UK အစိုးရက ဒေသတွင်း အိုမီခရွန် ပျံ့နှံ့မှုကို သတိပေး

0
180

(Unicode)

UK အစိုးရက ဒေသတွင်း အိုမီခရွန် ပျံ့နှံ့မှုကို သတိပေး

ဗြိတိန်ကျန်းမာရေးဝန်ကြီး Sajid Javid က ဒေသေအများအပြားမှာ အိုမီခရွန်မျိုးကွဲများ ကူးစက်မှုရှိကြောင်း တနင်္လာနေ့မှာ ပြောခဲ့ပါတယ်။

ဗြိတိန်ဟာ တနင်္လာနေ့တရက်တည်းမှာပဲ အိုမီခရွန်မျိုးကွဲကူးစက်မှု ၉၀ရှိခဲ့ပြီး UK မှာ အတည် ပြုထားတဲ့ အိုမီခရွန်ကူးစက်မှုပေါင်း ၃၃၆ ခုထိ
တိုးလာခဲ့ပါတယ်။

Javid က ” နိုင်ငံတကာခရီးသွားခြင်းနဲ့ ဆက်စပ်မှုမရှိတဲ့ ဖြစ်ပွါးမှုတွေလည်းပါဝင်တယ် လို့ ပြောခဲ့ပြီး ဆိုလိုတာက နိုင်ငံတွင်းမှာပဲ ကူးစက်မှုခံနေရသူတွေ ရှိတယ်” လို့ ပြောခဲ့ပါတယ်။

အိုမီခရွန်မျိုးကွဲဟာ အခြားမျိုးကွဲတွေထက်ပိုပြီးပြင်းထန်တဲ့ ရောဂါဖြစ်စေခြင်းရှိ၊မရှိကို အ စိုးရက အပြည့်အဝပုံဖော်နိုင်ခြင်းမရှိဘူးလို့ ၄င်းက ပြောပါတယ်။

ဒါပေမယ့် အိုမီခရွန်ကူးစက်ခြင်းခံရသူတွေကနေတဆင့် တခြားသူတွေကို အလျင်အမြန်ကူးစက်နိုင်တယ်လို့ ဆိုပါတယ်။

င်္အဂါနေ့ကစပြီး အသက် ၁၂နှစ်နှင့်အထက်ရှိသူတိုင်းသည် ကာကွယ်ဆေးထိုးထားသည်ဖြစ်စေ မထိုးထားသည်ဖြစ်စေ ဗြိတိန်ကိုမသွားခင် ဆေးစစ်ဖို့ လိုအပ်မှာဖြစ်ကြောင်း ဗြိတိန်အစိုးရက ပြောခဲ့ပါတယ်။

ပွဲတော်ကာလအတွင်းမှာ မိမိတို့ချစ်ခင်သူတွေနဲ့ အတူပျော်ရွှင်ဖို့ အစီအစဉ်တွေအပေါ် သက် ရောက်မယ်ဆိုတာ သိပေမယ့်လည်း”ကျွန်တော်တို့ ဒါကို စောစောစီးစီးကြပ်မတ်လိုက် မယ်ဆိုရင်နောက်ပိုင်းမှာ ပြင်းပြင်းထန်ထန် လုပ်စရာမလိုတော့ဘူး” လို့ Javid က ပြောပါတယ်။

Source – NHK

Photo credit-The Telegraph

(Zawgyi)



တိုးလာခဲ့ပါတယ်။






Source – NHK



LEAVE A REPLY

Please enter your comment!
Please enter your name here