နိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းရာတွင် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကသာ အသင့်တော်ဆုံးအဖြစ် PPST က ယုံကြည်ထားဟုဆို

0
230

(Unicode)

နိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းရာတွင် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကသာ အသင့်တော်ဆုံးအဖြစ် PPST က ယုံကြည်ထားဟုဆို

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြစ်ဒဏ်ချမှတ်ခြင်းနဲ့ ပတ်သက်ပြီး လက်ခံနိုင်ဖွယ်မရှိဘူးလို့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ အစည်းများရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ (PPST)ဦးဆောင်မှုအလုပ်အဖွဲ့ ခေါင်းဆောင် နိုင်အောင်မင်းက ဒီကနေ့ ဒီဇင်ဘာ ၇ရက်မှာ ပြောဆိုလိုက်ပါတယ်။

“ နိုင်ငံရေးပြဿနာများကို အဖြေရှာနိုင်ရေးအတွက် ပိုမိုအလှမ်းဝေးစေတယ်လို့ ယူဆပါတယ်”လို့လည်း ပြောပါတယ်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ အစည်းများရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေး(၂၂/၂၀၂၁)ကို ဒီဇင်ဘာ၆ရက် နေ့နဲ့ ၇ရက်နေ့ တွေမှာကျင်းပခဲ့တာမှာ နိုင်အောင်မင်းကနိဂုံးချုပ်မိန့်ခွန်းမှာ အခုလိုပြောဆိုလိုက်တာပါ။

နိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းရာမှာ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကသာ အသင့်တော်ဆုံးအဖြစ် PPST က ယုံကြည်ပြီး သက်ဆိုင်ရာနိုင်ငံရေးအစုအဖွဲ့များ၊ နိုင်ငံတကာတို့နှင့် ဆွေးနွေးပြီး နည်းလမ်း ကြိုးပမ်းသွားမယ်လို့လည်း (PPST)ဦးဆောင်မှုအလုပ်အဖွဲ့ ခေါင်းဆောင် နိုင်အောင်မင်းက ထည့်သွင်းပြောဆိုသွားပါတယ်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ်တရားရုံးက ထောင်ဒဏ် ၄နှစ်စီ ပြစ်ဒဏ်ချမှတ်ခြင်းနဲ့ ပတ်သတ်ပြီး နစကဥက္ကဌက လွတ်ငြိမ်းနဲ့ ထောင်ဒဏ် ၂နှစ် ကင်းလွတ်ခွင့်ပေးလိုက်ပြီး ကျန်ပြစ်ဒဏ်တွေကို နေအိမ်တွေကနေပဲ ကျခံစေဖို့ လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး ဒီဇင်ဘာလ ၆ရက်က ဆောင်ရွက်ပေးခဲ့တာရှိပါတယ်။

(Zawgyi)

ႏိုင္ငံေရးအၾကပ္အတည္းကို ေျဖရွင္းရာတြင္ ေတြ႕ဆုံေဆြးေႏြးေရးလမ္းေၾကာင္းကသာ အသင့္ေတာ္ဆုံးအျဖစ္ PPST က ယုံၾကည္ထားဟုဆို

ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္နဲ႔ ႏိုင္ငံေတာ္ရဲ႕ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္အေပၚ ျပစ္ဒဏ္ခ်မွတ္ျခင္းနဲ႔ ပတ္သက္ၿပီး လက္ခံႏိုင္ဖြယ္မရွိဘူးလို႔ တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္ လက္မွတ္ေရးထိုးထားတဲ့ တိုင္းရင္းသားလက္နက္ကိုင္ေတာ္လွန္ေရးအဖြဲ႕ အစည္းမ်ားရဲ႕ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ဦးေဆာင္အဖြဲ (PPST)ဦးေဆာင္မႈအလုပ္အဖြဲ႕ ေခါင္းေဆာင္ ႏိုင္ေအာင္မင္းက ဒီကေန႔ ဒီဇင္ဘာ ၇ရက္မွာ ေျပာဆိုလိုက္ပါတယ္။

“ ႏိုင္ငံေရးျပႆနာမ်ားကို အေျဖရွာႏိုင္ေရးအတြက္ ပိုမိုအလွမ္းေဝးေစတယ္လို႔ ယူဆပါတယ္”လို႔လည္း ေျပာပါတယ္။

တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္ လက္မွတ္ေရးထိုးထားတဲ့ တိုင္းရင္းသားလက္နက္ကိုင္ေတာ္လွန္ေရးအဖြဲ႕ အစည္းမ်ားရဲ႕ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ဦးေဆာင္အဖြဲ႕ (PPST) အစည္းအေဝး(၂၂/၂၀၂၁)ကို ဒီဇင္ဘာ၆ရက္ ေန႔နဲ႔ ၇ရက္ေန႔ ေတြမွာက်င္းပခဲ့တာမွာ ႏိုင္ေအာင္မင္းကနိဂုံးခ်ဳပ္မိန႔္ခြန္းမွာ အခုလိုေျပာဆိုလိုက္တာပါ။

ႏိုင္ငံေရးအၾကပ္အတည္းကို ေျဖရွင္းရာမွာ ေတြ႕ဆုံေဆြးေႏြးေရးလမ္းေၾကာင္းကသာ အသင့္ေတာ္ဆုံးအျဖစ္ PPST က ယုံၾကည္ၿပီး သက္ဆိုင္ရာႏိုင္ငံေရးအစုအဖြဲ႕မ်ား၊ ႏိုင္ငံတကာတို႔ႏွင့္ ေဆြးေႏြးၿပီး နည္းလမ္း ႀကိဳးပမ္းသြားမယ္လို႔လည္း (PPST)ဦးေဆာင္မႈအလုပ္အဖြဲ႕ ေခါင္းေဆာင္ ႏိုင္ေအာင္မင္းက ထည့္သြင္းေျပာဆိုသြားပါတယ္။

ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္နဲ႔ ႏိုင္ငံေတာ္ရဲ႕ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္အေပၚတရား႐ုံးက ေထာင္ဒဏ္ ၄ႏွစ္စီ ျပစ္ဒဏ္ခ်မွတ္ျခင္းနဲ႔ ပတ္သတ္ၿပီး နစကဥကၠဌက လြတ္ၿငိမ္းနဲ႔ ေထာင္ဒဏ္ ၂ႏွစ္ ကင္းလြတ္ခြင့္ေပးလိုက္ၿပီး က်န္ျပစ္ဒဏ္ေတြကို ေနအိမ္ေတြကေနပဲ က်ခံေစဖို႔ လုပ္ပိုင္ခြင့္ကို က်င့္သုံးၿပီး ဒီဇင္ဘာလ ၆ရက္က ေဆာင္႐ြက္ေပးခဲ့တာရွိပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here