ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကိုအခြေခံတဲ့ ပြည် ထောင်စုကိုတည်ဆောက်ရာမှာ ဘာသာပေါင်းစုံအဖွဲ့ရဲ့ ကူညီဆောင်ရွက်မှုတွေလိုအပ်တယ်လို့ နစကဥက္ကဌ ​ပြောကြား

0
189

(Unicode)

ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကိုအခြေခံတဲ့ ပြည် ထောင်စုကိုတည်ဆောက်ရာမှာ ဘာသာပေါင်းစုံအဖွဲ့ရဲ့ ကူညီဆောင်ရွက်မှုတွေလိုအပ်တယ်လို့ နစကဥက္ကဌ ​ပြောကြား

နိုင်ငံ့အရေးကိစ္စတွေဆောင်ရွက်ရာမှာ အားလုံးပါဝ င်တဲ့စုပေါင်းအားနဲ့‌ဆောင်ရွက်ရမှာဖြစ်ပါတယ်။ဒီမိုကရေစီစနစ်မှာ နိုင်ငံရေးအရအချင်း ချင်း သဘောထားကွဲလွဲမှုတွေရှိနိုင်ပေမဲ့လည်း အများစုရဲ့ဆန္ဒသဘောထားကို လက်ခံဆောင် ရွက်ဖို့လိုပြီး အနည်းစုရဲ့ဆန္ဒသဘောထားကိုလည်း ထည့်သွင်းစဥ်းစားပြီး ဆောင်ရွက်ဖို့လိုတယ်လို့ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေး အဖွဲ့(ဗဟို)နဲ့တွေ့ဆုံစဥ်မှာ နစက ဥက္ကဋ္ဌကပြောဆိုပါတယ်။

နိုင်ငံတော်ရဲ့ နိုင်ငံရေးလျှောက်လမ်းမှုမှာ အဆင် ပြေချောမွေ့စေဖို့အတွက် မိမိတို့ကဝိုင်းဝန်းဆောင် ရွက်နေခြင်းဖြစ်ပါတယ်။အဲ့လိုဆောင်ရွက်ချိန်မှာ အားလုံးကပူးပေါင်းပြီးဆောင်ရွက်မယ်ဆိုရင် အကောင်းဆုံးအခြေအနေဖြစ်ပေါ်လာမှာပါ။

မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာအများဆုံးကိုးကွယ်ကြပေမဲ့လည်း ဟိန္ဒူ ၊ အစ္စလာမ် ၊ ခရစ်ယာန်နဲ့အခြားဘာသာဝင်တွေဟာ ယခင်ထဲကအတူတကွစုစည်းနေထိုင်ခဲ့ကြပါတယ်။

မိမိအနေနဲ့ဘာသာရေးနဲ့ပတ်သက်ပြီး အစွန်းမရောက်အောင် အမြဲတိုက်တွန်းပြောကြားနေပါတယ်။နိုင်ငံအတွင်းမှာ အတူတကွနေထိုင်ခဲ့ကြသူတွေဖြစ်တာကြောင့် နိုင်ငံအတွက်တူညီတဲ့စိတ်နဲ့ အတူတကွဆောင်ရွက်ကြဖို့လိုပါတယ်လို့ နစက ဥက္ကဋ္ဌကပြောပါတယ်။

နိုင်ငံတော်အနေနဲ့စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကိုအခြေခံတဲ့ ပြည်ထောင်စုကိုလျှောက်လှမ်းနေခြင်းဖြစ်ပြီး ပြည်သူတွေရွေးချယ်ထားတဲ့လမ်း‌ကြောင်းဖြစ်တာကြောင့် လုံးဝသွေဖယ်သွားမှာမဟုတ်ပါဘူးလို့ နစက ဥက္ကဋ္ဌက ဘာသာရေးခေါင်းဆောင်တွေနဲ့တွေ့ဆုံစဥ်မှာပြောဆိုခဲ့ပါတယ်။

(Zawgyi)

ဒီမိုကေရစီနဲ႔ ဖက္ဒရယ္ကိုအေျခခံတဲ့ ျပည္ ေထာင္စုကိုတည္ေဆာက္ရာမွာ ဘာသာေပါင္းစုံအဖြဲ႕ရဲ႕ ကူညီေဆာင္႐ြက္မႈေတြလိုအပ္တယ္လို႔ နစကဥကၠဌ ​ေျပာၾကား

ႏိုင္ငံ့အေရးကိစၥေတြေဆာင္႐ြက္ရာမွာ အားလုံးပါဝ င္တဲ့စုေပါင္းအားနဲ႔‌ေဆာင္႐ြက္ရမွာျဖစ္ပါတယ္။ဒီမိုကေရစီစနစ္မွာ ႏိုင္ငံေရးအရအခ်င္း ခ်င္း သေဘာထားကြဲလြဲမႈေတြရွိႏိုင္ေပမဲ့လည္း အမ်ားစုရဲ႕ဆႏၵသေဘာထားကို လက္ခံေဆာင္ ႐ြက္ဖို႔လိုၿပီး အနည္းစုရဲ႕ဆႏၵသေဘာထားကိုလည္း ထည့္သြင္းစဥ္းစားၿပီး ေဆာင္႐ြက္ဖို႔လိုတယ္လို႔ ဘာသာေပါင္းစုံခ်စ္ၾကည္ညီၫြတ္ေရး အဖြဲ႕(ဗဟို)နဲ႔ေတြ႕ဆုံစဥ္မွာ နစက ဥကၠ႒ကေျပာဆိုပါတယ္။

ႏိုင္ငံေတာ္ရဲ႕ ႏိုင္ငံေရးေလွ်ာက္လမ္းမႈမွာ အဆင္ ေျပေခ်ာေမြ႕ေစဖို႔အတြက္ မိမိတို႔ကဝိုင္းဝန္းေဆာင္ ႐ြက္ေနျခင္းျဖစ္ပါတယ္။အဲ့လိုေဆာင္႐ြက္ခ်ိန္မွာ အားလုံးကပူးေပါင္းၿပီးေဆာင္႐ြက္မယ္ဆိုရင္ အေကာင္းဆုံးအေျခအေနျဖစ္ေပၚလာမွာပါ။

ျမန္မာႏိုင္ငံမွာ ဗုဒၶဘာသာအမ်ားဆုံးကိုးကြယ္ၾကေပမဲ့လည္း ဟိႏၵဴ ၊ အစၥလာမ္ ၊ ခရစ္ယာန္နဲ႔အျခားဘာသာဝင္ေတြဟာ ယခင္ထဲကအတူတကြစုစည္းေနထိုင္ခဲ့ၾကပါတယ္။

မိမိအေနနဲ႔ဘာသာေရးနဲ႔ပတ္သက္ၿပီး အစြန္းမေရာက္ေအာင္ အၿမဲတိုက္တြန္းေျပာၾကားေနပါတယ္။ႏိုင္ငံအတြင္းမွာ အတူတကြေနထိုင္ခဲ့ၾကသူေတြျဖစ္တာေၾကာင့္ ႏိုင္ငံအတြက္တူညီတဲ့စိတ္နဲ႔ အတူတကြေဆာင္႐ြက္ၾကဖို႔လိုပါတယ္လို႔ နစက ဥကၠ႒ကေျပာပါတယ္။

ႏိုင္ငံေတာ္အေနနဲ႔စစ္မွန္တဲ့ ဒီမိုကေရစီနဲ႔ ဖက္ဒရယ္ကိုအေျခခံတဲ့ ျပည္ေထာင္စုကိုေလွ်ာက္လွမ္းေနျခင္းျဖစ္ၿပီး ျပည္သူေတြေ႐ြးခ်ယ္ထားတဲ့လမ္း‌ေၾကာင္းျဖစ္တာေၾကာင့္ လုံးဝေသြဖယ္သြားမွာမဟုတ္ပါဘူးလို႔ နစက ဥကၠ႒က ဘာသာေရးေခါင္းေဆာင္ေတြနဲ႔ေတြ႕ဆုံစဥ္မွာေျပာဆိုခဲ့ပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here