ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် မသဉ္ဇာဇော်အား ထောင်(၃)နှစ် ထပ်မံချ

0
156

(Unicode)

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် မသဉ္ဇာဇော်အား ထောင်(၃)နှစ် ထပ်မံချ

စက်တင်ဘာလ ၁၄ရက် ညနေပိုင်းက ရန်ကုန်ကျောက်တံတားတွင် ဖမ်းဆီးထိန်းသိမ်းခြင်းခံလိုက်ရသော ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် မသဉ္ဇာဇော်အား တရားရုံးက ပုဒ်မ ၅၀၅ – က ဖြင့် ယနေ့ ဒီဇင်ဘာလ ၈ရက်‌နေ့၌ ထောင်ဒဏ် ၃နှစ်ချမှတ်ခဲ့သည်ဟု ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂထံကသိရသည်။

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်ဓာတုဗေဒ-တတိယနှစ်ကျောင်းသူ မသဉ္ဇာဇော်သည် နိုဝင်ဘာလ ၈ရက်‌နေ့ကလည်း ရာဇသတ်ကြီးပုဒ်မ ၁၂၄ – ခ(က) ဖြင့် ထောင် ၁၀နှစ် ချမှတ်ခြင်းကို ခံထားရသူဖြစ်၍ အမှုနှစ်ခုပေါင်း ထောင်၁၃နှစ်ကျခံနေရသည်။

သူမ အပါအဝင် ဒဂုံတက္ကသိုလ်မှကျောင်းသား‌ ကျောင်းသူ ၆ဦးသည် စက်တင်ဘာလ ၁၄ရက်နေ့ ညပိုင်း ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ်၌ ဖမ်းဆီးခြင်းကိုခံခဲ့ရသည်။ ထို၆ဦးထဲပါဝင်‌သော ကိုစည်သူအောင်တင်သည် နိုဝင်ဘာလ ၃ရက်နေ့၌ ထောင် ၁၀နှစ်ချမှတ်ခြင်းခံခဲ့ရပြီး ကျန်‌ကျောင်းသား‌၊ကျောင်းသူ ၄ဦး၏ အမှုများကိုမူ ယနေ့အချိန်ထိ အမိန့်ချခြင်းမရှိသေးဟု ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂက ပြောဆိုသည်။

(Zawgyi)

ဒဂုံတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢအဖြဲ႕ဝင္ မသၪၨာေဇာ္အား ေထာင္(၃)ႏွစ္ ထပ္မံခ်

စက္တင္ဘာလ ၁၄ရက္ ညေနပိုင္းက ရန္ကုန္ေက်ာက္တံတားတြင္ ဖမ္းဆီးထိန္းသိမ္းျခင္းခံလိုက္ရေသာ ဒဂုံတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢအဖြဲ႕ဝင္ မသၪၨာေဇာ္အား တရား႐ုံးက ပုဒ္မ ၅၀၅ – က ျဖင့္ ယေန႔ ဒီဇင္ဘာလ ၈ရက္‌ေန႔၌ ေထာင္ဒဏ္ ၃ႏွစ္ခ်မွတ္ခဲ့သည္ဟု ဒဂုံတကၠသိုလ္ေက်ာင္းသားသမဂၢထံကသိရသည္။

ဒဂုံတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢအဖြဲ႕ဝင္ဓာတုေဗဒ-တတိယႏွစ္ေက်ာင္းသူ မသၪၨာေဇာ္သည္ ႏိုဝင္ဘာလ ၈ရက္‌ေန႔ကလည္း ရာဇသတ္ႀကီးပုဒ္မ ၁၂၄ – ခ(က) ျဖင့္ ေထာင္ ၁၀ႏွစ္ ခ်မွတ္ျခင္းကို ခံထားရသူျဖစ္၍ အမႈႏွစ္ခုေပါင္း ေထာင္၁၃ႏွစ္က်ခံေနရသည္။

သူမ အပါအဝင္ ဒဂုံတကၠသိုလ္မွေက်ာင္းသား‌ ေက်ာင္းသူ ၆ဦးသည္ စက္တင္ဘာလ ၁၄ရက္ေန႔ ညပိုင္း ရန္ကုန္တိုင္း ေက်ာက္တံတားၿမိဳ႕နယ္၌ ဖမ္းဆီးျခင္းကိုခံခဲ့ရသည္။ ထို၆ဦးထဲပါဝင္‌ေသာ ကိုစည္သူေအာင္တင္သည္ ႏိုဝင္ဘာလ ၃ရက္ေန႔၌ ေထာင္ ၁၀ႏွစ္ခ်မွတ္ျခင္းခံခဲ့ရၿပီး က်န္‌ေက်ာင္းသား‌၊ေက်ာင္းသူ ၄ဦး၏ အမႈမ်ားကိုမူ ယေန႔အခ်ိန္ထိ အမိန႔္ခ်ျခင္းမရွိေသးဟု ဒဂုံတကၠသိုလ္ေက်ာင္းသားသမဂၢက ေျပာဆိုသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here