ကန်ပက်လက်မြို့က အထက(၁)ကျောင်း လက် နက်ငယ်တွေနဲ့ပစ်ခတ်ခံရ ၃ နာရီခန့် အပြန်အ လှန်ပစ်ခတ်မှုတွေရှိ

0
133

ကန်ပက်လက်မြို့က အထက(၁)ကျောင်း လက် နက်ငယ်တွေနဲ့ပစ်ခတ်ခံရ ၃ နာရီခန့် အပြန်အ လှန်ပစ်ခတ်မှုတွေရှိ

ချင်းပြည်နယ်၊ကန်ပက်လက်မြို့က အထက(၁) ကျောင်းမှာ ကျောင်းလုံခြုံရေးအတွက်တာဝန်ကျနေတဲ့ လုံခြုံရေးအဖွဲ့ဝင်တွေကို ဒီဇင်ဘာ ၃ ရက်မနက် ၁၁ နာရီခွဲလောက်မှာ CDF အဖွဲ့အင် အား ၅၀ ခန့်လောက်က လက်နက်ငယ်တွေနဲ့ပစ် ခတ်ခဲ့တာကြောင့် လုံခြုံရေးအဖွဲ့တွေကပြန်ပြီးခုခံပစ်ခတ်ခဲ့ရတယ်လို့ နစက ကထုတ်ပြန်ခဲ့ပါတယ်။

ကျောင်းရဲ့တောင်ဖက် ဘောလုံးကွင်းနား၊ကျောင်း မြောက်ဖက်ကနေအိမ်အတွင်းတွေထဲကနေ ပစ်ခတ်ခဲ့ကြတာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

“အဲဒီကျောင်းမှာ စစ်တပ်ကလုံခြုံရေးယူထားတာရှိတယ် ပထမ တစ်ဖက်ကပစ်တဲ့သေနတ်သံတွေစကြားရပြီး သိပ်မကြာဘူး အပြန်အလှန်ပစ်တဲ့အ သံတွေကြားရတာပဲ အပြင်မထွက်ရဲဘူး အိမ်ထဲကလုံခြုံတဲ့နေရာမှာပဲပုန်းနေရတယ် ဒဏ်ရာရတာတော့ မရှိဘူး”လို့ဒေသခံတစ်ယောက်ကပြောပါတယ်။

လုံခြုံရေးအဖွဲ့တွေနဲ့ CDF အဖွဲ့ နှစ်ဖက်အပြန်အ လှန်ပစ်ခတ်မှုဟာ ၃ နာရီခန့်လောက်ကြာခဲ့ပြီး မွန်းလွဲ ၂ နာရီ ၂၀ မိနစ်လောက်မှာ CDF အဖွဲ့တွေ ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ နစက ကထုတ်ပြန်ခဲ့ပါတယ်။ပစ်ခတ်မှုဖြစ်စဥ်မှာ စာသင် ကျောင်းဆောင်ရဲ့ ပြတင်းတံခါးမှန်တွေပျက်စီးခဲ့ပါတယ်။

အလားတူပဲ ဒီဇင်ဘာ ၂ ရက်မနက် ၄ နာရီလောက်မှာ ကန်ပက်လက်မြို့နယ်ထဲက နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးတိုးတက်ရေးသင်တန်းကျောင်းရဲ့ သွပ်မိုး၊အုတ်ကာ ရုံးအဆောက်အဦး မီးရှို့ဖျက်ဆီးခံရတာကြောင့်ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

ဖြစ်စဥ်တွေကို လုံခြုံရေးအဖွဲ့တွေက နယ်မြေခံစစ်ကြောင်းတွေနဲ့ပူးပေါင်းပြီး လုံခြုံရေးလုပ်ငန်းစဥ်တွေနဲ့အညီ ဆက်လက်ဆောင်ရွက်နေတယ်လို့ နစက ကထုတ်ပြန်ခဲ့ပါတယ်။

Zaw Gyi

ကန္ပက္လက္ၿမိဳ႕က အထက(၁)ေက်ာင္း လက္ နက္ငယ္ေတြနဲ႔ပစ္ခတ္ခံရ ၃ နာရီခန္႔ အျပန္အ လွန္ပစ္ခတ္မွုေတြရွိ

ခ်င္းျပည္နယ္၊ကန္ပက္လက္ၿမိဳ႕က အထက(၁) ေက်ာင္းမွာ ေက်ာင္းလုံျခဳံေရးအတြက္တာဝန္က်ေနတဲ့ လုံျခဳံေရးအဖြဲ႕ဝင္ေတြကို ဒီဇင္ဘာ ၃ ရက္မနက္ ၁၁ နာရီခြဲေလာက္မွာ CDF အဖြဲ႕အင္ အား ၅၀ ခန္႔ေလာက္က လက္နက္ငယ္ေတြနဲ႔ပစ္ ခတ္ခဲ့တာေၾကာင့္ လုံျခဳံေရးအဖြဲ႕ေတြကျပန္ၿပီးခုခံပစ္ခတ္ခဲ့ရတယ္လို႔ နစက ကထုတ္ျပန္ခဲ့ပါတယ္။

ေက်ာင္းရဲ့ေတာင္ဖက္ ေဘာလုံးကြင္းနား၊ေက်ာင္း ေျမာက္ဖက္ကေနအိမ္အတြင္းေတြထဲကေန ပစ္ခတ္ခဲ့ၾကတာျဖစ္တယ္လို႔ ထုတ္ျပန္ထားပါတယ္။

“အဲဒီေက်ာင္းမွာ စစ္တပ္ကလုံျခဳံေရးယူထားတာရွိတယ္ ပထမ တစ္ဖက္ကပစ္တဲ့ေသနတ္သံေတြစၾကားရၿပီး သိပ္မၾကာဘူး အျပန္အလွန္ပစ္တဲ့အ သံေတြၾကားရတာပဲ အျပင္မထြက္ရဲဘူး အိမ္ထဲကလုံျခဳံတဲ့ေနရာမွာပဲပုန္းေနရတယ္ ဒဏ္ရာရတာေတာ့ မရွိဘူး”လို႔ေဒသခံတစ္ေယာက္ကေျပာပါတယ္။

လုံျခဳံေရးအဖြဲ႕ေတြနဲ႔ CDF အဖြဲ႕ ႏွစ္ဖက္အျပန္အ လွန္ပစ္ခတ္မွုဟာ ၃ နာရီခန္႔ေလာက္ၾကာခဲ့ၿပီး မြန္းလြဲ ၂ နာရီ ၂၀ မိနစ္ေလာက္မွာ CDF အဖြဲ႕ေတြ ျပန္လည္ဆုတ္ခြာသြားခဲ့တယ္လို႔ နစက ကထုတ္ျပန္ခဲ့ပါတယ္။ပစ္ခတ္မွုျဖစ္စဥ္မွာ စာသင္ ေက်ာင္းေဆာင္ရဲ့ ျပတင္းတံခါးမွန္ေတြပ်က္စီးခဲ့ပါတယ္။

အလားတူပဲ ဒီဇင္ဘာ ၂ ရက္မနက္ ၄ နာရီေလာက္မွာ ကန္ပက္လက္ၿမိဳ႕နယ္ထဲက နယ္စပ္ေဒသတိုင္းရင္းသားလူငယ္မ်ားဖြံ့ၿဖိဳးတိုးတက္ေရးသင္တန္းေက်ာင္းရဲ့ သြပ္မိုး၊အုတ္ကာ ႐ုံးအေဆာက္အဦး မီးရွို႔ဖ်က္ဆီးခံရတာေၾကာင့္ပ်က္စီးဆုံးရွုံးခဲ့ပါတယ္။

ျဖစ္စဥ္ေတြကို လုံျခဳံေရးအဖြဲ႕ေတြက နယ္ေျမခံစစ္ေၾကာင္းေတြနဲ႔ပူးေပါင္းၿပီး လုံျခဳံေရးလုပ္ငန္းစဥ္ေတြနဲ႔အညီ ဆက္လက္ေဆာင္ရြက္ေနတယ္လို႔ နစက ကထုတ္ျပန္ခဲ့ပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here