ရွှေ့ပြောင်းအခြေချ ဒုက္ခသည်တွေရဲ့ အကျပ်အတည်းကိုဖြေရှင်းဖို့၊ကြိုးပမ်းကြဖို့ ပုပ်ရဟန်းမင်းကြီးတောင်းဆို

0
240

(Unicode)

ရွှေ့ပြောင်းအခြေချ ဒုက္ခသည်တွေရဲ့ အကျပ်အတည်းကိုဖြေရှင်းဖို့၊ကြိုးပမ်းကြဖို့ ပုပ်ရဟန်းမင်းကြီးတောင်းဆို

ပုပ်ရဟန်းမင်းကြီးဖရန်စစ်ဟာ ဂရိနိုင်ငံ လက်စ် ဘော့ကျွန်းကို သွားရောက်စဉ်မှာ ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းအခြေချသူတွေရဲ့ အကျပ်အတ ည်းကို ဖြေရှင်းရန်အတွက် နိုင်ငံတကာရဲ့ ကြိုးပမ်းအားထုတ်မှုများကို တောင်းဆို လိုက်ပါတယ်။

ဥရောပကိုသွားမယ့် ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းအခြေချသူတွေအတွက် အဓိကနေရာဖြစ်တဲ့လက်စ်ဘော့ကျွန်းကို တနင်္ဂနွေနေ့က သွားရောက်လည်ပတ်ခဲ့တာပါ။

ပုပ်ရဟန်းမင်းကြီးဟာ ၄င်းကျွန်းကို ၂၀၁၆ တုန်းက ပထမဆုံးအနေနဲ့လာရောက်လည်ပတ် ခဲ့ဖူးပါတယ်။ဆီးရီးယားနဲ့အခြားနေရာများမှ ဒုက္ခသည်များနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေအစုလိုက် ၄င်းကျွန်းကိုရောက်ရှိလာတဲ့အချိန်တုန်းက လာခဲ့တာပါ။

ပုပ်ရဟန်းမင်းကြီးဟာ ဒုက္ခသည်တွေနဲ့ရွှေ့ပြောင်းနေထိုင်သူ ၂၀၀၀ ကျော်နေထိုင်တဲ့ နေရာတခုကိုသွားရောက်ခဲ့ပါတယ်။”ရွှေ့ပြောင်းအခြေချမှုကိစ္စနဲ့ပတ်သက်ပြီး နည်းနည်းတော့ပြောင်းလဲသွားပြီ” လို့ ပုပ်ရဟန်းမင်းကြီးက ဝမ်းနည်းပူဆွေးစွာ ပြောခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီးက ” ဥရောပကလူတွေဟာ ဒီပြဿနာကို သူတို့အတွက် စိုးရိမ်စရာမဟုတ် တဲ့ကိစ္စတစ်ခုအနေနဲ့ ဆက်ဆံနေတဲ့သူတွေရှိတယ်” လို့ ပြောဆိုခဲ့ပါတယ်။

ယခုလအစောပိုင်းမှာ ဘီလာရုစ်အပေါ် ဥရောပသမဂ္ဂနဲ့ အခြား၃နိုင်ငံတို့က ပိတ်ဆို့အရေးယူမှုအသစ်တွေ ချမှတ်ပြီးနောက် ပုပ်ရဟန်းမင်းကြီးရဲ့ တောင်းဆိုမှုပေါ်ထွက်လာခဲ့တာပါ။

အင်္ဂလိပ်ရေလက်ကြားကိုဖြတ်ပြီး ဗြိတိန်ကိုဝင် ကျော်ဝင်ရောက်ဖို့ကြိုးစားနေတဲ့ ရွှေ့ပြောင်းနေထိုင်သူအရေအတွက် များလာတာကြောင့် ပြင်သစ်နဲ့ ဗြိတိန်တို့ဟာ အချင်းချင်းအပြစ်တင်ဝေဖန်နေကြပါတယ်။

Photo credit-The Guardian

(Zawgyi)











LEAVE A REPLY

Please enter your comment!
Please enter your name here