ချမ်းမြသာစည်မှာ သေဆုံးသွားတဲ့ ၅ နှစ်အရွယ်မိန်းကလေးရဲ့ နာရေး ယနေ့ပြုလုပ်

0
94

(Unicode)

ချမ်းမြသာစည်မှာ သေဆုံးသွားတဲ့ ၅ နှစ်အရွယ်မိန်းကလေးရဲ့ နာရေး ယနေ့ပြုလုပ်

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်အတွင်းမှာ ဒီဇင်ဘာ ၆ ရက်ည ၆ နာရီခွဲလောက်က လမ်းဘေးကကွမ်းယာဆိုင်ထဲရှိနေတဲ့ အသက် ၅ နှစ်အရွယ်မိန်းကလေးတစ်ယောက် ဗုံးစထိမှန်ပြီး ဆေးရုံတက်ရောက်ကုသနေစဉ်မှာ သေဆုံးခဲ့ပါတယ်။

ချမ်းမြသာစည်မြို့နယ် ၁၁၀ လမ်း၊ ၄၅ လမ်းနဲ့ ၄၆ လမ်းကြားက အောင်သာယာရပ်ကွက်အုပ် ချုပ်ရေးမှူးရုံးကို ဆိုင်ကယ်နှစ်စီးသူ နှစ်ဦးရောက်လာပြီး လက်ပစ်ဗုံးနှစ်လုံးနဲ့ပစ်ပေါက်ထွက်ပြေးသွားခဲ့တာကြောင့် အဲ့ဒီကလေးငယ်သေဆုံးခဲ့တာဖြစ်တယ်လို နစကဘက်က ပြောဆိုပါတယ်။

အခြားတစ်ဖက်မှာတော့ ရပ်ကွက်ရုံး ပစ်ခတ်ခံရပြီးနောက် စစ်သားတွေက ပြန်လည်ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် ၅နှစ်သမီး သေနတ်ထိမှန်သေဆုံးခဲ့တယ်လို့ ဆိုနေကြပါတယ်။

“ရပ်ကွက်ရုံးကို ဗုံးလာပစ်တာဟုတ်တယ်။ စစ်သားတွေကမောင်းပြေးသွားတဲ့ဆိုင်ကယ်ကိုလိုက်ပစ်တာလည်း ဟုတ်တယ်။ သေသွားတဲ့ကလေးမ ရှိတဲ့ကွမ်းယာဆိုင်က အုပ်ချုပ်ရေးရုံးနားမှာဆိုတော့ ဖြစ်တဲ့အချိန်ကအကုန်လုံးလန့်သွားကြတော့ ကလေးမလေးဘာနဲ့ထိသွားတယ်ဆိုတာတော့ မသိရဘူး ဗုံးစကြောင့်လား သေနတ်ကြောင့်လားဆိုတာကိုတော့ ဆရာဝန်တွေပဲသိလိမ့်မယ်”လို ဒေသခံတစ်ယောက်ကပြောပါတယ်။

အမည်မသိဆိုင်ကယ်စီးသမားတွေ ပစ်ပေါက်ခဲ့တဲ့ လက်ပစ် ဗုံးတစ်လုံးဟာ အုပ်ချုပ်ရေးရုံးနားက ကွမ်းယာဆိုင်အနီးမှာပေါက်ကွဲခဲ့တာကြောင့် ဆိုင်ထဲမှာရှိတဲ့ ကလေးမမှာ ဗုံးစထိမှန်ဒဏ်ရာတွေရခဲ့တာကြောင့် မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးကိုပို့ ဆောင်ဆေးကုသပေးနေတုန်း သေဆုံးသွားခဲ့တယ်လို့ နစကဘက်ကတော့ ပြောဆိုထားတာရှိပါတယ်။

အထက်ပါ ဖြစ်စဥ်တွင် သေဆုံးခဲ့သည့် အသက် ၅ နှစ်အရွယ် ကလေးငယ်ဖြစ်သူ မအိသန္တာအောင်၏ နာရေးကို မန္တလေးတိုင်းဒေသကြီး တောင်အင်းမြောက်အင်း သုဿန်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

Photo Credit- The River News TRN

(Zawgyi)

ခ်မ္းျမသာစည္မွာ ေသဆုံးသြားတဲ့ ၅ ႏွစ္အ႐ြယ္မိန္းကေလးရဲ႕ နာေရး ယေန႔ျပဳလုပ္

မႏၲေလးၿမိဳ႕ ခ်မ္းျမသာစည္ၿမိဳ႕နယ္အတြင္းမွာ ဒီဇင္ဘာ ၆ ရက္ည ၆ နာရီခြဲေလာက္က လမ္းေဘးကကြမ္းယာဆိုင္ထဲရွိေနတဲ့ အသက္ ၅ ႏွစ္အ႐ြယ္မိန္းကေလးတစ္ေယာက္ ဗုံးစထိမွန္ၿပီး ေဆး႐ုံတက္ေရာက္ကုသေနစဥ္မွာ ေသဆုံးခဲ့ပါတယ္။

ခ်မ္းျမသာစည္ၿမိဳ႕နယ္ ၁၁၀ လမ္း၊ ၄၅ လမ္းနဲ႔ ၄၆ လမ္းၾကားက ေအာင္သာယာရပ္ကြက္အုပ္ ခ်ဳပ္ေရးမႉး႐ုံးကို ဆိုင္ကယ္ႏွစ္စီးသူ ႏွစ္ဦးေရာက္လာၿပီး လက္ပစ္ဗုံးႏွစ္လုံးနဲ႔ပစ္ေပါက္ထြက္ေျပးသြားခဲ့တာေၾကာင့္ အဲ့ဒီကေလးငယ္ေသဆုံးခဲ့တာျဖစ္တယ္လို နစကဘက္က ေျပာဆိုပါတယ္။

အျခားတစ္ဖက္မွာေတာ့ ရပ္ကြက္႐ုံး ပစ္ခတ္ခံရၿပီးေနာက္ စစ္သားေတြက ျပန္လည္ပစ္ခတ္မႈေတြ လုပ္ေဆာင္ခဲ့တာေၾကာင့္ ၅ႏွစ္သမီး ေသနတ္ထိမွန္ေသဆုံးခဲ့တယ္လို႔ ဆိုေနၾကပါတယ္။

“ရပ္ကြက္႐ုံးကို ဗုံးလာပစ္တာဟုတ္တယ္။ စစ္သားေတြကေမာင္းေျပးသြားတဲ့ဆိုင္ကယ္ကိုလိုက္ပစ္တာလည္း ဟုတ္တယ္။ ေသသြားတဲ့ကေလးမ ရွိတဲ့ကြမ္းယာဆိုင္က အုပ္ခ်ဳပ္ေရး႐ုံးနားမွာဆိုေတာ့ ျဖစ္တဲ့အခ်ိန္ကအကုန္လုံးလန႔္သြားၾကေတာ့ ကေလးမေလးဘာနဲ႔ထိသြားတယ္ဆိုတာေတာ့ မသိရဘူး ဗုံးစေၾကာင့္လား ေသနတ္ေၾကာင့္လားဆိုတာကိုေတာ့ ဆရာဝန္ေတြပဲသိလိမ့္မယ္”လို ေဒသခံတစ္ေယာက္ကေျပာပါတယ္။

အမည္မသိဆိုင္ကယ္စီးသမားေတြ ပစ္ေပါက္ခဲ့တဲ့ လက္ပစ္ ဗုံးတစ္လုံးဟာ အုပ္ခ်ဳပ္ေရး႐ုံးနားက ကြမ္းယာဆိုင္အနီးမွာေပါက္ကြဲခဲ့တာေၾကာင့္ ဆိုင္ထဲမွာရွိတဲ့ ကေလးမမွာ ဗုံးစထိမွန္ဒဏ္ရာေတြရခဲ့တာေၾကာင့္ မႏၲေလးၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးကိုပို႔ ေဆာင္ေဆးကုသေပးေနတုန္း ေသဆုံးသြားခဲ့တယ္လို႔ နစကဘက္ကေတာ့ ေျပာဆိုထားတာရွိပါတယ္။

အထက္ပါ ျဖစ္စဥ္တြင္ ေသဆုံးခဲ့သည့္ အသက္ ၅ ႏွစ္အ႐ြယ္ ကေလးငယ္ျဖစ္သူ မအိသႏၲာေအာင္၏ နာေရးကို မႏၲေလးတိုင္းေဒသႀကီး ေတာင္အင္းေျမာက္အင္း သုႆန္တြင္ ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here