၁၀၃ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟစာလျှောက်မေးပွဲအခမ်းအနားကျင်းပ

0
91

၁၀၃ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟစာလျှောက်မေးပွဲအခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ကြီးမှူးကျင်းပသော ၁၀၃ကြိမ်မြောက်စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟစာလျှောက်မေးပွဲအခမ်းအနားကိုသာသနာတော်နှစ် ၂၅၆၅နှစ် ကောဇာသက္ကရာဇ် ၁၃၈၃ခု၊ နတ်တော်လဆန်း ၁ ရက်၊ ခရစ်နှစ် ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်(စနေနေ့)နံနက်၉ နာရီကစပြီး ဒီဇင်ဘာလ ၈ရက်နေ့အထိ ရွှေတိဂုံစေတီတော်ရင်ပြင်မြောက်ဘက်ချမ်းသာကြီးတန်ဆောင်းတွင် ကိုဗစ်စည်းကမ်းနှင့်အညီ ကျင်းပပြုလုပ်နေပြီဖြစ်သည်။

နှစ်စဉ်နှစ်တိုင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲ အခမ်းအနားကျင်းပရာတွင် ၁၀၂ကြိမ်မြောက်စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟစာလျှောက်မေးပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ်နိုဝင်ဘာ ၂၃ရက်နေ့က ကျင်းပခဲ့ပြီးနောက် ၂၀၂၀မတ်လကစပြီး ကိုဗစ်ကပ်ရောဂါဆိုး မြန်မာနိုင်ငံသို့ဝင်ရောက်လာခဲ့၍ ကိုဗစ်ကြောင့် ၂၀၂၀ခုနှစ်တွင် စာမေးပွဲခေတ္တရပ်ဆိုင်းခဲ့ရသည်။


စေတိယင်္ဂဏ စာလျှောက်မေးပွဲကို မြန်မာသက္ကရာဇ် ၁၃၄၅ ခုနှစ် (၆၇)ကြိမ်မြောက်ကာလမှစ၍ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့မှ တာဝန်ယူကျင်းပခဲ့ရာ ယခု (၁၀၃)ကြိမ်မြောက်အထိ ရှိပြီဖြစ်သည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here