ဒဂုံဆိပ်ကမ်းက ရာအိမ်မှူးအမျိုးသမီးသေနတ်နဲ့ပစ်ခံရ

0
129

(Unicode)

ဒဂုံဆိပ်ကမ်းက ရာအိမ်မှူးအမျိုးသမီးသေနတ်နဲ့ပစ်ခံရ

ရန်ကုန်တိုင်း၊ဒဂုံဆိပ်ကမ်းမြို့နယ်၊ယုဇနဥယျာဥ်အိမ်ယာ၊ ၉၄ ရပ်ကွက်ရဲ့ ရာအိမ်မှူးအမျိုးသမီးဖြစ်တဲ့ ဒေါ်ဥမ္မာသွင်ဟာ ဒီဇင်ဘာ ၈ ရက်ညနေ ၅ နာရီလောက်က နေအိမ်ကိုပြန်လာတုန်းလမ်းမှာသေနတ်နဲ့ပစ်ခတ်ခံရလို့ ဒဏ်ရာရခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

“သေနတ်နဲ့ပစ်ခံရတဲ့ ရာအိမ်မှူးက အခုစစ်တပ် လက်ထက်ကြမှ ရာအိမ်မှူးဖြစ်လာတာပါ မနေ့ကညနေဖက် သူ့အိမ်ကိုပြန်လာတုန်းပစ်ခံရတာ ဆိုင်ကယ်နဲ့ပစ်ပြီးမောင်းပြေးသွားတယ် သေနတ်သံတစ်ချက်ကြားတယ် နောက်ရာအိမ်မှူးရဲ့အော် သံလည်းကြားတယ်”လို့ ၉၄ ရပ်ကွက်နေသူတစ်ယောက်ကပြောပါတယ်။

ရာအိမ်မှူးဒေါ်ဥမ္မာသွင်ကို ဆိုင်ကယ်မောင်းလာသူတစ်ယောက်က ကံ့ကော်လမ်းနဲ့အင်ကြင်းလမ်းထောင့်မှာ နောက်ကျောကနေသေနတ်နဲ့ပစ်ခတ်သွားတာဖြစ်ပြီး ကျည်ဖောက်ဝင်ဒဏ်ရာရခဲ့တာကြောင့် ဒဂုံဆိပ်ကမ်းကပြည်သူ့ဆေးရုံကို တင်ပို့ကုသခဲ့ရပါတယ်။

အခင်းဖြစ်နေရာအနီးတဝိုက်ကို လုံခြုံရေးအဖွဲ့တွေက စစ်ဆေးခဲ့ကြပြီး ဖြတ်သန်းသွားနေတဲ့ ဆိုင်ကယ်မောင်းသူတွေကို အဓိကထားစစ်ဆေးခဲ့ကြပါတယ်။

(Zawgyi)

ဒဂုံဆိပ္ကမ္းက ရာအိမ္မႉးအမ်ိဳးသမီးေသနတ္နဲ႔ပစ္ခံရ

ရန္ကုန္တိုင္း၊ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္၊ယုဇနဥယ်ာဥ္အိမ္ယာ၊ ၉၄ ရပ္ကြက္ရဲ႕ ရာအိမ္မႉးအမ်ိဳးသမီးျဖစ္တဲ့ ေဒၚဥမၼာသြင္ဟာ ဒီဇင္ဘာ ၈ ရက္ညေန ၅ နာရီေလာက္က ေနအိမ္ကိုျပန္လာတုန္းလမ္းမွာေသနတ္နဲ႔ပစ္ခတ္ခံရလို႔ ဒဏ္ရာရခဲ့တယ္လို႔ ရပ္ကြက္ေနသူေတြဆီက သိရပါတယ္။

“ေသနတ္နဲ႔ပစ္ခံရတဲ့ ရာအိမ္မႉးက အခုစစ္တပ္ လက္ထက္ၾကမွ ရာအိမ္မႉးျဖစ္လာတာပါ မေန႔ကညေနဖက္ သူ႔အိမ္ကိုျပန္လာတုန္းပစ္ခံရတာ ဆိုင္ကယ္နဲ႔ပစ္ၿပီးေမာင္းေျပးသြားတယ္ ေသနတ္သံတစ္ခ်က္ၾကားတယ္ ေနာက္ရာအိမ္မႉးရဲ႕ေအာ္ သံလည္းၾကားတယ္”လို႔ ၉၄ ရပ္ကြက္ေနသူတစ္ေယာက္ကေျပာပါတယ္။

ရာအိမ္မႉးေဒၚဥမၼာသြင္ကို ဆိုင္ကယ္ေမာင္းလာသူတစ္ေယာက္က ကံ့ေကာ္လမ္းနဲ႔အင္ၾကင္းလမ္းေထာင့္မွာ ေနာက္ေက်ာကေနေသနတ္နဲ႔ပစ္ခတ္သြားတာျဖစ္ၿပီး က်ည္ေဖာက္ဝင္ဒဏ္ရာရခဲ့တာေၾကာင့္ ဒဂုံဆိပ္ကမ္းကျပည္သူ႔ေဆး႐ုံကို တင္ပို႔ကုသခဲ့ရပါတယ္။

အခင္းျဖစ္ေနရာအနီးတဝိုက္ကို လုံၿခဳံေရးအဖြဲ႕ေတြက စစ္ေဆးခဲ့ၾကၿပီး ျဖတ္သန္းသြားေနတဲ့ ဆိုင္ကယ္ေမာင္းသူေတြကို အဓိကထားစစ္ေဆးခဲ့ၾကပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here