နေပြည်တော်မှာ ခေတ်မီစံပြကျေးရွာတွေ အကောင်အထည်ဖော်မယ်

0
85

နေပြည်တော်မှာ ခေတ်မီစံပြကျေးရွာတွေ အကောင်အထည်ဖော်မယ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ခေတ်မီစံပြကျေးရွာတွေအဖြစ် ပျဉ်းမနားမြို့နယ် ကျွန်းဦးကျေးရွာ၊ လယ်ဝေးမြို့နယ် သော်မော်ကုန်းကျေးရွာ နဲ့ တပ်ကုန်းမြို့နယ် ဂွေးပင်ကျေးရွာတို့ကို အကောင်အထည်ဖော်ဆောင်ရွက်သွားဖို့ရှိနေတယ်လို့ နေပြည်တော်ကောင်စီကနေသိရပါတယ်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ခေတ်မီစံပြကျေးရွာများ အကောင်အထည်ဖော်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမမှာ ဒီဇင်ဘာ ၃ရက်နေ့က ကျင်းပခဲ့တာမှာ အကောင်အထည်ဖော်မယ့်ကျေးရွာတွေကို ပြောဆိုခဲ့တာပါ။

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း ဦးဆောင်ကျင်းပတဲ့ အဲ့ဒီအစည်းအဝေးမှာ ဦးဇေယျာလင်းက နေပြည်တော်အတွင်း ခေတ်မီစံပြကျေးရွာများ အကောင်အထည်ဖော်နိုင်ရေးနဲ့ ပတ်သတ်လို့ မြို့ပြနဲ့ ကျေးလက်ဖွံ့ဖြိုးမှုကွာဟချက်တွေ ကျဉ်းမြောင်းစေဖို့နဲ့ လူနေမှုအဆင့်အတန်းမြင့်မားပြီး စီးပွားရေးခိုင်မာအားကောင်းကာ အစိမ်းရောင် ဖွံ့ဖြိုးမှုဖြစ်စဉ်ကို အားပေးတဲ့ ခေတ်မီစံပြကျေးရွာတွေ ထူထောင်နိုင်ဖို့ ရည်မှန်းချက်နဲ့ ဆောင်ရွက် ရမှာဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

နောက်ပြီး ကျေးရွာအခြေခံအဆောက်အအုံတွေ ဖွံ့ဖြိုးစေခြင်းဖြင့် ကျေးလက်နေပြည်သူများရဲ့ လူနေမှု အဆင့်အတန်း မြင့်မားလာစေဖို့၊ သွင်းအားစု၊ငွေကြေးဝန်ဆောင်မှုနဲ့ နည်းပညာများပံ့ပိုးပေးခြင်းဖြင့် ကျေးလက်စီးပွားရေး မြင့်မားလာစေဖို့၊ သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေရှိတဲ့ နေချင့်စဖွယ် စံပြကျေးရွာများ ဖြစ်ပေါ်လာစေဖို့၊ ကျေးရွာသူ/ သားတွေနဲ့ ကျေးရွာအသင်းအဖွဲ့တွေ စွမ်းဆောင်ရည်မြင့်မား လာစေခြင်းဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုကိုဖော်ဆောင်ဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်ရမယ်လို့ပါ ပြောဆိုသွားခဲ့ပါတယ်။

ေနျပည္ေတာ္မွာ ေခတ္မီစံျပေက်းရြာေတြ အေကာင္အထည္ေဖာ္မယ္

ျပည္ေထာင္စုနယ္ေျမ၊ ေနျပည္ေတာ္အတြင္း ေခတ္မီစံျပေက်းရြာေတြအျဖစ္ ပ်ဥ္းမနားၿမိဳ႕နယ္ ကၽြန္းဦးေက်းရြာ၊ လယ္ေဝးၿမိဳ႕နယ္ ေသာ္ေမာ္ကုန္းေက်းရြာ နဲ႔ တပ္ကုန္းၿမိဳ႕နယ္ ေဂြးပင္ေက်းရြာတို႔ကို အေကာင္အထည္ေဖာ္ေဆာင္ရြက္သြားဖို႔ရွိေနတယ္လို႔ ေနျပည္ေတာ္ေကာင္စီကေနသိရပါတယ္။

ျပည္ေထာင္စုနယ္ေျမ၊ ေနျပည္ေတာ္အတြင္း ေခတ္မီစံျပေက်းရြာမ်ား အေကာင္အထည္ေဖာ္နိုင္ေရးအတြက္ လုပ္ငန္းညႇိႏွိုင္းအစည္းအေဝးကို ေနျပည္ေတာ္ေကာင္စီ႐ုံး အစည္းအေဝးခန္းမမွာ ဒီဇင္ဘာ ၃ရက္ေန႔က က်င္းပခဲ့တာမွာ အေကာင္အထည္ေဖာ္မယ့္ေက်းရြာေတြကို ေျပာဆိုခဲ့တာပါ။

ေနျပည္ေတာ္ေကာင္စီအဖြဲ႕ဝင္ ဦးေဇယ်ာလင္း ဦးေဆာင္က်င္းပတဲ့ အဲ့ဒီအစည္းအေဝးမွာ ဦးေဇယ်ာလင္းက ေနျပည္ေတာ္အတြင္း ေခတ္မီစံျပေက်းရြာမ်ား အေကာင္အထည္ေဖာ္နိုင္ေရးနဲ႔ ပတ္သတ္လို႔ ၿမိဳ႕ျပနဲ႔ ေက်းလက္ဖြံ့ၿဖိဳးမွုကြာဟခ်က္ေတြ က်ဥ္းေျမာင္းေစဖို႔နဲ႔ လူေနမွုအဆင့္အတန္းျမင့္မားၿပီး စီးပြားေရးခိုင္မာအားေကာင္းကာ အစိမ္းေရာင္ ဖြံ့ၿဖိဳးမွုျဖစ္စဥ္ကို အားေပးတဲ့ ေခတ္မီစံျပေက်းရြာေတြ ထူေထာင္နိုင္ဖို႔ ရည္မွန္းခ်က္နဲ႔ ေဆာင္ရြက္ ရမွာျဖစ္တယ္လို႔ ေျပာဆိုသြားခဲ့ပါတယ္။

ေနာက္ၿပီး ေက်းရြာအေျခခံအေဆာက္အအုံေတြ ဖြံ့ၿဖိဳးေစျခင္းျဖင့္ ေက်းလက္ေနျပည္သူမ်ားရဲ့ လူေနမွု အဆင့္အတန္း ျမင့္မားလာေစဖို႔၊ သြင္းအားစု၊ေငြေၾကးဝန္ေဆာင္မွုနဲ႔ နည္းပညာမ်ားပံ့ပိုးေပးျခင္းျဖင့္ ေက်းလက္စီးပြားေရး ျမင့္မားလာေစဖို႔၊ သဘာဝပတ္ဝန္းက်င္နဲ႔ လိုက္ေလ်ာညီေထြရွိတဲ့ ေနခ်င့္စဖြယ္ စံျပေက်းရြာမ်ား ျဖစ္ေပၚလာေစဖို႔၊ ေက်းရြာသူ/ သားေတြနဲ႔ ေက်းရြာအသင္းအဖြဲ႕ေတြ စြမ္းေဆာင္ရည္ျမင့္မား လာေစျခင္းျဖင့္ စဥ္ဆက္မျပတ္ ဖြံ့ၿဖိဳးမွုကိုေဖာ္ေဆာင္ဖို႔ စတဲ့ ရည္ရြယ္ခ်က္ေတြနဲ႔ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ရမယ္လို႔ပါ ေျပာဆိုသြားခဲ့ပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here