မြန်မာနိုင်ငံ၏ဒုတိယမြောက် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ဖွင့်လှစ်

0
433

(Unicode)

မြန်မာနိုင်ငံ၏ဒုတိယမြောက် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီးသာစည်မြို့နယ်၊ သပြေဝကျေးရွာအနီးရှိ မဂ္ဂါဝပ် ၃၀ သပြေဝ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံစီမံကိန်း ကို ဒီဇင်ဘာလ ၅ရက်က ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

ယင်းစီမံကိန်းသည် မြန်မာနိုင်ငံ၏ ဒုတိယမြောက်နေရောင်ခြည်စွမ်းအင်သုံး ဓါတ်အားပေးစက်ရုံစီမံကိန်းဖြစ်သည်။

ယခု ဒုတိယမြောက် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းကို နစကအတွင်းရေးမှူးဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး နှင့်အဖွဲ့ တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။

 မြန်မာနိုင်ငံ၏ ပထမဆုံးသော နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်းမှာ မကွေးတိုင်း မင်းဘူးမြို့နယ်တွင် ရှိပြီးNLDအစိုးရလက်ထက် ၂၀၁၉ ဇွန်လ ၂၇ ရက်နေ့က နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်သည်။

သပြေဝနေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းသည် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ သပြေဝကျေးရွာအနီးတွင် Clean Power Energy (CPE) Co.,Ltd မှ BOO (Build Operate Own) စနစ်ဖြင့် ပြီးခဲ့သည့် အစိုးရလက်ထက်က အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ယခုသပြေဝနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံစီမံကိန်း၏ စက်တပ်ဆင်အင်အား မှာ မဂ္ဂါဝပ် ၃၀ ဖြစ်ကာ မြန်မာနိုင်ငံတွင် ဒုတိယမြောက် အကောင်အထည်ဖော် တည်ဆောက်ပြီးစီးခဲ့သည့် စီမံကိန်းတစ်ခု ဖြစ်ပါကြောင်း၊ အဆိုပါစီမံကိန်း မှ တစ်ရက်လျှင် လျှပ်စစ်ယူနစ် ကီလိုဝပ်နာရီ (၂)သိန်းကျော်ခန့် ထုတ်လုပ်နိုင်ပြီး တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား ကီလိုဝပ် နာရီသန်းပေါင်း ၇၀ ဒသမ ၅၉၉ ထုတ်လုပ်ပေးနိုင်မည်ဖြစ်ကာ ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အားများကို သပြေဝပင်မဓာတ်အားခွဲရုံမှတဆင့် နိုင်ငံတော် ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ် ဖြန့်ဖြူးသွားမည်ဟုသိရသည်။

လက်ရှိအချိန်တွင် နိုင်ငံအတွင်း အိမ်ထောင်စုပေါင်း (၁၀ ဒသမ ၉) သန်းကျော်ရှိသည့် အနက် အိမ်ထောင်စု (၆ ဒသမ ၆)သန်းခန့်ကို နိုင်ငံတော်ဓာတ်အားစနစ်မှ မီးပေးနိုင်ပြီး ဖြစ်၍ အိမ်ထောင်စု စုစုပေါင်း၏ ၆၁ ရာခိုင်နှုန်းကို ဓာတ်အားဖြန့်ဖြူးပေးထားသည်။

(Zawgyi)

ျမန္မာႏိုင္ငံ၏ဒုတိယေျမာက္ ေနေရာင္ျခည္စြမ္းအင္သုံး ဓာတ္အားေပးစက္႐ုံ ဖြင့္လွစ္

မႏၲေလးတိုင္းေဒသႀကီးသာစည္ၿမိဳ႕နယ္၊ သေျပဝေက်း႐ြာအနီးရွိ မဂၢါဝပ္ ၃၀ သေျပဝ ေနေရာင္ျခည္စြမ္းအင္သုံး ဓာတ္အားေပး စက္႐ုံစီမံကိန္း ကို ဒီဇင္ဘာလ ၅ရက္က ဖြင့္လွစ္လိုက္ၿပီျဖစ္သည္။

ယင္းစီမံကိန္းသည္ ျမန္မာႏိုင္ငံ၏ ဒုတိယေျမာက္ေနေရာင္ျခည္စြမ္းအင္သုံး ဓါတ္အားေပးစက္႐ုံစီမံကိန္းျဖစ္သည္။

ယခု ဒုတိယေျမာက္ ေနေရာင္ျခည္စြမ္းအင္သုံး ဓာတ္အားေပးစက္႐ုံစီမံကိန္းကို နစကအတြင္းေရးမႉးဒုတိယဗိုလ္ခ်ဳပ္ႀကီးေအာင္လင္းေဒြး ႏွင့္အဖြဲ႕ တက္ေရာက္ ဖြင့္လွစ္ေပးခဲ့သည္။

 ျမန္မာႏိုင္ငံ၏ ပထမဆုံးေသာ ေနေရာင္ျခည္ စြမ္းအင္သုံး လွ်ပ္စစ္ဓာတ္အားေပး စက္႐ုံစီမံကိန္းမွာ မေကြးတိုင္း မင္းဘူးၿမိဳ႕နယ္တြင္ ရွိၿပီးNLDအစိုးရလက္ထက္ ၂၀၁၉ ဇြန္လ ၂၇ ရက္ေန႔က ႏိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ကိုယ္တိုင္တက္ေရာက္ဖြင့္လွစ္ေပးခဲ့ၿပီးျဖစ္သည္။

သေျပဝေနေရာင္ျခည္ စြမ္းအင္သုံး ဓာတ္အားေပးစက္႐ုံစီမံကိန္းသည္ မႏၲေလးတိုင္းေဒသႀကီး၊ သာစည္ၿမိဳ႕နယ္၊ သေျပဝေက်း႐ြာအနီးတြင္ Clean Power Energy (CPE) Co.,Ltd မွ BOO (Build Operate Own) စနစ္ျဖင့္ ၿပီးခဲ့သည့္ အစိုးရလက္ထက္က အေကာင္အထည္ေဖာ္ေဆာင္႐ြက္ခဲ့ျခင္းျဖစ္သည္။

ယခုသေျပဝေနေရာင္ျခည္စြမ္းအင္သုံး ဓာတ္အားေပး စက္႐ုံစီမံကိန္း၏ စက္တပ္ဆင္အင္အား မွာ မဂၢါဝပ္ ၃၀ ျဖစ္ကာ ျမန္မာႏိုင္ငံတြင္ ဒုတိယေျမာက္ အေကာင္အထည္ေဖာ္ တည္ေဆာက္ၿပီးစီးခဲ့သည့္ စီမံကိန္းတစ္ခု ျဖစ္ပါေၾကာင္း၊ အဆိုပါစီမံကိန္း မွ တစ္ရက္လွ်င္ လွ်ပ္စစ္ယူနစ္ ကီလိုဝပ္နာရီ (၂)သိန္းေက်ာ္ခန႔္ ထုတ္လုပ္ႏိုင္ၿပီး တစ္ႏွစ္လွ်င္ လွ်ပ္စစ္ဓာတ္အား ကီလိုဝပ္ နာရီသန္းေပါင္း ၇၀ ဒသမ ၅၉၉ ထုတ္လုပ္ေပးႏိုင္မည္ျဖစ္ကာ ထြက္ရွိလာမည့္ လွ်ပ္စစ္ဓာတ္အားမ်ားကို သေျပဝပင္မဓာတ္အားခြဲ႐ုံမွတဆင့္ ႏိုင္ငံေတာ္ ဓာတ္အားစနစ္သို႔ ခ်ိတ္ဆက္ပို႔လႊတ္ ျဖန႔္ျဖဴးသြားမည္ဟုသိရသည္။

လက္ရွိအခ်ိန္တြင္ ႏိုင္ငံအတြင္း အိမ္ေထာင္စုေပါင္း (၁၀ ဒသမ ၉) သန္းေက်ာ္ရွိသည့္ အနက္ အိမ္ေထာင္စု (၆ ဒသမ ၆)သန္းခန႔္ကို ႏိုင္ငံေတာ္ဓာတ္အားစနစ္မွ မီးေပးႏိုင္ၿပီး ျဖစ္၍ အိမ္ေထာင္စု စုစုေပါင္း၏ ၆၁ ရာခိုင္ႏႈန္းကို ဓာတ္အားျဖန႔္ျဖဴးေပးထားသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here