ဘားအံမြို့မှာ စိတ်ကြွဆေးပြားတွေနဲ့အတူ လက် နက်ခဲယမ်းတွေပါ ဖမ်းမိ

0
115

(Unicode)

ဘားအံမြို့မှာ စိတ်ကြွဆေးပြားတွေနဲ့အတူ လက် နက်ခဲယမ်းတွေပါ ဖမ်းမိ

ကရင်ပြည်နယ်၊ဘားအံမြို့နယ်၊မွန်ဆရီးရွာက စောစိုးပိုင်ဦး(ခ)အကျ(၃၈)နှစ်နေအိမ် ရေချိုးခန်းထဲကနေ ဒီဇင်ဘာ ၆ ရက်မွန်းတည့် ၁၂ နာရီလောက်က စိတ်ကြွဆေး ၆၀၀၀ ပြားနဲ့ RETAY ( PT 26 )အမျိုးအစား ပစ္စတိုသေနတ်တစ်လက်၊ကျည် ၅၃ တောင့်နဲ့ PVC ပိုက်နဲ့လုပ်ထားတဲ့ လက် လုပ်မိုင်း ၁၂ လုံးကို ဖမ်းဆီးရမိခဲ့တယ်လို့ ရဲကပြောပါတယ်။

အလားတူပဲ ညနေ ၅ နာရီခွဲလောက်မှာ အမှတ်(၇)ရပ်ကွက်က စောစံစီးဖိုးလမ်းမှာ စောခင်မောင်ဝင်း(ခ)ကာလု(၃၆)နှစ်မောင်းလာတဲ့ ဆိုင်ကယ်ကိုစစ်ဆေးရာမှာ ဝှက်သယ်လာတဲ့ စိတ်ကြွ ဆေး ၄၀၀ ပြားကို ဖမ်းဆီးရမိခဲ့ပါတယ်။

ည ၆ နာရီခွဲမှာ ရသဝေါ်(ကွက်သစ်)ရွာက ဖမ်းမိသူနေထိုင်တဲ့အိမ်ကနေ စိတ်ကြွဆေး ၂၆၀၀ ပြားကိုထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။

ဖမ်းမိသူတွေကို သက်ဆိုင်ရာရဲစခန်းတွေက မူး ယစ်ဆေးဝါးနဲ့စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်ထားပြီး ဆက်စပ်ပြစ်မှုကျူးလွန်သူတွေကိုဖမ်းမိဖို့အတွက် စစ် ဆေးနေပါတယ်။

(Zawgyi)







LEAVE A REPLY

Please enter your comment!
Please enter your name here