ဘင်္ဂလားဒေ့ရှ်သို့ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းသွားရောက်လုပ်ကိုင်ခဲ့သည့် ရခိုင်ပြည်နယ် လှေလုပ်သား (၇) ဦးထံမှ ကိုဗစ်ပိုးတွေ့

0
160

ဘင်္ဂလားဒေ့ရှ်သို့ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းသွားရောက်လုပ်ကိုင်ခဲ့သည့် ရခိုင်ပြည်နယ် လှေလုပ်သား (၇) ဦးထံမှ ကိုဗစ်ပိုးတွေ့

တစ်ဖက်နိုင်ငံဘင်္ဂလားဒေ့ရှ်သို့ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်း များ လုပ်ကိုင်နေကြသည့် လှေလုပ်သား (၇)ဦးထံမှ ကိုဗစ်ပိုးတွေ့ရှိမှု ဒီဇင်ဘာလ ၇ရက်နေ့က ဖြစ်ပေါ်ခဲ့ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထံကသိရသည်။

ငွေတင်းပြည့်ကုမ္ပဏီ၊ စီးပွားအောင် (၁) ရေယာဉ်နှင့် မောင်ဖြူနှင့်သား များကုမ္ပဏီ၊ ပြည့်ဖြိုးလှုံ (၁) ရေယာဉ် တို့သည် တစ်ဖက်နိုင်ငံမှ စစ်တွေမြို့သို့ ပြန်လည်ဝင်ရောက် လာပြီး အခေါက်ရေ (၄) ကြိမ် ပြည့်သွားပြီဖြစ်ပါ၍ စစ်တွေ(ရွှေမင်းဂံ) ဆိပ်ကမ်းတွင် ၂၉-၁၁-၂၀၂၁ ရက်နေ့နှင့် ၁ – ၁၂ -၂၀၂၁ ရက်နေ့မှစ၍ Quarantine ဝင်ရောက်ခဲ့ရာ Quarantine ဝင်ရောက်နေသည့် ကာလအတွင်း စီးပွားအောင် (၁) ရေယာဉ်မှ လုပ်သား (၇) ဦးနှင့် ပြည့်ဖြိုးလျှံ (၁) ရေယာဉ်မှ လုပ်သား (၆) ဦးတို့အား ကိုဗစ်ဆိုင်ရာ စည်းကမ်း ချက်များနှင့်အညီ ၇ – ၁၂ – ၂၀၂၁ ရက်နေ့တွင် RDT Test Kit ဖြင့် Swab စစ်ဆေးခဲ့ရာမှ လှေလုပ်သား (၇) ဦးထံမှ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ကုန်စည်စီးဆင်းမှုမြန်ဆန်ရေးနှင့်ကိုဗစ် -၁၉ရောဂါကာကွယ်တားဆီး နိုင် ရေး နှင့် စစ်တွေ (ရွှေမင်းဂံ) ကုန်သွယ် ရေး လုပ် ငန်း များ ကြီး ကြပ် ရေး အ ဖွဲ့က ပြည်နယ်ဝန်ကြီးချုပ်ထံ တင်ပြထားသည်။

“၇-၁၂ -၂၁ နေ စစ်တွေ ပိုးတွေ့များရတာက နယ်စပ်ကုန်သွယ်ရေးစက်လှေလုပ်သားတွေကို မပြတ်စစ်ဆေးနေလို့ပါ။နယ်စပ်ကုန်သွယ်ရေးအရှိန်အဟုန် ကောင်းနေပါတယ်။အစိုးရပိုင်းက အမြဲမပြတ်စောင့်ကြည့်နေပါတယ်”ဟု တာဝန်ရှိသူတို့က ပြောကြားထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ၁ရက်နေ့ကလည်း ရခိုင်ပြည်နယ်စစ်တွေတွင် ကိုဗစ်ပိုးကူးစက်ခံရသူ ၁၁ဦးရှိခဲ့ရာတွင် နယ်စပ်ကုန်သွယ်ရေး စက်လှေ လုပ်သား(၉)ဦး ပါဝင်နေကြောင်း သိရသည်။

(Zawgyi)

ဘဂၤလားေဒ့ရွ္သို႔ နယ္စပ္ကုန္သြယ္ေရးလုပ္ငန္းသြားေရာက္လုပ္ကိုင္ခဲ့သည့္ ရခိုင္ျပည္နယ္ ေလွလုပ္သား (၇) ဦးထံမွ ကိုဗစ္ပိုးေတြ႕

တစ္ဖက္နိုင္ငံဘဂၤလားေဒ့ရွ္သို႔ နယ္စပ္ကုန္သြယ္ေရးလုပ္ငန္း မ်ား လုပ္ကိုင္ေနၾကသည့္ ေလွလုပ္သား (၇)ဦးထံမွ ကိုဗစ္ပိုးေတြ႕ရွိမွု ဒီဇင္ဘာလ ၇ရက္ေန႔က ျဖစ္ေပၚခဲ့ေၾကာင္း ရခိုင္ျပည္နယ္အစိုးရအဖြဲ႕ထံကသိရသည္။

ေငြတင္းျပည့္ကုမၸဏီ၊ စီးပြားေအာင္ (၁) ေရယာဥ္ႏွင့္ ေမာင္ျဖဴႏွင့္သား မ်ားကုမၸဏီ၊ ျပည့္ၿဖိဳးလွုံ (၁) ေရယာဥ္ တို႔သည္ တစ္ဖက္နိုင္ငံမွ စစ္ေတြၿမိဳ႕သို႔ ျပန္လည္ဝင္ေရာက္ လာၿပီး အေခါက္ေရ (၄) ႀကိမ္ ျပည့္သြားၿပီျဖစ္ပါ၍ စစ္ေတြ(ေရႊမင္းဂံ) ဆိပ္ကမ္းတြင္ ၂၉-၁၁-၂၀၂၁ ရက္ေန႔ႏွင့္ ၁ – ၁၂ -၂၀၂၁ ရက္ေန႔မွစ၍ Quarantine ဝင္ေရာက္ခဲ့ရာ Quarantine ဝင္ေရာက္ေနသည့္ ကာလအတြင္း စီးပြားေအာင္ (၁) ေရယာဥ္မွ လုပ္သား (၇) ဦးႏွင့္ ျပည့္ၿဖိဳးလၽွံ (၁) ေရယာဥ္မွ လုပ္သား (၆) ဦးတို႔အား ကိုဗစ္ဆိုင္ရာ စည္းကမ္း ခ်က္မ်ားႏွင့္အညီ ၇ – ၁၂ – ၂၀၂၁ ရက္ေန႔တြင္ RDT Test Kit ျဖင့္ Swab စစ္ေဆးခဲ့ရာမွ ေလွလုပ္သား (၇) ဦးထံမွ ကိုဗစ္-၁၉ ပိုးေတြ႕ရွိခဲ့ျခင္းျဖစ္သည္ဟု ကုန္စည္စီးဆင္းမွုျမန္ဆန္ေရးႏွင့္ကိုဗစ္ -၁၉ေရာဂါကာကြယ္တားဆီး နိုင္ ေရး ႏွင့္ စစ္ေတြ (ေရႊမင္းဂံ) ကုန္သြယ္ ေရး လုပ္ ငန္း မ်ား ႀကီး ၾကပ္ ေရး အ ဖြဲ႕က ျပည္နယ္ဝန္ႀကီးခ်ဳပ္ထံ တင္ျပထားသည္။

“၇-၁၂ -၂၁ ေန စစ္ေတြ ပိုးေတြ႕မ်ားရတာက နယ္စပ္ကုန္သြယ္ေရးစက္ေလွလုပ္သားေတြကို မျပတ္စစ္ေဆးေနလို႔ပါ။နယ္စပ္ကုန္သြယ္ေရးအရွိန္အဟုန္ ေကာင္းေနပါတယ္။အစိုးရပိုင္းက အျမဲမျပတ္ေစာင့္ၾကည့္ေနပါတယ္”ဟု တာဝန္ရွိသူတို႔က ေျပာၾကားထားသည္။

ၿပီးခဲ့သည့္ ဒီဇင္ဘာ၁ရက္ေန႔ကလည္း ရခိုင္ျပည္နယ္စစ္ေတြတြင္ ကိုဗစ္ပိုးကူးစက္ခံရသူ ၁၁ဦးရွိခဲ့ရာတြင္ နယ္စပ္ကုန္သြယ္ေရး စက္ေလွ လုပ္သား(၉)ဦး ပါဝင္ေနေၾကာင္း သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here