ဗောဓိရိပ်ငြိမ်ဆရာတော်ကြီးထံပါး အဆိုတော် ဖြိုးမြတ်အောင် ကပ္ပိယ အဖြစ် ဝတ်ဖြည့်နေ
0
263
(Unicode)
ဗောဓိရိပ်ငြိမ်ဆရာတော်ကြီးထံပါး အဆိုတော် ဖြိုးမြတ်အောင် ကပ္ပိယ အဖြစ် ဝတ်ဖြည့်နေ
ယ နေ့ နံနက် ၉နာရီက ဇလွန်မြို့ပြည် တော်ပြန်ဘုရားကြီးတွင် ဗောဓိရိပ်ငြိမ်ဆရာ တော်ကြီးနှင့် သံဃာ တော်များက ဘုရားကြီးအား အနေကဇာတင် ခဲ့ကြပါတယ်။
“ဝါဆိုလမှာ ပျံလွန်တော်မူသွားခဲ့တဲ့ သက်တော် (၈၉)နှစ်ရှိ ဟင်္သာတ
ရတနာ့ဗိမ္မာန် ပရိယတ္တိစာ သင်တိုက် ဆရာတော် ဘဒ္ဒန္တဇာဂရကို ရည်စူး၍
ဆရာတော်ရဲ့ အထိမ်းအမှတ်အနေဖြင့် တပည့်များက ဩဝါဒခံယူပွဲနှင့်ပူဇော်ပွဲ၊ကျောင်းတိုက် ရှိ သက်ကြီးဝါကြီးဆရာတော်များကို ရိုသေ လေးမြတ်စွာဖြင့် ဝန်ချတောင်းပန်ကန်တော့ပွဲ ပြုလုပ်ကြဖို့အစည်းဝေးလုပ်ဖို့ ဟင်္သာတအသွားမှာ ဇလွန်ကို ဝင်ရင်းယခုလို အနေကဇာတင်ဖြစ်ကြောင်း ဗောဓိရိပ်ငြိမ် ဆရာတော်ကမိန့်ပါတယ်။
အစည်းအဝေးတွင် ရတနာ့ဗိမ္မာန်နွယ်ဖွားဆရာတော် များနှင့် အနယ်နယ်အရပ်ရပ်မှာရှိနေကြတဲ့ ရတနာ့ဗိမ္မာန်ထွက် ဆရာတော််များ တက်ရောက်ခဲ့ကြပါတယ်။ပျံတော်မူသွားသည့် ဆရာတော်ကြီး ဦးဇာဂရ ၏ အရိုးအိုးကို ပြာသိုလပြည့်နေ့တွင် ရေမျောပူဇော်မည်ဟုသိရသည်။
မြန်မာနိုင်ငံသူ၊နိုင်ငံသားများနှင့် ကမ္ဘာသူကမ္ဘာသားအားလုံး ကျန်းမာချမ်းသာခြင်း၊ငြိမ်းချမ်းခြင်းများ ပြည့်စုံပါစေခြင်းအကျိုးငှါ အနေကဇာတင်ခြင်းနှင့် မေတ္တာပို့ခြင်းများကို ပြုလုပ်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာရှိနေတဲ့ နိုင်ငံသူနိုင်ငံသားအားလုံးလည်းပဲ မိမိတိုရဲ့နှလုံးသားထဲမှာအငြိမ်းဓာတ် တွေကိုယ်စီကိုယ်ငှရပြီး ငြိမ်းချမ်းနိုင်တဲ့ပုဂ္ဂိုလ် များ ဖြစ်စေဖို့လည်း ဆရာတော်များက ဆု တောင်းမေတ္တာပိုသခဲ့ကြပါတယ်။
ဟင်္သာတသား အဆို တော် ဖြိုးမြတ် အောင်လည်း ဆရာ တော်တို့ကိုကပ္ပိ ယအဖြစ် လိုက်ပါဝတ်ဖြည့်ခဲ့ပါတယ်။
(Zawgyi)
မိန့်ပါတယ်။
LEAVE A REPLY
Please enter your comment!
Please enter your name here