ချမ်းမြသာစည်မြို့နယ်က လဖက်ရည်ဆိုင်မှာ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ယောက်သေနတ်နဲ့လေးချက်ပစ်ခံရ

0
126

(Unicode)

ချမ်းမြသာစည်မြို့နယ်က လဖက်ရည်ဆိုင်မှာ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ယောက်သေနတ်နဲ့လေးချက်ပစ်ခံရ

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ဒေါနခြံရပ် ကွက်နေ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ယောက်ဖြစ်တဲ့ ဦးကျော်သင်းဟာ ဒီနေ့နေ့လည် ၃ နာရီလောက်က (ဇွဲအောင်)လဖက်ရည်ဆိုင်မှာထိုင်နေတုန်း သေ နတ်နဲ့လေးချက်အပစ်ခံရတယ်လို့ ချမ်းမြသာစည်မြို့နယ်နေသူတွေဆီက သိရပါတယ်။

“သူ့ခေါင်းကိုတေ့ပြီး သေနတ်နဲ့လေးချက်ဆက်တိုက်ပစ်သွားတာ လဖက်ရည်သောက်နေရင်းတန်း လန်းနဲ့ပစ်ခံလိုက်ရတာပါ သေနတ်သံကြားလို့ကြည့်လိုက်တော့ သူကသွေးတွေနဲ့လဲကျနေပြီ ပစ်တဲ့သူကတော့ထွက်ပြေးသွားတယ်”လို့ ချမ်းမြသာစည်မြို့နယ်နေသူတစ်ယောက်ကပြောပါတယ်။

ပြည်ခိုင်ဖြိုးပါတီဝင် ဦးကျော်သင်းဟာ သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ မန္တလေးမြို့က သပိတ်ခေါင်းဆောင် ကိုတေဇာဆန်းကို သူကိုယ်တိုင်ဖမ်းပြီး သက်ဆိုင်ရာလက်ကိုအပ်ပြမယ်ဆိုတဲ့ ရေး သားမှုတွေ ပြောဆိုမှုတွေ လုပ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဖြစ်စဥ်မှာ ဦးကျော်သင်းကို လုံခြုံရေးအဖွဲ့တွေက ဆေးရုံကိုခေါ်ဆောင်သွားပြီး ဆေးကုသမှုတွေလုပ်ပေးနေပေမဲ့ ခေါင်းကိုလေးချက်ပစ်ခံရတာကြောင့် သေဆုံးဖို့များတယ်လို့ မြို့ခံတွေကပြောပါတယ်။

လုံခြုံရေးအဖွဲ့တွေက လဖက်ရည်ဆိုင်ထိုင်နေသူတွေကို စစ်ဆေးခဲ့ကြပြီး လမ်းတွေ ရပ်ကွက်အတွင်းတွေထဲနဲ့နေအိမ်ထဲတွေကိုလည်း လိုက်လံစစ်ဆေးနေကြပါတယ်။

(Zawgyi)

ခ်မ္းျမသာစည္ၿမိဳ႕နယ္က လဖက္ရည္ဆိုင္မွာ ျပည္ခိုင္ၿဖိဳးပါတီဝင္တစ္ေယာက္ေသနတ္နဲ႔ေလးခ်က္ပစ္ခံရ

မႏၲေလးၿမိဳ႕၊ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ေဒါနၿခံရပ္ ကြက္ေန ျပည္ခိုင္ၿဖိဳးပါတီဝင္တစ္ေယာက္ျဖစ္တဲ့ ဦးေက်ာ္သင္းဟာ ဒီေန႔ေန႔လည္ ၃ နာရီေလာက္က (ဇြဲေအာင္)လဖက္ရည္ဆိုင္မွာထိုင္ေနတုန္း ေသ နတ္နဲ႔ေလးခ်က္အပစ္ခံရတယ္လို႔ ခ်မ္းျမသာစည္ၿမိဳ႕နယ္ေနသူေတြဆီက သိရပါတယ္။

“သူ႔ေခါင္းကိုေတ့ၿပီး ေသနတ္နဲ႔ေလးခ်က္ဆက္တိုက္ပစ္သြားတာ လဖက္ရည္ေသာက္ေနရင္းတန္း လန္းနဲ႔ပစ္ခံလိုက္ရတာပါ ေသနတ္သံၾကားလို႔ၾကည့္လိုက္ေတာ့ သူကေသြးေတြနဲ႔လဲက်ေနၿပီ ပစ္တဲ့သူကေတာ့ထြက္ေျပးသြားတယ္”လို႔ ခ်မ္းျမသာစည္ၿမိဳ႕နယ္ေနသူတစ္ေယာက္ကေျပာပါတယ္။

ျပည္ခိုင္ၿဖိဳးပါတီဝင္ ဦးေက်ာ္သင္းဟာ သူ႔ရဲ႕လူမႈကြန္ယက္စာမ်က္ႏွာမွာ မႏၲေလးၿမိဳ႕က သပိတ္ေခါင္းေဆာင္ ကိုေတဇာဆန္းကို သူကိုယ္တိုင္ဖမ္းၿပီး သက္ဆိုင္ရာလက္ကိုအပ္ျပမယ္ဆိုတဲ့ ေရး သားမႈေတြ ေျပာဆိုမႈေတြ လုပ္ခဲ့တယ္လို႔ ၿမိဳ႕ခံေတြဆီက သိရပါတယ္။

ျဖစ္စဥ္မွာ ဦးေက်ာ္သင္းကို လုံၿခဳံေရးအဖြဲ႕ေတြက ေဆး႐ုံကိုေခၚေဆာင္သြားၿပီး ေဆးကုသမႈေတြလုပ္ေပးေနေပမဲ့ ေခါင္းကိုေလးခ်က္ပစ္ခံရတာေၾကာင့္ ေသဆုံးဖို႔မ်ားတယ္လို႔ ၿမိဳ႕ခံေတြကေျပာပါတယ္။

လုံၿခဳံေရးအဖြဲ႕ေတြက လဖက္ရည္ဆိုင္ထိုင္ေနသူေတြကို စစ္ေဆးခဲ့ၾကၿပီး လမ္းေတြ ရပ္ကြက္အတြင္းေတြထဲနဲ႔ေနအိမ္ထဲေတြကိုလည္း လိုက္လံစစ္ေဆးေနၾကပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here