မုံရွာမြို့တွင် ဆိုင်ကယ်မောင်းလာရင်း မိုင်းပေါက် ကွဲပြီး နှစ်ယောက်သေဆုံးခဲ့

0
413

(Unicode)

မုံရွာမြို့တွင် ဆိုင်ကယ်မောင်းလာရင်း မိုင်းပေါက် ကွဲပြီး နှစ်ယောက်သေဆုံးခဲ့

စစ်ကိုင်းတိုင်း၊မုံရွာမြို့၊ရုံးကြီးရပ်ကွက်မှာ ဒီနေ့မနက် ၉ နာရီခွဲလောက်က ဆိုင်ကယ်မောင်းလာရင်းမိုင်းပေါက်ကွဲခဲ့တာကြောင့် ဆိုင်ကယ်မောင်းသူနဲ့နောက်ကလိုက်လာသူတို့ သေဆုံးခဲ့ပြီးအနီး အနားမှ EPC ကဝန်ထမ်းတစ်ယောက်မိုင်းစထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ဆိုင်ကယ်တူးဘောက်စ်ထဲမှာထည့်ထားတဲ့ မိုင်းကပေါက်ကွဲခဲ့တာဖြစ်တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

“တမာတန်းမီးပွိုင့်မှာဖြစ်တာ အသံအကျယ်ကြီးပဲ ဆိုင်ကယ်က ကလစ်ဆိုင်ကယ် ဖြစ်ဖြစ်ချင်းတစ်ယောက်ကတော့ သေသွားတယ် နောက်တစ်ယောက်နဲ့လမ်းသွားလမ်းလာဒဏ်ရာရသွားတဲ့တစ်ယောက်ကိုတော့ လူနာတင်ကားနဲ့လာခေါ်သွားကြတယ် ကြားရသလောက်ကတော့ဆေးရုံမှာ ဆိုင်ကယ်နဲ့ပါလာတဲ့တစ်ယောက်ကသေသွားပြီတဲ့”လို့ဒေသခံတစ်ယောက်ကပြောပါတယ်။

မိုင်းပေါက်ကွဲပြီးချိန်မှာ အမျိုးသားတစ်ယောက်ဟာ ခေါင်းပွင့်ထွက် ခန္ဓာကိုယ်တစ်ပိုင်းပြတ်ထွက်ပြီး အခင်းဖြစ်နေရာမှာသေဆုံးခဲ့ပါတယ်။

အခင်းဖြစ်နေရာကို လုံခြုံရေးအဖွဲ့တွေက လာရောက်စစ်ဆေးခဲ့ကြပါတယ်။

(Zawgyi)

မုံ႐ြာၿမိဳ႕တြင္ ဆိုင္ကယ္ေမာင္းလာရင္း မိုင္းေပါက္ ကြဲၿပီး ႏွစ္ေယာက္ေသဆုံးခဲ့

စစ္ကိုင္းတိုင္း၊မုံ႐ြာၿမိဳ႕၊႐ုံးႀကီးရပ္ကြက္မွာ ဒီေန႔မနက္ ၉ နာရီခြဲေလာက္က ဆိုင္ကယ္ေမာင္းလာရင္းမိုင္းေပါက္ကြဲခဲ့တာေၾကာင့္ ဆိုင္ကယ္ေမာင္းသူနဲ႔ေနာက္ကလိုက္လာသူတို႔ ေသဆုံးခဲ့ၿပီးအနီး အနားမွ EPC ကဝန္ထမ္းတစ္ေယာက္မိုင္းစထိမွန္ဒဏ္ရာရခဲ့တယ္လို႔ ေဒသခံေတြဆီကသိရပါတယ္။

ဆိုင္ကယ္တူးေဘာက္စ္ထဲမွာထည့္ထားတဲ့ မိုင္းကေပါက္ကြဲခဲ့တာျဖစ္တယ္လို႔လည္း ေဒသခံေတြကေျပာပါတယ္။

“တမာတန္းမီးပြိဳင့္မွာျဖစ္တာ အသံအက်ယ္ႀကီးပဲ ဆိုင္ကယ္က ကလစ္ဆိုင္ကယ္ ျဖစ္ျဖစ္ခ်င္းတစ္ေယာက္ကေတာ့ ေသသြားတယ္ ေနာက္တစ္ေယာက္နဲ႔လမ္းသြားလမ္းလာဒဏ္ရာရသြားတဲ့တစ္ေယာက္ကိုေတာ့ လူနာတင္ကားနဲ႔လာေခၚသြားၾကတယ္ ၾကားရသေလာက္ကေတာ့ေဆး႐ုံမွာ ဆိုင္ကယ္နဲ႔ပါလာတဲ့တစ္ေယာက္ကေသသြားၿပီတဲ့”လို႔ေဒသခံတစ္ေယာက္ကေျပာပါတယ္။

မိုင္းေပါက္ကြဲၿပီးခ်ိန္မွာ အမ်ိဳးသားတစ္ေယာက္ဟာ ေခါင္းပြင့္ထြက္ ခႏၶာကိုယ္တစ္ပိုင္းျပတ္ထြက္ၿပီး အခင္းျဖစ္ေနရာမွာေသဆုံးခဲ့ပါတယ္။

အခင္းျဖစ္ေနရာကို လုံၿခဳံေရးအဖြဲ႕ေတြက လာေရာက္စစ္ေဆးခဲ့ၾကပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here