မန္တလေးမြို့တော်ဝန်ဟောင်းဒေါက်တာရဲလွင်ကို ထောင် ၂နှစ်ချ

0
179

(Unicode)

မန္တလေးမြို့တော်ဝန်ဟောင်းဒေါက်တာရဲလွင်ကို ထောင် ၂နှစ်ချ

မန္တလေးမြို့တော်ဝန်ဟောင်း ဒေါက်တာရဲလွင် ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နှင့် ပုဒ်မ ၃၀-က ဖြင့် ထောင်ဒဏ် ၂ နှစ် ကျခံစေရန် တရားရုံးက ဒီဇင်ဘာလ ၈ရက်က အမိန့် ချမှတ်ခဲ့သည်။

မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်နှင့်အတူ စွဲဆိုခံထားရသော သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အမှုများအတွက် ရုံးတော်က အထက်ပါအမိန့်ကို ချမှတ်ခဲ့ခြင်းဖြစ်သည်။

ကိုဗစ်ကပ်ရောဂါကာလအတွင်း ကျန်းမာရေးဆိုင်ရာအသိပေးလမ်းညွှန်ချက်ကို ဖယ်ခွာပြီး လူစုလူဝေးဆောင်ရွက်ခဲ့သည့်အတွက်ကြောင့်ဟု ဆိုပြီး တရားလိုများက တိုင်တန်း အမှုဖွင့်ဆောင်ရွက်ခဲ့သည့် အမှုဖြစ်သည်။

ယင်းအမှုများဖြင့် ပင် ဒေါက်တာဇော်မြင့်မောင်လည်း ဒီဇင်ဘာ ၈ရက်က ထောင် ၂နှစ်ကျခံခဲ့ရသည်။

ဒေါက်တာရဲလွင်အပြင် အိုးဘိုအကျဉ်းထောင်ထဲ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မန္တလေး တိုင်းအစိုးရ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဟောင်း ဦးဇာနည်အောင်၊စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဟောင်းဒေါက်တာစိုးသန်း၊မန္တလေးတိုင်း NLDပါတီ အတွင်းရေးမှူး ဦးတင်ကိုကို တို့လည်း သဘာဝဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နှင့် ပုဒ်မ ၃၀-က ဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခြင်းခံခဲ့ရသည်။

“သဘာဝဘေးစီမံ အမှုတွေနဲ့ ပတ်သတ်ပြီး ချုပ်ရက်တွေကို ထုတ်နုတ် ခံစားခွင့်ရခဲ့ပါတယ်”လို့ ရှေ့နေများကပြောပြသည်။

မန္တလေးတိုင်းအစိုးရ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဟောင်း ဦးဇာနည်အောင်သည် မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် ကျန်းမာရေးအခြေအနေကြောင့် ဆေးကုသမှုခံယူ နေရစဉ်ကာလအတွင်း ခေတ္တဝန်ကြီးချုပ် အဖြစ် တာဝန်လွှဲပြောင်း ထမ်းဆောင်ခဲ့ရသူဖြစ်သည်။

(Zawgyi)

မႏၲေလးၿမိဳ႕ေတာ္ဝန္ေဟာင္းေဒါက္တာရဲလြင္ကို ေထာင္ ၂ႏွစ္ခ်

မႏၲေလးၿမိဳ႕ေတာ္ဝန္ေဟာင္း ေဒါက္တာရဲလြင္ ကို သဘာဝေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲမွု ဥပေဒပုဒ္မ ၂၅ ႏွင့္ ပုဒ္မ ၃၀-က ျဖင့္ ေထာင္ဒဏ္ ၂ ႏွစ္ က်ခံေစရန္ တရား႐ုံးက ဒီဇင္ဘာလ ၈ရက္က အမိန႔္ ခ်မွတ္ခဲ့သည္။

မႏၲေလးတိုင္းဝန္ႀကီးခ်ဳပ္ေဟာင္း ေဒါက္တာေဇာ္ျမင့္ေမာင္ႏွင့္အတူ စြဲဆိုခံထားရေသာ သဘာဝေဘး အႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမွု အမွုမ်ားအတြက္ ႐ုံးေတာ္က အထက္ပါအမိန႔္ကို ခ်မွတ္ခဲ့ျခင္းျဖစ္သည္။

ကိုဗစ္ကပ္ေရာဂါကာလအတြင္း က်န္းမာေရးဆိုင္ရာအသိေပးလမ္းညႊန္ခ်က္ကို ဖယ္ခြာၿပီး လူစုလူေဝးေဆာင္ရြက္ခဲ့သည့္အတြက္ေၾကာင့္ဟု ဆိုၿပီး တရားလိုမ်ားက တိုင္တန္း အမွုဖြင့္ေဆာင္ရြက္ခဲ့သည့္ အမွုျဖစ္သည္။

ယင္းအမွုမ်ားျဖင့္ ပင္ ေဒါက္တာေဇာ္ျမင့္ေမာင္လည္း ဒီဇင္ဘာ ၈ရက္က ေထာင္ ၂ႏွစ္က်ခံခဲ့ရသည္။

ေဒါက္တာရဲလြင္အျပင္ အိုးဘိုအက်ဥ္းေထာင္ထဲ ဖမ္းဆီးထိန္းသိမ္းခံထားရသည့္ မႏၲေလး တိုင္းအစိုးရ လၽွပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးေဟာင္း ဦးဇာနည္ေအာင္၊စိုက္ပ်ိဳးေရး၊ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးေဟာင္းေဒါက္တာစိုးသန္း၊မႏၲေလးတိုင္း NLDပါတီ အတြင္းေရးမွူး ဦးတင္ကိုကို တို႔လည္း သဘာဝေဘး အႏၲရာယ္ ဆိုင္ရာ စီမံခန႔္ခြဲမွု ဥပေဒပုဒ္မ ၂၅ ႏွင့္ ပုဒ္မ ၃၀-က ျဖင့္ ေထာင္ဒဏ္ ၂ ႏွစ္ ခ်မွတ္ျခင္းခံခဲ့ရသည္။

“သဘာဝေဘးစီမံ အမွုေတြနဲ႔ ပတ္သတ္ၿပီး ခ်ဳပ္ရက္ေတြကို ထုတ္ႏုတ္ ခံစားခြင့္ရခဲ့ပါတယ္”လို႔ ေရွ႕ေနမ်ားကေျပာျပသည္။

မႏၲေလးတိုင္းအစိုးရ လၽွပ္စစ္ႏွင့္ စြမ္းအင္ ဝန္ႀကီးေဟာင္း ဦးဇာနည္ေအာင္သည္ မႏၲေလးတိုင္း ေဒသႀကီး ဝန္ႀကီးခ်ဳပ္ ေဒါက္တာ ေဇာ္ျမင့္ေမာင္ က်န္းမာေရးအေျခအေနေၾကာင့္ ေဆးကုသမွုခံယူ ေနရစဥ္ကာလအတြင္း ေခတၱဝန္ႀကီးခ်ဳပ္ အျဖစ္ တာဝန္လႊဲေျပာင္း ထမ္းေဆာင္ခဲ့ရသူျဖစ္သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here