နွားထိုးကြီးမြို့နယ်တွင် PDF များက သေနတ်နဲ့ပစ်ခတ်မီးရှို့သဖြင့် အုပ်ချုပ်ရေးမှူးအပါအဝင် လေးယောက်သေ နှစ်ယောက်ဒဏ်ရာရဟု နစက ထုတ်ပြန်

0
186

(Unicode)

နွားထိုးကြီးမြို့နယ်တွင် PDF များက သေနတ်နဲ့ပစ်ခတ်မီးရှို့သဖြင့် အုပ်ချုပ်ရေးမှူးအပါအဝင် လေးယောက်သေ နှစ်ယောက်ဒဏ်ရာရဟု နစက ထုတ်ပြန်

မန္တလေးတိုင်း၊နွားထိုးကြီးမြို့နယ်၊လက်ဝဲမြင်းနီရွာက ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့အမျိုးသားနှစ်ယောက် အမျိုးသမီးတစ်ယောက်ကို PDF အဖွဲ့တွေက ဒီဇင်ဘာ ၅ ရက်ည ၇ နာရီလောက်မှာ သေနတ်တွေနဲ့ပစ်ခတ်ပြီး နေအိမ်ကိုမီးရှို့ခဲ့တယ်လို့ နစက ကထုတ်ပြန်ခဲ့ပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူးဦးဆန်းဝင်း(၅၃)နှစ်ဟာ သူ့ရဲ့မိသားစုဝင်တွေ ရပ်မိရပ်ဖဖြစ်တဲ့ ဦးဟန်ဝင်း(၄၈)နှစ်တို့နဲ့အတူထိုင်ပြီး စကားပြောနေတုန်းမှာ PDF အဖွဲ့ဝင် ခုနှစ် ယောက်လောက်က ခြံဝင်းထဲကို ဆိုင်ကယ်နဲ့ဝင်လာပြီး သေနတ်တွေနဲ့ဝိုင်းဝန်းပစ်ခတ်ပြီး နေအိမ်ထဲကို လက်ပစ်ဗုံးနဲ့ဖောက်ခွဲပြီး နေအိမ်ကိုမီးရှို့ပြီးပြန်ထွက်သွားခဲ့ပါတယ်။

အုပ်ချုပ်ရေးမှူးဦးဆန်းဝင်း၊သားဖြစ်တဲ့ ကိုဝေမင်းသူ(၂၅)နှစ်၊ချွေးမဖြစ်သူ မခိုင်စိုးရည်(၃၀) နှစ်၊ဦးမောင်သိန်း(အသက်-စီစစ်ဆဲ)နဲ့ဦးဟန်ဝင်းတို့ မီးလောင်ခံရတာကြောင့် အခင်းဖြစ်နေရာမှာသေဆုံးခဲ့ပါတယ်။

ဦးဆန်းဝင်းရဲ့ဇနီးဖြစ်တဲ့ ဒေါ်သန်းသန်းဆင့် (၅၂)နှစ်နဲ့သားဖြစ်တဲ့ မောင်ဖိုးလယ်(၁၇)နှစ်တို့ဟာ မီးလောင်နေတဲ့အိမ်ထဲကထွက်ပြေးခဲ့တာကြောင့် ကျည်ထိမှန်ဒဏ်ရာပဲရရှိခဲ့ပါတယ်။

လုံခြုံရေးအဖွဲ့တွေက ဒဏ်ရာရသူနှစ်ယောက်ကို မြင်းခြံပြည်သူ့ဆေးရုံကိုပို့ပေးခဲ့ပြီး အခင်းဖြစ်နေရာကိုစစ်ဆေးတဲ့အခါမှာ နေအိမ်ပျက်စီးဆုံးရှုံးပြီး ၁၂ ဗိုကျည်ခွံ နှစ်ခု၊ ၅.၅၆ ကျည်ခွံ ၆၀ ခုနဲ့ ၇.၆၂ ကျည်ခွံ ၇၉ ခုတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်လို့ ထုတ်ပြန် ချက် အရ သိရပါတယ် ။

(Zawgyi)

ႏြားထိုးႀကီးၿမိဳ႕နယ္တြင္ PDF မ်ားက ေသနတ္နဲ႔ပစ္ခတ္မီးရႈိ႕သျဖင့္ အုပ္ခ်ဳပ္ေရးမႉးအပါအဝင္ ေလးေယာက္ေသ ႏွစ္ေယာက္ဒဏ္ရာရဟု နစက ထုတ္ျပန္

မႏၲေလးတိုင္း၊ႏြားထိုးႀကီးၿမိဳ႕နယ္၊လက္ဝဲျမင္းနီ႐ြာက ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးနဲ႔အမ်ိဳးသားႏွစ္ေယာက္ အမ်ိဳးသမီးတစ္ေယာက္ကို PDF အဖြဲ႕ေတြက ဒီဇင္ဘာ ၅ ရက္ည ၇ နာရီေလာက္မွာ ေသနတ္ေတြနဲ႔ပစ္ခတ္ၿပီး ေနအိမ္ကိုမီးရႈိ႕ခဲ့တယ္လို႔ နစက ကထုတ္ျပန္ခဲ့ပါတယ္။

ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးဦးဆန္းဝင္း(၅၃)ႏွစ္ဟာ သူ႔ရဲ႕မိသားစုဝင္ေတြ ရပ္မိရပ္ဖျဖစ္တဲ့ ဦးဟန္ဝင္း(၄၈)ႏွစ္တို႔နဲ႔အတူထိုင္ၿပီး စကားေျပာေနတုန္းမွာ PDF အဖြဲ႕ဝင္ ခုႏွစ္ ေယာက္ေလာက္က ၿခံဝင္းထဲကို ဆိုင္ကယ္နဲ႔ဝင္လာၿပီး ေသနတ္ေတြနဲ႔ဝိုင္းဝန္းပစ္ခတ္ၿပီး ေနအိမ္ထဲကို လက္ပစ္ဗုံးနဲ႔ေဖာက္ခြဲၿပီး ေနအိမ္ကိုမီးရႈိ႕ၿပီးျပန္ထြက္သြားခဲ့ပါတယ္။

အုပ္ခ်ဳပ္ေရးမႉးဦးဆန္းဝင္း၊သားျဖစ္တဲ့ ကိုေဝမင္းသူ(၂၅)ႏွစ္၊ေခြၽးမျဖစ္သူ မခိုင္စိုးရည္(၃၀) ႏွစ္၊ဦးေမာင္သိန္း(အသက္-စီစစ္ဆဲ)နဲ႔ဦးဟန္ဝင္းတို႔ မီးေလာင္ခံရတာေၾကာင့္ အခင္းျဖစ္ေနရာမွာေသဆုံးခဲ့ပါတယ္။

ဦးဆန္းဝင္းရဲ႕ဇနီးျဖစ္တဲ့ ေဒၚသန္းသန္းဆင့္ (၅၂)ႏွစ္နဲ႔သားျဖစ္တဲ့ ေမာင္ဖိုးလယ္(၁၇)ႏွစ္တို႔ဟာ မီးေလာင္ေနတဲ့အိမ္ထဲကထြက္ေျပးခဲ့တာေၾကာင့္ က်ည္ထိမွန္ဒဏ္ရာပဲရရွိခဲ့ပါတယ္။

လုံၿခဳံေရးအဖြဲ႕ေတြက ဒဏ္ရာရသူႏွစ္ေယာက္ကို ျမင္းၿခံျပည္သူ႔ေဆး႐ုံကိုပို႔ေပးခဲ့ၿပီး အခင္းျဖစ္ေနရာကိုစစ္ေဆးတဲ့အခါမွာ ေနအိမ္ပ်က္စီးဆုံးရႈံးၿပီး ၁၂ ဗိုက်ည္ခြံ ႏွစ္ခု၊ ၅.၅၆ က်ည္ခြံ ၆၀ ခုနဲ႔ ၇.၆၂ က်ည္ခြံ ၇၉ ခုတို႔ကို သိမ္းဆည္းရမိခဲ့ပါတယ္လို႔ ထုတ္ျပန္ ခ်က္ အရ သိရပါတယ္ ။

 


LEAVE A REPLY

Please enter your comment!
Please enter your name here