ချင်းပြည်နယ်မင်းတပ်မြို့သို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးပစ္စည်းများ UNHCRပို့ဆောင်

0
223

(Unicode)

ချင်းပြည်နယ်မင်းတပ်မြို့သို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးပစ္စည်းများ UNHCRပို့ဆောင်

မင်းတပ်မြို့တွင်းရှိ နေရာအနှံ့အပြားတွင်နေထိုင်ခိုလှုံလျက်ရှိသည့် နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်သူ ၆၈၀ ကျော်သည် နေအိမ်အမိုးအကာဆိုင်ရာပစ္စည်းစုံများ၊ နေရောင်ခြည်သုံးမီးအိမ်များ၊ သာမိုမီတာများ၊ လက်ဆေးရည်၊ ဆပ်ပြာများ၊ နှာခေါင်းစည်းများ၊ စောင်များ၊ ဖျာများ၊ ရေပုံးများနှင့် အမှိုက်ပုံးများကဲ့သို့သော အဓိကလိုအပ်သည့် အရေးပေါ်ပစ္စည်းများကို လက်ခံရရှိခဲ့ကြသည်ဟု UNHCRကပြောသည်။

UNHCR ကချင်းပြည်နယ် မင်းတပ်မြို့သို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးပစ္စည်းများ ပေးပို့သည့် ၎င်း၏ ဒုတိယမြောက်လုပ်ငန်းစဥ်ကို ပြီးမြောက်အောင်မြင်ခဲ့ပြီဟု ယနေ့ဒီဇင်ဘာ၇ညနေတွင် ပြောသည်။

UNHCR သည် ချင်းပြည်နယ်နှင့် မြန်မာနိုင်ငံရှိ အခြားနေရာ အသီးသီးတို့တွင် အကူအညီလိုအပ်နေသောလူမှုအသိုင်းအဝိုင်းများထံရောက်ရှိနိုင်ရန်အတွက် သင့်လျော်ရာ နည်းလမ်းပေါင်းစုံကိုရှာဖွေရန် လက်တွေ့ကွင်းဆင်းလုပ်ဆောင်နေသည့်မိတ်ဖက်အဖွဲ့များနှင့်အတူတကွ ဆက်လက်ဆောင်ရွက်နေသည်ဟုသိရသည်။

(Zawgyi)

ခ်င္းျပည္နယ္မင္းတပ္ၿမိဳ႕သို႔ လူသားခ်င္းစာနာေထာက္ထားမွုဆိုင္ရာ ကယ္ဆယ္ေရးပစၥည္းမ်ား UNHCRပို႔ေဆာင္

မင္းတပ္ၿမိဳ႕တြင္းရွိ ေနရာအႏွံ့အျပားတြင္ေနထိုင္ခိုလွုံလ်က္ရွိသည့္ ေနရပ္စြန႔္ခြာေရႊ႕ေျပာင္းေနထိုင္သူ ၆၈၀ ေက်ာ္သည္ ေနအိမ္အမိုးအကာဆိုင္ရာပစၥည္းစုံမ်ား၊ ေနေရာင္ျခည္သုံးမီးအိမ္မ်ား၊ သာမိုမီတာမ်ား၊ လက္ေဆးရည္၊ ဆပ္ျပာမ်ား၊ ႏွာေခါင္းစည္းမ်ား၊ ေစာင္မ်ား၊ ဖ်ာမ်ား၊ ေရပုံးမ်ားႏွင့္ အမွိုက္ပုံးမ်ားကဲ့သို႔ေသာ အဓိကလိုအပ္သည့္ အေရးေပၚပစၥည္းမ်ားကို လက္ခံရရွိခဲ့ၾကသည္ဟု UNHCRကေျပာသည္။

UNHCR ကခ်င္းျပည္နယ္ မင္းတပ္ၿမိဳ႕သို႔ လူသားခ်င္းစာနာေထာက္ထားမွုဆိုင္ရာ ကယ္ဆယ္ေရးပစၥည္းမ်ား ေပးပို႔သည့္ ၎၏ ဒုတိယေျမာက္လုပ္ငန္းစဥ္ကို ၿပီးေျမာက္ေအာင္ျမင္ခဲ့ၿပီဟု ယေန႔ဒီဇင္ဘာ၇ညေနတြင္ ေျပာသည္။

UNHCR သည္ ခ်င္းျပည္နယ္ႏွင့္ ျမန္မာနိုင္ငံရွိ အျခားေနရာ အသီးသီးတို႔တြင္ အကူအညီလိုအပ္ေနေသာလူမွုအသိုင္းအဝိုင္းမ်ားထံေရာက္ရွိနိုင္ရန္အတြက္ သင့္ေလ်ာ္ရာ နည္းလမ္းေပါင္းစုံကိုရွာေဖြရန္ လက္ေတြ႕ကြင္းဆင္းလုပ္ေဆာင္ေနသည့္မိတ္ဖက္အဖြဲ႕မ်ားႏွင့္အတူတကြ ဆက္လက္ေဆာင္ရြက္ေနသည္ဟုသိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here