LA ဖျော်ဖြေပွဲမှာ ဝင်ငွေ ဒေါ်လာ ၃၃သန်းကျော်ရရှိခဲ့တဲ့ BTS
0
200
LA ဖျော်ဖြေပွဲမှာ ဝင်ငွေ ဒေါ်လာ ၃၃သန်းကျော်ရရှိခဲ့တဲ့ BTS
BTS ဟာ အဖွဲ့ရဲ့သမိုင်းမှာ ကြီးမားတဲ့မှတ်တိုင် တစ်ခုကို စိုက်ထူနိုင်ခဲ့ပါပြီ။
အမေရိကနိBillboard ရဲ့ဒီဇင်ဘာ ၃ရက်နေ့နောက်ဆုံးထုတ်ပြန်ချက်အရ BTSအဖွဲ့ဟာ LAဖျော်ဖြေပွဲမှာ ခန့်မှန်းခြေအားဖြင့် ဒေါ်လာ ၃၃.၃ သန်းရရှိခဲ့ပြီး ဖျောဖြေခဲ့တဲ့ ၄ရက်တာကာလတွင်း လက်မှတ်ပေါင်း ၂၁၄၀၀၀ ရောင်းချခဲ့ရတယ်လို့ ဆိုပါတယ်။
၃နှစ်နီးပါးအတွင်း အဖွဲ့ရဲ့ မျှော်လင့်ချက်တွေအများကြီးထားခဲ့တဲ့ ဖျော်ဖြေပွဲလည်းဖြစ်ပါတယ်။
BTS ဟာ အမေရိကမှာ အင်္ဂလူမျိုးမဟုတ်ပဲ ဒေါ်လာသန်း၂၀ကျော်ဝင်ငွေရခဲ့တဲ့ ပထမဆုံးအနုပညာရှင်တွေလည်းဖြစ်ပါတယ်။ဒါ့အပြင်ဒီဖျော်ဖြေပွဲဟာ ၁၈နှစ်အတွင်း အမေရိကန် billboard boxscore အမြင့်ဆုံးရခဲ့တဲ့ ပွဲလည်းဖြစ်ပါတယ်။
BTS ရဲ့ Permission To Dance On Stage-LAဖျော်ဖြေပွဲဟာ Sofi အားကစားကွင်း ပြန်လည် ဖွင့်လှစ်ပြီးနောက် ဝင်ငွေအများဆုံးရခဲ့တဲ့ဖျော်
ဖြေပွဲဖြစ်ပြီး မြောက်အမေရိကရဲ့ နှစ် ၃၀အတွင်း billboard boxscore ဒုတိယအများဆုံးရခဲ့တဲ့ ဖျော်ဖြေပွဲလည်းဖြစ်ပါတယ်။
Zaw Gyi
LEAVE A REPLY
Please enter your comment!
Please enter your name here