လူသားချင်းစာနာမှုဆိုင်ရာအကူအညီများလိုအပ်နေသည့် ကလေးသူငယ် ၅သန်းခန့်ရှိဟု ယူနီဆက်ဆို

0
125

(Unicode)

လူသားချင်းစာနာမှုဆိုင်ရာအကူအညီများလိုအပ်နေသည့် ကလေးသူငယ် ၅သန်းခန့်ရှိဟု ယူနီဆက်ဆို

မြန်မာနိုင်ငံတွင် COVID-19၊ ပဋိပက္ခနှင့် ဆင်းရဲနွမ်းပါးမှု တိုးလာခြင်းကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီလိုအပ်နေသော လူဦးရေသည် အများအပြား တိုးလာခဲ့ပြီး ဤများစွာသော ခြိမ်းခြောက်မှုများသည် ကလေးသူငယ်များ၏ အသက်များ၊ ကျန်းမာရေးနှင့် သာယာဝပြောရေးတို့ကို ဆိုးရွားစွာ အန္တရာယ်ဖြစ်စေသည်ဟု ယူနီဆက်မြန်မာက ဆိုသည်။

မြန်မာနိုင်ငံတွင် ကလေးသူငယ် ၅ သန်း အပါအဝင် ခန့်မှန်းခြေ လူဦးရေ ၁၄.၄ သန်းသည် ပြင်းထန်လာသော ပဋိပက္ခနှင့် အကြမ်းဖက်မှုများ၊ ဆက်လက်ဖြစ်ပွားနေသော COVID-19 ကပ်ရောဂါ၊ ဆင်းရဲမွဲတေမှုတိုးလာခြင်းနှင့် ယိုယွင်းနေသော အများပြည်သူဝန်ဆောင်မှုများကြောင့် လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီများလိုအပ်နေပါသည်ဟုလည်းပြောသည်။

ကလေးသူငယ်များ၏ အသက်ကို ကယ်တင်ရန်၊ အနာဂတ်များကို ကာကွယ်ရန်နှင့် မျိုးဆက်တစ်ဆက်စာ ဆုံးရှုံးမှုကို ရှောင်ရှားနိုင်ရန်အတွက် ၂၀၂၂ ခုနှစ်တွင် ရန်ပုံငွေ ဒေါ်လာ ၁၅၁.၄ သန်း လိုအပ်လျက်ရှိနေသည်ဟု ယူနီဆက် ကပြောဆိုထားသည်။

ဓါတ်ပုံ-ယူနီဆက်မြန်မာ

(Zawgyi)

လူသားခ်င္းစာနာမႈဆိုင္ရာအကူအညီမ်ားလိုအပ္ေနသည့္ ကေလးသူငယ္ ၅သန္းခန႔္ရွိဟု ယူနီဆက္ဆို

ျမန္မာႏိုင္ငံတြင္ COVID-19၊ ပဋိပကၡႏွင့္ ဆင္းရဲႏြမ္းပါးမႈ တိုးလာျခင္းေၾကာင့္ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အကူအညီလိုအပ္ေနေသာ လူဦးေရသည္ အမ်ားအျပား တိုးလာခဲ့ၿပီး ဤမ်ားစြာေသာ ၿခိမ္းေျခာက္မႈမ်ားသည္ ကေလးသူငယ္မ်ား၏ အသက္မ်ား၊ က်န္းမာေရးႏွင့္ သာယာဝေျပာေရးတို႔ကို ဆိုး႐ြားစြာ အႏၲရာယ္ျဖစ္ေစသည္ဟု ယူနီဆက္ျမန္မာက ဆိုသည္။

ျမန္မာႏိုင္ငံတြင္ ကေလးသူငယ္ ၅ သန္း အပါအဝင္ ခန႔္မွန္းေျခ လူဦးေရ ၁၄.၄ သန္းသည္ ျပင္းထန္လာေသာ ပဋိပကၡႏွင့္ အၾကမ္းဖက္မႈမ်ား၊ ဆက္လက္ျဖစ္ပြားေနေသာ COVID-19 ကပ္ေရာဂါ၊ ဆင္းရဲမြဲေတမႈတိုးလာျခင္းႏွင့္ ယိုယြင္းေနေသာ အမ်ားျပည္သူဝန္ေဆာင္မႈမ်ားေၾကာင့္ လူသားခ်င္းစာနာမႈ ဆိုင္ရာ အကူအညီမ်ားလိုအပ္ေနပါသည္ဟုလည္းေျပာသည္။

ကေလးသူငယ္မ်ား၏ အသက္ကို ကယ္တင္ရန္၊ အနာဂတ္မ်ားကို ကာကြယ္ရန္ႏွင့္ မ်ိဳးဆက္တစ္ဆက္စာ ဆုံးရႈံးမႈကို ေရွာင္ရွားႏိုင္ရန္အတြက္ ၂၀၂၂ ခုႏွစ္တြင္ ရန္ပုံေငြ ေဒၚလာ ၁၅၁.၄ သန္း လိုအပ္လ်က္ရွိေနသည္ဟု ယူနီဆက္ ကေျပာဆိုထားသည္။

ဓါတ္ပုံ-ယူနီဆက္ျမန္မာ


LEAVE A REPLY

Please enter your comment!
Please enter your name here