တွံတေးမြို့နယ်မှာ အမျိုးသားတစ်ယောက် သေနတ်နဲ့ပစ်ခံရပြီးသေဆုံး

0
74

(Unicode)

တွံတေးမြို့နယ်မှာ အမျိုးသားတစ်ယောက် သေနတ်နဲ့ပစ်ခံရပြီးသေဆုံး

ရန်ကုန်တိုင်း၊တွံတေးမြို့နယ်၊အုန်းပင်စုရပ်ကွက်က လက်ဖက်ရည်င်မှာ ဇနီးဖြစ်သူရယ် သမီးဖြစ်သူရယ်နဲ့ လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ ဦးလှဝေ ကို ဆိုင်ကယ်မောင်းလာသူတစ်ယောက်က သေနတ်နဲ့ ငါးချက်ပစ်ခတ်ပြီးထွက်ပြေးသွားခဲ့တယ်လို့ ဒေ သခံတွေဆီကသိရပါတယ်။

ဦးလှဝေဟာ ရွှေလက်ခုတ်လမ်း အထက(၂) ကျောင်းနားက (စန္ဒာဝင်း)လက်ဖက်ရည်ဆိုင်မှာ ဒီနေ့မနက် ၉ နာရီကျော်လောက်မှာ ထိုင်နေစဥ် ဆိုင်ကယ်မောင်းလာသူတစ်ယောက်က သေနတ်နဲ့ငါးချက်ဆက်တိုက်ပစ်ခဲ့တာပါ။

“ဘာအကြောင်းနဲ့ပစ်တာလဲဆိုတာတော့မသိဘူး ပစ်လည်းပြီးကော ဆိုင်ကယ်ထားပြီး ဒီအတိုင်းအလွတ်ထွက်ပြေးသွားတယ် အနားကလူတွေကလိုက်သေးတယ်မမိဘူး”လို့ ဖြစ်စဥ်ကိုမြင်တွေ့ခဲ့သူတစ်ယောက်ကပြောပါတယ်။

ဦးလှဝေဟာ သေနတ်နဲ့ပစ်ခံရတာကြောင့် ကျည်ဖောက်ဝင်ဒဏ်ရာလေးချက်ရရှိခဲ့တာကြောင့် ပြည်သူ့ဆေးရုံကိုတင်ပို့ပြီး ဆေးကုသမှုခံယူနေတုန်းမှာ သေဆုံးခဲ့ပါတယ်။

အခင်းဖြစ်နေရာကို လုံခြုံရေးအဖွဲ့တွေက စစ် ဆေးတဲ့အခါမှာ သေနတ်နဲ့ပစ်ခတ်သူကျန်ခဲ့တဲ့ ဆိုင်ကယ်၊ပစ္စတိုတစ်လက်၊ကျည်အိမ်၊ Luger ကျည် ၃ တောင့်နဲ့၊ကျည်ခွံ ၅ ခုကိုသိမ်းဆည်းရမိခဲ့ပါတယ်။

“ဆေးရုံကိုခေါ်သွားတယ် အဲဒီနားကလူတွေတော့တော်တော်အစစ်ခံလိုက်ရတယ် သွေးတွေက တော့အများကြီးပဲဖြစ်ဖြစ်ချင်း လဲကျသွားတာပဲ”လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။

(Zawgyi)

တြံေတးၿမိဳ႕နယ္မွာ အမ်ိဳးသားတစ္ေယာက္ ေသနတ္နဲ႔ပစ္ခံရၿပီးေသဆုံး

ရန္ကုန္တိုင္း၊တြံေတးၿမိဳ႕နယ္၊အုန္းပင္စုရပ္ကြက္က လက္ဖက္ရည္င္မွာ ဇနီးျဖစ္သူရယ္ သမီးျဖစ္သူရယ္နဲ႔ လက္ဖက္ရည္ဆိုင္ထိုင္ေနတဲ့ ဦးလွေဝ ကို ဆိုင္ကယ္ေမာင္းလာသူတစ္ေယာက္က ေသနတ္နဲ႔ ငါးခ်က္ပစ္ခတ္ၿပီးထြက္ေျပးသြားခဲ့တယ္လို႔ ေဒ သခံေတြဆီကသိရပါတယ္။

ဦးလွေဝဟာ ေ႐ႊလက္ခုတ္လမ္း အထက(၂) ေက်ာင္းနားက (စႏၵာဝင္း)လက္ဖက္ရည္ဆိုင္မွာ ဒီေန႔မနက္ ၉ နာရီေက်ာ္ေလာက္မွာ ထိုင္ေနစဥ္ ဆိုင္ကယ္ေမာင္းလာသူတစ္ေယာက္က ေသနတ္နဲ႔ငါးခ်က္ဆက္တိုက္ပစ္ခဲ့တာပါ။

“ဘာအေၾကာင္းနဲ႔ပစ္တာလဲဆိုတာေတာ့မသိဘူး ပစ္လည္းၿပီးေကာ ဆိုင္ကယ္ထားၿပီး ဒီအတိုင္းအလြတ္ထြက္ေျပးသြားတယ္ အနားကလူေတြကလိုက္ေသးတယ္မမိဘူး”လို႔ ျဖစ္စဥ္ကိုျမင္ေတြ႕ခဲ့သူတစ္ေယာက္ကေျပာပါတယ္။

ဦးလွေဝဟာ ေသနတ္နဲ႔ပစ္ခံရတာေၾကာင့္ က်ည္ေဖာက္ဝင္ဒဏ္ရာေလးခ်က္ရရွိခဲ့တာေၾကာင့္ ျပည္သူ႔ေဆး႐ုံကိုတင္ပို႔ၿပီး ေဆးကုသမႈခံယူေနတုန္းမွာ ေသဆုံးခဲ့ပါတယ္။

အခင္းျဖစ္ေနရာကို လုံၿခဳံေရးအဖြဲ႕ေတြက စစ္ ေဆးတဲ့အခါမွာ ေသနတ္နဲ႔ပစ္ခတ္သူက်န္ခဲ့တဲ့ ဆိုင္ကယ္၊ပစၥတိုတစ္လက္၊က်ည္အိမ္၊ Luger က်ည္ ၃ ေတာင့္နဲ႔၊က်ည္ခြံ ၅ ခုကိုသိမ္းဆည္းရမိခဲ့ပါတယ္။

“ေဆး႐ုံကိုေခၚသြားတယ္ အဲဒီနားကလူေတြေတာ့ေတာ္ေတာ္အစစ္ခံလိုက္ရတယ္ ေသြးေတြက ေတာ့အမ်ားႀကီးပဲျဖစ္ျဖစ္ခ်င္း လဲက်သြားတာပဲ”လို႔ ေဒသခံတစ္ေယာက္ကေျပာပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here