ကမ္ဘောဇတိုင်းမ်သတင်းဌာနက တာဝန်ခံအယ်ဒီ တာအပါအဝင် သတင်းသမား လေးယောက် ထောင်ဒဏ် ၃ နှစ်စီချမှတ်ခံရ

0
167

ကမ္ဘောဇတိုင်းမ်သတင်းဌာနက တာဝန်ခံအယ်ဒီ တာအပါအဝင် သတင်းသမား လေးယောက် ထောင်ဒဏ် ၃ နှစ်စီချမှတ်ခံရ

ရှမ်းပြည်နယ်အခြေစိုက် ကမ္ဘောဇတိုင်းသတင်းဌာနက တာဝန်ခံအယ်ဒီတာ မနန်းနန်းတိုင်း(ခ)နန်းနွေးနွေးလှိုင်အပါအဝင် သတင်းသမား လေးယောက်ကို ညောင်ရွှေအကျဥ်းထောင်မှာရှိတဲ့ ထောင်တွင်းတရားရုံးကနေ ဒီဇင်ဘာ ၁၀ ရက်မှာ ထောင်ဒဏ် ၃ နှစ်စီအမိန့်ချမှတ်ခဲ့ပါတယ်။

တာဝန်ခံအယ်ဒီတာ မနန်းနန်းတိုင်း(ခ)နန်းနွေးနွေးလှိုင်၊ ထုတ်ဝေသူ ကိုတင်အောင်ကျော်၊ သတင်း ထောက် မနန်းဝင်းရီနဲ့သတင်းသမားတစ်ယောက်လို့ စွတ်စွဲခံရသူ ကိုစိုင်းစည်သူတို့ဖြစ်ပါတယ်။

သူတို့ဟာ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ- ၅၀၅(က)နဲ့တရားစွဲဆိုခံရပြီး ရုံးချိန်း ၁၉ ကြိမ်အပြီးမှာ အခုလိုအမိန့်ချမှတ်ခံခဲ့ရတာပါ။

သူတို့လေးယောက်ဟာ ဟိုပုံးမြို့နယ်မှာ မတ် ၂၄ ရက်ညပိုင်းကဖမ်းဆီးခံခဲ့ရတာပါ။

အလားတူပဲ သံလွင်သွေးချင်းသတင်းဌာနက အယ်ဒီတာချုပ် မမြဝန်းရံနဲ့ရွှေဖီမြေသတင်းအေ ဂျင်စီကရုပ်သံသတင်းထောက် လွေးအမ်ဖောင်တို့လည်း ဖမ်းဆီးခံထားရပါတယ်။သူတို့ နှစ်ယောက်ကိုတော့ လက်ရှိမှာအမိန့်မချရသေးပါဘူး။

ကေမၻာဇတိုင္းမ္သတင္းဌာနက တာဝန္ခံအယ္ဒီ တာအပါအဝင္ သတင္းသမား ေလးေယာက္ ေထာင္ဒဏ္ ၃ ႏွစ္စီခ်မွတ္ခံရ

ရွမ္းျပည္နယ္အေျခစိုက္ ကေမၻာဇတိုင္းသတင္းဌာနက တာဝန္ခံအယ္ဒီတာ မနန္းနန္းတိုင္း(ခ)နန္းေႏြးေႏြးလွိုင္အပါအဝင္ သတင္းသမား ေလးေယာက္ကို ေညာင္ေရႊအက်ဥ္းေထာင္မွာရွိတဲ့ ေထာင္တြင္းတရား႐ုံးကေန ဒီဇင္ဘာ ၁၀ ရက္မွာ ေထာင္ဒဏ္ ၃ ႏွစ္စီအမိန္႔ခ်မွတ္ခဲ့ပါတယ္။

တာဝန္ခံအယ္ဒီတာ မနန္းနန္းတိုင္း(ခ)နန္းေႏြးေႏြးလွိုင္၊ ထုတ္ေဝသူ ကိုတင္ေအာင္ေက်ာ္၊ သတင္း ေထာက္ မနန္းဝင္းရီနဲ႔သတင္းသမားတစ္ေယာက္လို႔ စြတ္စြဲခံရသူ ကိုစိုင္းစည္သူတို႔ျဖစ္ပါတယ္။

သူတို႔ဟာ နိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမွုပုဒ္မ- ၅၀၅(က)နဲ႔တရားစြဲဆိုခံရၿပီး ႐ုံးခ်ိန္း ၁၉ ႀကိမ္အၿပီးမွာ အခုလိုအမိန္႔ခ်မွတ္ခံခဲ့ရတာပါ။

သူတို႔ေလးေယာက္ဟာ ဟိုပုံးၿမိဳ႕နယ္မွာ မတ္ ၂၄ ရက္ညပိုင္းကဖမ္းဆီးခံခဲ့ရတာပါ။

အလားတူပဲ သံလြင္ေသြးခ်င္းသတင္းဌာနက အယ္ဒီတာခ်ဳပ္ မျမဝန္းရံနဲ႔ေရႊဖီေျမသတင္းေအ ဂ်င္စီက႐ုပ္သံသတင္းေထာက္ ေလြးအမ္ေဖာင္တို႔လည္း ဖမ္းဆီးခံထားရပါတယ္။သူတို႔ ႏွစ္ေယာက္ကိုေတာ့ လက္ရွိမွာအမိန္႔မခ်ရေသးပါဘူး။


LEAVE A REPLY

Please enter your comment!
Please enter your name here