သံအမတ်ကြီးဦးကျော်မိုးထွန်း မြန်မာနိုင်ငံကိုယ်စားပြုသူအနေဖြင့် ဆက်လက်တည်ရှိ

0
419

(Unicode)

သံအမတ်ကြီးဦးကျော်မိုးထွန်း မြန်မာနိုင်ငံကိုယ်စားပြုသူအနေဖြင့် ဆက်လက်တည်ရှိ

ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကိုကိုယ်စားပြုမယ့်သူနဲ့ အာဖဂန်နစ္စတန်ကိုကိုယ်စားပြုမယ့် သူတွေ ရွေးချယ်ရေးနဲ့ ပတ်သတ်ပြီး (Credentials Committee)လို့ခေါ်တဲ့ ကုလသမဂ္ဂကိုယ်စားလှယ်စိစစ်လက်ခံရေး ကော်မတီက ဆိုင်းငံ့လိုက်တဲ့အပေါ် ကုလသမဂ္ဂအထွေထွေညီလာခံက အတည်ပြုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ၁ရက်က ဘဟားမားစ်၊ ဘူတန်၊ ချီလီ၊ တရုတ်၊ ရုရှား၊ ဆီရာလွန်၊ နမီးဘီးယား၊ ဆွီဒင်နဲ့ အမေရိကန်ပြည်ထောင်စု တို့ပါဝင်တဲ့ ကုလသမဂ္ဂကိုယ်စားလှယ်စိစစ်လက်ခံရေး ကော်မတီက မြန်မာနဲ့ အာဖဂန်တို့ရဲ့ ကိုယ်စားပြုသူ စိစစ်ရွေးချယ်ရေးကိစ္စကို မဆောင်ရွက်ဘဲ ရွှေ့ဆိုင်းလိုက်တာရှိပါတယ်။

အဲ့ဒီလို ရွှေ့ဆိုင်းလိုက်တဲ့ကိစ္စကို ဒီဇင်ဘာ ၆ရက်မှာကျင်းပတဲ့ ကုလအထွေထွေညီလာခံက မဲမခွဲဘဲ အများသဘောတူညီချက်နဲ့ အတည်ပြုလိုက်ကြတာပါ။

ကုလအထွေထွေညီလာခံရဲ့ အတည်ပြုချက်ကြောင့် လက်ရှိရှိနေတဲ့ မြန်မာကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းဟာ မူလအတိုင်းပဲ ဆက်လက်တည်ရှိနေမှာဖြစ်သလို အာဖဂန်ရဲ့ မူလကိုယ်စားလှယ်လည်း ဆက်လက်တည်ရှိနေမှာဖြစ်ပါတယ်။

ကုလသမဂ္ဂကိုယ်စားလှယ်အရည်အချင်းစစ်ကော်မတီဥက္ကဋ္ဌဖြစ်တဲ့ ဆွီဒင်သံအမတ်ကြီးကတော့ ”ဘယ်ကိုယ်စားလှယ်ကို အတည်ပြုတယ်ဆိုတဲ့ကိစ္စကို ၇၆ ကြိမ်မြောက် အထွေထွေညီလာခံအထိ ရွှေ့ဆိုင်းလိုက်တယ်” လို့ ပြောဆိုထားတာရှိပါတယ်။

(Zawgyi)

သံအမတ္ႀကီးဦးေက်ာ္မိုးထြန္း ျမန္မာႏိုင္ငံကိုယ္စားျပဳသူအေနျဖင့္ ဆက္လက္တည္ရွိ

ကုလသမဂၢမွာ ျမန္မာႏိုင္ငံကိုကိုယ္စားျပဳမယ့္သူနဲ႔ အာဖဂန္နစၥတန္ကိုကိုယ္စားျပဳမယ့္ သူေတြ ေ႐ြးခ်ယ္ေရးနဲ႔ ပတ္သတ္ၿပီး (Credentials Committee)လို႔ေခၚတဲ့ ကုလသမဂၢကိုယ္စားလွယ္စိစစ္လက္ခံေရး ေကာ္မတီက ဆိုင္းငံ့လိုက္တဲ့အေပၚ ကုလသမဂၢအေထြေထြညီလာခံက အတည္ျပဳလိုက္ပါတယ္။

ၿပီးခဲ့တဲ့ ဒီဇင္ဘာ၁ရက္က ဘဟားမားစ္၊ ဘူတန္၊ ခ်ီလီ၊ တ႐ုတ္၊ ႐ုရွား၊ ဆီရာလြန္၊ နမီးဘီးယား၊ ဆြီဒင္နဲ႔ အေမရိကန္ျပည္ေထာင္စု တို႔ပါဝင္တဲ့ ကုလသမဂၢကိုယ္စားလွယ္စိစစ္လက္ခံေရး ေကာ္မတီက ျမန္မာနဲ႔ အာဖဂန္တို႔ရဲ႕ ကိုယ္စားျပဳသူ စိစစ္ေ႐ြးခ်ယ္ေရးကိစၥကို မေဆာင္႐ြက္ဘဲ ေ႐ႊ႕ဆိုင္းလိုက္တာရွိပါတယ္။

အဲ့ဒီလို ေ႐ႊ႕ဆိုင္းလိုက္တဲ့ကိစၥကို ဒီဇင္ဘာ ၆ရက္မွာက်င္းပတဲ့ ကုလအေထြေထြညီလာခံက မဲမခြဲဘဲ အမ်ားသေဘာတူညီခ်က္နဲ႔ အတည္ျပဳလိုက္ၾကတာပါ။

ကုလအေထြေထြညီလာခံရဲ႕ အတည္ျပဳခ်က္ေၾကာင့္ လက္ရွိရွိေနတဲ့ ျမန္မာကိုယ္စားလွယ္ သံအမတ္ႀကီးဦးေက်ာ္မိုးထြန္းဟာ မူလအတိုင္းပဲ ဆက္လက္တည္ရွိေနမွာျဖစ္သလို အာဖဂန္ရဲ႕ မူလကိုယ္စားလွယ္လည္း ဆက္လက္တည္ရွိေနမွာျဖစ္ပါတယ္။

ကုလသမဂၢကိုယ္စားလွယ္အရည္အခ်င္းစစ္ေကာ္မတီဥကၠ႒ျဖစ္တဲ့ ဆြီဒင္သံအမတ္ႀကီးကေတာ့ ”ဘယ္ကိုယ္စားလွယ္ကို အတည္ျပဳတယ္ဆိုတဲ့ကိစၥကို ၇၆ ႀကိမ္ေျမာက္ အေထြေထြညီလာခံအထိ ေ႐ႊ႕ဆိုင္းလိုက္တယ္” လို႔ ေျပာဆိုထားတာရွိပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here