နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ်(ရန်ကုန်၊ မန္တလေး) များပြန်လည်ဖွင့်လှစ်မည်

0
346

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်၊ မန္တလေး)များပြန်လည်ဖွင့်လှစ်မည်

ကိုဗစ်ကြောင့် ယာယီပိတ်ထားရသည့် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်၊ မန္တလေး)ကို လာမည့် ၁၃၈၃ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက်၊ ဒီဇင်ဘာ ၂၂ ရက်တွင် ပြန်လည် ဖွင့်လှစ်မည်ဟု သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ သတင်းရရှိသည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန(သာသနာရေး)ပြောရေးဆိုခွင့်ရဦးအောင်ဆန်းဝင်းက “ကိုဗစ်ဒုတိယလှိင်းထဲက ပိတ်ထားတာပေါ့။အခုပြန်ဖွင့်တာ။၁၃၈၃-၈၄ ခု ပညာသင်နှစ် ပထမနှစ်ဝက်သင်တန်းတွေ ဖွင့်လှစ်တာဖြစ်ပါတယ်”ဟု ပြောသည်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်၊ မန္တလေး) တိုက ၁၃၈၃-၈၄ ခု၊ ပညာသင်နှစ်ကျောင်းဖွင့်ရက်ကို ဒီဇင်ဘာ ၂၂ ရက်ဟု သတ်မှတ်ပြီးနောက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေးဆိုင်ရာလမ်းညွှန်ချက်များနှင့် အညီ ဖွင့်လှစ်မည်ဟု သိရသည်။

သင်တန်းသားရဟန်းတော်များ အဆောင် ပြန်ဝင်ရက်ကို ၁၃၈၃-ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၊ ၂၊ ၃ ရက်၊ ဒီဇင်ဘာ ၁၉၊၂၀၊၂၁ ရက်ဟု သတ်မှတ်ထားပါကြောင်း သာသနာ တော် ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ သိရသည်။

Zaw gyi

နိုင္ငံေတာ္ပရိယတၱိသာသနာ့တကၠသိုလ္(ရန္ကုန္၊ မႏၲေလး)မ်ားျပန္လည္ဖြင့္လွစ္မည္

ကိုဗစ္ေၾကာင့္ ယာယီပိတ္ထားရသည့္ နိုင္ငံေတာ္ပရိယတၱိသာသနာ့တကၠသိုလ္(ရန္ကုန္၊ မႏၲေလး)ကို လာမည့္ ၁၃၈၃ ခုႏွစ္၊ နတ္ေတာ္လျပည့္ေက်ာ္ ၄ ရက္၊ ဒီဇင္ဘာ ၂၂ ရက္တြင္ ျပန္လည္ ဖြင့္လွစ္မည္ဟု သာသနာေတာ္ထြန္းကားျပန႔္ပြားေရးဦးစီးဌာနမွ သတင္းရရွိသည္။

သာသနာေရးႏွင့္ယဥ္ေက်းမွုဝန္ႀကီးဌာန(သာသနာေရး)ေျပာေရးဆိုခြင့္ရဦးေအာင္ဆန္းဝင္းက “ကိုဗစ္ဒုတိယလွိင္းထဲက ပိတ္ထားတာေပါ့။အခုျပန္ဖြင့္တာ။၁၃၈၃-၈၄ ခု ပညာသင္ႏွစ္ ပထမႏွစ္ဝက္သင္တန္းေတြ ဖြင့္လွစ္တာျဖစ္ပါတယ္”ဟု ေျပာသည္။

နိုင္ငံေတာ္သံဃမဟာနာယကအဖြဲ၊ နိုင္ငံေတာ္ပရိယတၱိသာသနာ့တကၠသိုလ္(ရန္ကုန္၊ မႏၲေလး) တိုက ၁၃၈၃-၈၄ ခု၊ ပညာသင္ႏွစ္ေက်ာင္းဖြင့္ရက္ကို ဒီဇင္ဘာ ၂၂ ရက္ဟု သတ္မွတ္ၿပီးေနာက္ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားေသာ ကိုဗစ္-၁၉ ေရာဂါကာကြယ္တားဆီးေရးဆိုင္ရာလမ္းညႊန္ခ်က္မ်ားႏွင့္ အညီ ဖြင့္လွစ္မည္ဟု သိရသည္။

သင္တန္းသားရဟန္းေတာ္မ်ား အေဆာင္ ျပန္ဝင္ရက္ကို ၁၃၈၃-ခုႏွစ္၊ နတ္ေတာ္လျပည့္ေက်ာ္ ၁၊ ၂၊ ၃ ရက္၊ ဒီဇင္ဘာ ၁၉၊၂၀၊၂၁ ရက္ဟု သတ္မွတ္ထားပါေၾကာင္း သာသနာ ေတာ္ ထြန္းကားျပန႔္ပြားေရးဦးစီးဌာနမွ သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here