီးဖြစ်သူသေဆုံးခဲ့တယ်လို အခင်းဖြစ်နေရာအနီးနေသူတွေဆီက သိရပါတယ်။

“ဒဂုံတောင် ၁၇ ရပ်ကွက်နားက ကျန်စစ်သားလမ်းနဲ့ရတနာပုံလမ်းထောင့်မှာဖြစ်သွားတာပါ သူတိုလင်မယားက ဒဂုံတောင်က သူငယ်ချင်းမင်္ဂလာ ဆောင်ကိုသွားဖို ဆိုင်ကယ်နဲ့မောင်းလာတုန်း ဆိုင်ကယ်စီးလာတဲ့လူနှစ်ယောက်က နောက်ကနေလိုက်ယှဥ်မောင်းရင်း သေနတ်နဲ့ပစ်သွားတာ”လို ၁၇ ရပ်ကွက်နေသူတစ်ယောက်ကပြောပါတယ်။

သေနတ်ပစ်ခံရတာကြောင့် ရာအိမ်မှူးရဲ့ဇနီးဖြစ်သူ ဇင်ဇင်သိုက်ရဲ့ ရင်အုံဘယ်ဖက်ကို ကျည်ဖောက်ဝင်ဒဏ်ရာရပြီး အခင်းဖြစ်နေရာမှာပဲသေ ဆုံးခဲ့ပါတယ်။

ရာအိမ်မှူးသန့်ဇင်ကတော့ ဘယ်ဖက်လက်ဖျံမှာ ကျည်ထိမှန်ဒဏ်ရာရခဲ့တာကြောင့် ဆေးရုံကိုပို ဆောင်ပြီးဆေးကုသမှုခံယူနေရပါတယ်။

အခင်းဖြစ်နေရာကို လုံခြုံရေးအဖွဲတွေရောက်လာပြီး ဆိုင်ကယ်တွေကို အဓိကထားစစ်ဆေးမှုတွေလုပ်ခဲ့ကြသလို ရပ်ကွက်အတွင်းတွေကိုလည်း ဝင်ရောက်စစ်ဆေးလျက်ရှိပါတယ်။

Zaw Gyi

သူငယ္ခ်င္းမဂၤလာေဆာင္လာတဲ့ ဒဂုံအေရွ႕ ၁၃၃ ရပ္ကြက္ရာအိမ္မွူးလင္မယား ေသနတ္နဲ႔ပစ္ခံရ အမ်ိဳးသမီးေသဆုံး

ရန္ကုန္တိုင္း၊ဒဂုံအေရွ႕၊ ၁၃၃ ရပ္ကြက္က ရာအိမ္မွူး သန္႔ဇင္နဲ႔ဇနီးျဖစ္တဲ့ ဇင္ဇင္သိုက္တိုဟာ ဒီေန႔မြန္းလြဲ ၂ နာရီေက်ာ္ေလာက္က ဒဂုံေတာင္ကို ဆိုင္ကယ္နဲ႔သြားတုန္းလမ္းမွာ ေသနတ္နဲ႔ပစ္ခံရတာေၾကာင့္ အမ်ိဳးသမီးျဖစ္သူေသဆုံးခဲ့တယ္လို အခင္းျဖစ္ေနရာအနီးေနသူေတြဆီက သိရပါတယ္။

“ဒဂုံေတာင္ ၁၇ ရပ္ကြက္နားက က်န္စစ္သားလမ္းနဲ႔ရတနာပုံလမ္းေထာင့္မွာျဖစ္သြားတာပါ သူတိုလင္မယားက ဒဂုံေတာင္က သူငယ္ခ်င္းမဂၤလာ ေဆာင္ကိုသြားဖို ဆိုင္ကယ္နဲ႔ေမာင္းလာတုန္း ဆိုင္ကယ္စီးလာတဲ့လူႏွစ္ေယာက္က ေနာက္ကေနလိုက္ယွဥ္ေမာင္းရင္း ေသနတ္နဲ႔ပစ္သြားတာ”လို ၁၇ ရပ္ကြက္ေနသူတစ္ေယာက္ကေျပာပါတယ္။

ေသနတ္ပစ္ခံရတာေၾကာင့္ ရာအိမ္မွူးရဲ့ဇနီးျဖစ္သူ ဇင္ဇင္သိုက္ရဲ့ ရင္အုံဘယ္ဖက္ကို က်ည္ေဖာက္ဝင္ဒဏ္ရာရၿပီး အခင္းျဖစ္ေနရာမွာပဲေသ ဆုံးခဲ့ပါတယ္။

ရာအိမ္မွူးသန္႔ဇင္ကေတာ့ ဘယ္ဖက္လက္ဖ်ံမွာ က်ည္ထိမွန္ဒဏ္ရာရခဲ့တာေၾကာင့္ ေဆး႐ုံကိုပို ေဆာင္ၿပီးေဆးကုသမွုခံယူေနရပါတယ္။

အခင္းျဖစ္ေနရာကို လုံျခဳံေရးအဖြဲေတြေရာက္လာၿပီး ဆိုင္ကယ္ေတြကို အဓိကထားစစ္ေဆးမွုေတြလုပ္ခဲ့ၾကသလို ရပ္ကြက္အတြင္းေတြကိုလည္း ဝင္ေရာက္စစ္ေဆးလ်က္ရွိပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here