လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး(ဟောင်း)ဦးဝင်းခိုင်နဲ့ဒုဝန်ကြီး(ဟောင်း) နှစ်ယောက်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့အမှုဖွင့်

0
75

(Unicode)

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး(ဟောင်း)ဦးဝင်းခိုင်နဲ့ဒုဝန်ကြီး(ဟောင်း) နှစ်ယောက်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့အမှုဖွင့်

ယခင်အစိုးရအဖွဲ့မှ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဟောင်းအပါအဝင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးဟောင်း နှစ်ဦးတို့အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ပထမ သတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်နေသည်ဟု သတင်းထုတ်ပြန်ချက်များအရသိရသည်။

သတင်းထုတ်ပြန်ချက်အရ-လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဝင်းခိုင်နှင့် ဒုတိယဝန်ကြီး ဟောင်း ဒေါက်တာထွန်းနိုင်တို့သည် ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာနက ဆောင်ရွက်သည့် အထက်ရဲရွာ ရေအားလျှပ်စစ်စီ မံကိန်းမှ ရေသွယ်ဥမင်ဖောက်လုပ်ခြင်းလုပ်ငန်း (Underground Works) အား နိုင်ငံတကာကုမ္ပဏီ တစ်ခုနှင့် ၂၀၁၅ ခုနှစ် မတ် ၁၂ ရက်တွင် စာချုပ် ချုပ်ဆိုဆောင်ရွက်ခဲ့ရာတွင် မူလစာချုပ်ပါလုပ်ငန်း ပြီးစီးရမည့် ကာလမှာ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၄ ရက်အထိ လ ၄၀ သတ်မှတ်ခဲ့ခြင်းကို ဝန်ကြီးဌာန၏ လုပ်ငန်းဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ(MC)နှင့် အမှုဆောင်ကော်မတီ (EC) အစည်းအဝေး ဆုံးဖြတ်ချက် များဖြင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၄ ရက်ထိ ၁၆ လ သက်တမ်းတိုး ပေးခဲ့ခြင်းသည် ပြည်ထောင်စုအစိုးရအဖွဲ့က ညွှန်ကြား ထားသည့် သဘောတူညီချက်များ ချုပ်ဆိုခြင်း၊ ပြင်ဆင်ခြင်း၊ ဖျက်သိမ်းခြင်း၊ သက်တမ်းတိုးကိစ္စရပ်များတွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို၏ သဘောထားမှတ်ချက်ဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့၊ စီးပွားရေးရာကော်မတီသို့ တင်ပြရမည်ဖြစ်သော်လည်း လုပ်ထုံးလုပ်နည်း နှင့်အညီ ဆောင်ရွက်ခြင်းမပြုဘဲ ၁၆ လ သက်တမ်းတိုးမြှင့်ခွင့်ပြုပေးခဲ့သဖြင့် ထုတ်လုပ်မှု ကီလိုဝပ်နာရီ(ယူနစ်) သန်းပေါင်း ၁၈၀၀ ကျော်ခန့် ထုတ်လုပ်နိုင်မှုမရှိသည့်အတွက် နိုင်ငံတော်၏ ဘဏ္ဍာ ငွေကျပ် ၃၀ ဘီလီယံခန့် ထိခိုက်နစ်နာ ဆုံးရှုံးစေခဲ့ကြောင်း။လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဝင်းခိုင်နှင့် ဒုတိယဝန်ကြီးဟောင်း ဒေါက်တာထွန်းနိုင်တို့သည် ထားဝယ်ဒေသ တွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး ဆောင်ရွက်သည့် တနင်္သာရီတိုင်းဒေသကြီးအစိုးရက စီမံခန့်ခွဲသည့် GGS ကုမ္ပဏီအတွက် ဓာတ်ငွေ့ဖိုး ငွေကျပ် ၆ ဘီလီယံကျော်ခန့်ကို ပြည်ထောင်စုအစိုးရအဖွဲသို့ တင်ပြ ခွင့်ပြုချက်ရယူမှုမရှိဘဲ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းဌာန ဘတ်ဂျက်မှ ကြိုတင်စိုက်ထုတ်ပေးချေရန် ခွင့်ပြုခဲ့ခြင်း၊ ဒုတိယဝန်ကြီးဟောင်း ဦးခင်မောင်ဝင်းသည် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး တာဝန်ထမ်းဆောင် ခဲ့စဉ်က ဓာတ်ငွေ့ဖိုး ငွေကျပ် ၆ ဘီလီယံကျော်ခန့်ကို နိုင်ငံတော်ဘဏ္ဍာတွင် ဘတ်ဂျက်ငွေ တင်ပြတောင်းခံပေး ချေခဲ့ခြင်း၊ ဓာတ်ငွေ့ဖိုးငွေများကို ပြန်လည်ရရှိရေး ခိုင်မာသည့် သဘောတူညီမှု တစ်ရပ်ရပ် စာချုပ် ချုပ်ဆိုမှုမရှိခြင်း၊ ဓာတ်ငွေ့ဖိုး ကြွေးကျန်ဖြစ်ပေါ်နေမှုကို ဝန်ကြီးဌာန အမှုဆောင် ကော်မတီအစည်းအဝေး (EC)သို့ တင်ပြမှုမရှိခြင်း၊ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေး ဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းအပိုဒ် ၁၂၃ ၊ အပိုဒ်ခွဲ(ဃ) ကို လိုက်နာမှုမရှိဘဲ ဆောင်ရွက်ခဲ့ခြင်းတို့ကြောင့် နိုင်ငံတော်၏ဘဏ္ဍာ ငွေကျပ် ၆ ဘီလီယံကျော်ခန့် ထိခိုက် နစ်နာစေခဲ့ခြင်းဖြစ်ကြောင်း၊ ဒုတိယဝန်ကြီးဟောင်း ဦးခင်မောင်ဝင်းသည် ဦးဆောင်ညွှန်ကြားရေးမှူး တာဝန်ထမ်းဆောင်ခဲ့စဉ်က နိုင်ငံတော်၏ငွေကြေးကို ထိခိုက်နစ်နာဆုံးရှုံးစေရာတွင် အားပေးကူညီခြင်းဖြစ်ကြောင်း။စစ်ဆေးပေါ်ပေါက်ချက်များအရ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဝင်းခိုင်နှင့် ဒုတိယဝန်ကြီးဟောင်း ဦးထွန်းနိုင်တိုအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရလည်းကောင်း၊ ဒုတိယဝန်ကြီးဟောင်း ဦးခင်မောင်ဝင်း အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅/၆၃ အရလည်းကောင်း နေပြည်တော် ဘုရားကုန်း မြို့မရဲစခန်းတွင် ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်ထားကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ပြောဆိုထားသည်။

(Zawgyi)

လၽွပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာန၊ျပည္ေထာင္စုဝန္ႀကီး(ေဟာင္း)ဦးဝင္းခိုင္နဲ႔ဒုဝန္ႀကီး(ေဟာင္း) ႏွစ္ေယာက္ကို အဂတိလိုက္စားမွုတိုက္ဖ်က္ေရးဥပေဒနဲ႔အမွုဖြင့္

ယခင္အစိုးရအဖြဲ႕မွ လၽွပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီးေဟာင္းအပါအဝင္ လၽွပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာန ဒုတိယဝန္ႀကီးေဟာင္း ႏွစ္ဦးတို႔အား အဂတိလိုက္စားမွု တိုက္ဖ်က္ေရးေကာ္မရွင္မွ ပထမ သတင္းေပး တိုင္ၾကားခ်က္ဖြင့္လွစ္၍ တရားစြဲဆို အေရးယူနိုင္ေရး ေဆာင္ရြက္ေနသည္ဟု သတင္းထုတ္ျပန္ခ်က္မ်ားအရသိရသည္။

သတင္းထုတ္ျပန္ခ်က္အရ-လၽွပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီးေဟာင္း ဦးဝင္းခိုင္ႏွင့္ ဒုတိယဝန္ႀကီး ေဟာင္း ေဒါက္တာထြန္းနိုင္တို႔သည္ ေရအားလၽွပ္စစ္ အေကာင္အထည္ေဖာ္ေရးဦးစီးဌာနက ေဆာင္ရြက္သည့္ အထက္ရဲရြာ ေရအားလၽွပ္စစ္စီ မံကိန္းမွ ေရသြယ္ဥမင္ေဖာက္လုပ္ျခင္းလုပ္ငန္း (Underground Works) အား နိုင္ငံတကာကုမၸဏီ တစ္ခုႏွင့္ ၂၀၁၅ ခုႏွစ္ မတ္ ၁၂ ရက္တြင္ စာခ်ဳပ္ ခ်ဳပ္ဆိုေဆာင္ရြက္ခဲ့ရာတြင္ မူလစာခ်ဳပ္ပါလုပ္ငန္း ၿပီးစီးရမည့္ ကာလမွာ ၂၀၁၈ ခုႏွစ္ စက္တင္ဘာ ၂၄ ရက္အထိ လ ၄၀ သတ္မွတ္ခဲ့ျခင္းကို ဝန္ႀကီးဌာန၏ လုပ္ငန္းဆိုင္ရာ စီမံခန႔္ခြဲမွုေကာ္မတီ(MC)ႏွင့္ အမွုေဆာင္ေကာ္မတီ (EC) အစည္းအေဝး ဆုံးျဖတ္ခ်က္ မ်ားျဖင့္ ၂၀၂၀ ျပည့္ႏွစ္ ဇန္နဝါရီ ၂၄ ရက္ထိ ၁၆ လ သက္တမ္းတိုး ေပးခဲ့ျခင္းသည္ ျပည္ေထာင္စုအစိုးရအဖြဲ႕က ညႊန္ၾကား ထားသည့္ သေဘာတူညီခ်က္မ်ား ခ်ဳပ္ဆိုျခင္း၊ ျပင္ဆင္ျခင္း၊ ဖ်က္သိမ္းျခင္း၊ သက္တမ္းတိုးကိစၥရပ္မ်ားတြင္ စီမံကိန္းႏွင့္ ဘ႑ာေရး ဝန္ႀကီးဌာန၊ ရင္းႏွီးျမႇုပ္ႏွံမွုႏွင့္ နိုင္ငံျခားစီးပြား ဆက္သြယ္ေရး ဝန္ႀကီးဌာန၊ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္႐ုံး၊ ျပည္ေထာင္စုစာရင္းစစ္ခ်ဳပ္႐ုံးႏွင့္ ျမန္မာနိုင္ငံေတာ္ ဗဟိုဘဏ္တို၏ သေဘာထားမွတ္ခ်က္ျဖင့္ ျပည္ေထာင္စုအစိုးရအဖြဲ႕၊ စီးပြားေရးရာေကာ္မတီသို႔ တင္ျပရမည္ျဖစ္ေသာ္လည္း လုပ္ထုံးလုပ္နည္း ႏွင့္အညီ ေဆာင္ရြက္ျခင္းမျပဳဘဲ ၁၆ လ သက္တမ္းတိုးျမႇင့္ခြင့္ျပဳေပးခဲ့သျဖင့္ ထုတ္လုပ္မွု ကီလိုဝပ္နာရီ(ယူနစ္) သန္းေပါင္း ၁၈၀၀ ေက်ာ္ခန႔္ ထုတ္လုပ္နိုင္မွုမရွိသည့္အတြက္ နိုင္ငံေတာ္၏ ဘ႑ာ ေငြက်ပ္ ၃၀ ဘီလီယံခန႔္ ထိခိုက္နစ္နာ ဆုံးရွုံးေစခဲ့ေၾကာင္း။လၽွပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီးေဟာင္း ဦးဝင္းခိုင္ႏွင့္ ဒုတိယဝန္ႀကီးေဟာင္း ေဒါက္တာထြန္းနိုင္တို႔သည္ ထားဝယ္ေဒသ တြင္ လၽွပ္စစ္ဓာတ္အား ထုတ္လုပ္ေရး ေဆာင္ရြက္သည့္ တနသၤာရီတိုင္းေဒသႀကီးအစိုးရက စီမံခန႔္ခြဲသည့္ GGS ကုမၸဏီအတြက္ ဓာတ္ေငြ႕ဖိုး ေငြက်ပ္ ၆ ဘီလီယံေက်ာ္ခန႔္ကို ျပည္ေထာင္စုအစိုးရအဖြဲသို႔ တင္ၿပ ခြင့္ျပဳခ်က္ရယူမွုမရွိဘဲ လၽွပ္စစ္ဓာတ္အား ထုတ္လုပ္ေရးလုပ္ငန္းဌာန ဘတ္ဂ်က္မွ ႀကိဳတင္စိုက္ထုတ္ေပးေခ်ရန္ ခြင့္ျပဳခဲ့ျခင္း၊ ဒုတိယဝန္ႀကီးေဟာင္း ဦးခင္ေမာင္ဝင္းသည္ လၽွပ္စစ္ဓာတ္အား ထုတ္လုပ္ေရးလုပ္ငန္း၊ ဦးေဆာင္ညႊန္ၾကားေရးမွူး တာဝန္ထမ္းေဆာင္ ခဲ့စဥ္က ဓာတ္ေငြ႕ဖိုး ေငြက်ပ္ ၆ ဘီလီယံေက်ာ္ခန႔္ကို နိုင္ငံေတာ္ဘ႑ာတြင္ ဘတ္ဂ်က္ေငြ တင္ျပေတာင္းခံေပး ေခ်ခဲ့ျခင္း၊ ဓာတ္ေငြ႕ဖိုးေငြမ်ားကို ျပန္လည္ရရွိေရး ခိုင္မာသည့္ သေဘာတူညီမွု တစ္ရပ္ရပ္ စာခ်ဳပ္ ခ်ဳပ္ဆိုမွုမရွိျခင္း၊ ဓာတ္ေငြ႕ဖိုး ေႂကြးက်န္ျဖစ္ေပၚေနမွုကို ဝန္ႀကီးဌာန အမွုေဆာင္ ေကာ္မတီအစည္းအေဝး (EC)သို႔ တင္ျပမွုမရွိျခင္း၊ ျမန္မာနိုင္ငံ၏ ဘ႑ာေရး ဆိုင္ရာ စီမံခန႔္ခြဲမွုဆိုင္ရာ စည္းမ်ဥ္းအပိုဒ္ ၁၂၃ ၊ အပိုဒ္ခြဲ(ဃ) ကို လိုက္နာမွုမရွိဘဲ ေဆာင္ရြက္ခဲ့ျခင္းတို႔ေၾကာင့္ နိုင္ငံေတာ္၏ဘ႑ာ ေငြက်ပ္ ၆ ဘီလီယံေက်ာ္ခန႔္ ထိခိုက္ နစ္နာေစခဲ့ျခင္းျဖစ္ေၾကာင္း၊ ဒုတိယဝန္ႀကီးေဟာင္း ဦးခင္ေမာင္ဝင္းသည္ ဦးေဆာင္ညႊန္ၾကားေရးမွူး တာဝန္ထမ္းေဆာင္ခဲ့စဥ္က နိုင္ငံေတာ္၏ေငြေၾကးကို ထိခိုက္နစ္နာဆုံးရွုံးေစရာတြင္ အားေပးကူညီျခင္းျဖစ္ေၾကာင္း။စစ္ေဆးေပၚေပါက္ခ်က္မ်ားအရ လၽွပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီးေဟာင္း ဦးဝင္းခိုင္ႏွင့္ ဒုတိယဝန္ႀကီးေဟာင္း ဦးထြန္းနိုင္တိုအား အဂတိလိုက္စားမွု တိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၅ အရလည္းေကာင္း၊ ဒုတိယဝန္ႀကီးေဟာင္း ဦးခင္ေမာင္ဝင္း အား အဂတိလိုက္စားမွု တိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၅/၆၃ အရလည္းေကာင္း ေနျပည္ေတာ္ ဘုရားကုန္း ၿမိဳ႕မရဲစခန္းတြင္ ပထမသတင္းေပးတိုင္ၾကားခ်က္ ဖြင့္လွစ္ထားေၾကာင္း အဂတိလိုက္စားမွု တိုက္ဖ်က္ေရး ေကာ္မရွင္က ေျပာဆိုထားသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here