မြို့နယ်ရှစ်ခုကို Stay at Home ကနေထပ်မံပယ်ဖျက် မြို့နယ် သုံးခုသာပယ်ဖျက်ရန်ကျန်

0
235

(Unicode)

မြို့နယ်ရှစ်ခုကို Stay at Home ကနေထပ်မံပယ်ဖျက် မြို့နယ် သုံးခုသာပယ်ဖျက်ရန်ကျန်

နစက ရဲ့ကျန်းမာရေးဝန်ကြီးဌာနက တိုင်းဒေသကြီးနဲ့ပြည်နယ် ငါးခုမှာရှိတဲ့ မြို့နယ်ရှစ်ခုကို Stay at Home အစီအစဥ်ကနေ ဒီဇင်ဘာ ၁၁ ရက်မနက် ၄ နာရီကစပြီး ထပ်မံပယ်ဖျက်ပေးလိုက်ပါတယ်။

ကချင်ပြည်နယ်က ဗန်းမော်နဲ့မိုးညှင်းမြို့နယ်၊ ချင်းပြည်နယ်က ဖလမ်းနဲ့ထန်တလန်မြို့နယ်၊ မကွေးတိုင်းက ဂန့်ဂေါနဲ့မြိုင်မြို့နယ်၊ မွန်ပြည်နယ်က ဘီးလင်းမြို့နယ်နဲ့ ရှမ်းပြည်နယ်က တာချီလိတ်မြို့နယ်တို့ကို ပယ်ဖျက်ပေးခဲ့တာဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနက သက်ဆိုင်ရာမြို့နယ်တွေမှာနေထိုင်တဲ့သူတွေဟာ ကိုဗစ်(၁၉)ရောဂါကာကွယ်ရေးစည်းကမ်းချက်တွေကို တိကျစွာလိုက်နာခဲ့တာကြောင့် လွန်ခဲ့တဲ့ ၁၄ ရက်အတွင်းမှာ ရောဂါဖြစ်ပွားမှုလျော့ကျလာတာကြောင့် အခုလိုထပ်မံပယ်ဖျက်ပေးခဲ့ခြင်းဖြစ်ပါတယ်။

အဲဒီမြို့နယ်တွေမှာနေတဲ့သူတွေအနေနဲ့ Stay at Home အစီအစဥ်ကနေပယ်ဖျက်ပေးခဲ့ပေမဲ့လည်း ကိုဗစ်(၁၉)ရောဂါကာကွယ်ထိန်းချုပ်ခြင်းနဲ့သက်ဆိုင်တဲ့စည်းကမ်းချက်တွေကို တိကျစွာလိုက်နာရမယ်လို့ပြောဆိုပါတယ်။

လက်ရှိအချိန်မှာ ကျန်းမာရေးဝန်ကြီးဌာနက Stay at Home အစီအစဥ်ကနေပယ်ဖျက်ပေးခဲ့တဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်အသီးသီးက မြို့နယ်ပေါင်း ၁၁၆ မြို့နယ်ရှိပြီဖြစ်တာကြောင့် Stay at Home သတ်မှတ်ထားတဲ့မြို့နယ် သုံးခုပဲကျန်ပါတော့တယ်။

(Zawgyi)

နစက ရဲ႕က်န္းမာေရးဝန္ႀကီးဌာနက တိုင္းေဒသႀကီးနဲ႔ျပည္နယ္ ငါးခုမွာရွိတဲ့ ၿမိဳ႕နယ္ရွစ္ခုကို Stay at Home အစီအစဥ္ကေန ဒီဇင္ဘာ ၁၁ ရက္မနက္ ၄ နာရီကစၿပီး ထပ္မံပယ္ဖ်က္ေပးလိုက္ပါတယ္။

ကခ်င္ျပည္နယ္က ဗန္းေမာ္နဲ႔မိုးညႇင္းၿမိဳ႕နယ္၊ ခ်င္းျပည္နယ္က ဖလမ္းနဲ႔ထန္တလန္ၿမိဳ႕နယ္၊ မေကြးတိုင္းက ဂန္႔ေဂါနဲ႔ၿမိဳင္ၿမိဳ႕နယ္၊ မြန္ျပည္နယ္က ဘီးလင္းၿမိဳ႕နယ္နဲ႔ ရွမ္းျပည္နယ္က တာခ်ီလိတ္ၿမိဳ႕နယ္တို႔ကို ပယ္ဖ်က္ေပးခဲ့တာျဖစ္ပါတယ္။

က်န္းမာေရးဝန္ႀကီးဌာနက သက္ဆိုင္ရာၿမိဳ႕နယ္ေတြမွာေနထိုင္တဲ့သူေတြဟာ ကိုဗစ္(၁၉)ေရာဂါကာကြယ္ေရးစည္းကမ္းခ်က္ေတြကို တိက်စြာလိုက္နာခဲ့တာေၾကာင့္ လြန္ခဲ့တဲ့ ၁၄ ရက္အတြင္းမွာ ေရာဂါျဖစ္ပြားမႈေလ်ာ့က်လာတာေၾကာင့္ အခုလိုထပ္မံပယ္ဖ်က္ေပးခဲ့ျခင္းျဖစ္ပါတယ္။

အဲဒီၿမိဳ႕နယ္ေတြမွာေနတဲ့သူေတြအေနနဲ႔ Stay at Home အစီအစဥ္ကေနပယ္ဖ်က္ေပးခဲ့ေပမဲ့လည္း ကိုဗစ္(၁၉)ေရာဂါကာကြယ္ထိန္းခ်ဳပ္ျခင္းနဲ႔သက္ဆိုင္တဲ့စည္းကမ္းခ်က္ေတြကို တိက်စြာလိုက္နာရမယ္လို႔ေျပာဆိုပါတယ္။

လက္ရွိအခ်ိန္မွာ က်န္းမာေရးဝန္ႀကီးဌာနက Stay at Home အစီအစဥ္ကေနပယ္ဖ်က္ေပးခဲ့တဲ့ တိုင္းေဒသႀကီးနဲ႔ျပည္နယ္အသီးသီးက ၿမိဳ႕နယ္ေပါင္း ၁၁၆ ၿမိဳ႕နယ္ရွိၿပီျဖစ္တာေၾကာင့္ Stay at Home သတ္မွတ္ထားတဲ့ၿမိဳ႕နယ္ သုံးခုပဲက်န္ပါေတာ့တယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here