အဝေးပြေးကားတွေစတင်ထွက်ခွာရာနေရာသစ်ကို အောင်မင်္ဂလာအဝေးပြေးကားဝင်းမှာ ထပ်မံဆောက်လုပ်သွားမည်

0
496

အဝေးပြေးကားတွေစတင်ထွက်ခွာရာနေရာသစ်ကို အောင်မင်္ဂလာအဝေးပြေးကားဝင်းမှာ ထပ်မံဆောက်လုပ်သွားမည်

ရန်ကုန်တိုင်းက မြန်မာပြည်အနှံ့(ဧရာဝတီတိုင်း- မပါ)ကိုနေ့စဥ် ခရီးသည်နဲ့ကုန်စည်တွေဝင်ထွက်ပို့ဆောင်ပေးနေတဲ့ အောင်မင်္ဂလာအဝေးပြေးယာဥ်ရပ်နားစခန်းမှာ ယာဥ်ထွက်ခွာရာနေရာသစ်ကို ထပ်မံဆောက်လုပ်သွားဖို့အတွက် စီစဥ်နေတယ်လို့ အောင်မင်္ဂလာအဝေးပြေးယာဥ်ရပ်နားစခန်းက တာဝန်ရှိသူတွေဆီက သိရပါတယ်။

ယာဥ်ထွက်ခွာရာနေရာသစ်ထပ်မံလိုအပ်တာ ခရီးသွားတွေလုံခြုံဘေးကင်းစေဖို့လိုအပ်တာနဲ့ကားလိုင်းတွေစည်းကမ်းရှိစေဖို့တွေအတွက် ရန်ကုန်မြို့တော်စည်ပင်ကအောင်မင်္ဂလာအဝေးပြေးယာဥ်ရပ်နားစခန်းကို ထပ်မံဆောက်လုပ်ဖို့စီစဥ်ရခြင်းဖြစ်ပါတယ်။

“လက်ရှိမှာတော့ အဝေးပြေးကားတွေထွက်ခွာရာနေရာသစ်ဆောက်ဖို့အတွက် တိုးချဲ့မြေနေရာမှာ လိုအပ်တာတွေစလုပ်နေပြီ လုပ်ရတဲ့အကြောင်းကလည်း တစ်ချို့ကားတွေက ခရီးသည်တွေကို ကြုံတဲ့နေရာမှာ ကြုံသလို စည်းကမ်းနဲ့မညီပဲ တင်ချလုပ်နေတာကြောင့်ပါ”လို့တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။

အခုလို စည်းကမ်းနဲ့မညီပဲ ခရီးသည်တင်ချလုပ်နေတဲ့ ကားတွေကိုလည်း ယာဥ်ရပ်နားစခန်းစည်း ကမ်းတွေနဲ့အညီ ကြီးကြပ်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

“ကားတွေကမရဘူးဗျ ခရီးသည်ကဆင်းချင်တယ်ဆိုရင် ကြုံတဲ့နေရာမှာရပ်ပေးလိုက်ကော လူပဲဆင်းတယ်ဆိုရင်ကိစ္စမရှိဘူးလေ အသုံးအ ဆောင်တွေပါထုတ်ပေးရတဲ့အခါဆိုရင် နောက်မှာကားတွေကတန်းစီပြီး သူတို့ပြီးတဲ့အထိစောင့်တော့ပဲ အခုခရီးသည်တင်ချလုပ်ရမဲ့နေရာအသစ်ထပ်ဆောက်မယ်ဆိုတော့ကောင်းတယ် စည်း ကမ်းနဲ့အညီအဲဒီကိုရောက်မှ ခရီးသည်တွေကိုဆင်းခိုင်းဖို့တော့လိုတာပေါ့”လို့ယာဥ်လိုင်းဂိတ်တစ်ခုရဲ့ တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။

အောင်မင်္ဂလာအဝေးပြေးယာဥ်ရပ်နားစခန်းရဲ့အကျယ်ဟာ တိုးချဲ့ဧရိယာအပါအဝင် ၈၅ ဒသမ ၈၂ ဧကရှိပြီး လက်ရှိအချိန်မှာ နေ့စဥ်အဝေးပြေးကားစီးရေ ၂၀၀ လောက်ကခရီးသည်နဲ့ကုန်စည်တွေကို ကိုဗစ်(၁၉)ရောဂါစည်းကမ်းချက်တွေနဲ့အညီ ပို့ဆောင်ပေးလျက်ရှိပါတယ်။

 

Zaw Gyi

 

အေဝးေျပးကားေတြစတင္ထြက္ခြာရာေနရာသစ္ကို ေအာင္မဂၤလာအေဝးေျပးကားဝင္းမွာ ထပ္မံေဆာက္လုပ္သြားမည္

ရန္ကုန္တိုင္းက ျမန္မာျပည္အႏွံ့(ဧရာဝတီတိုင္း- မပါ)ကိုေန႔စဥ္ ခရီးသည္နဲ႔ကုန္စည္ေတြဝင္ထြက္ပို႔ေဆာင္ေပးေနတဲ့ ေအာင္မဂၤလာအေဝးေျပးယာဥ္ရပ္နားစခန္းမွာ ယာဥ္ထြက္ခြာရာေနရာသစ္ကို ထပ္မံေဆာက္လုပ္သြားဖို႔အတြက္ စီစဥ္ေနတယ္လို႔ ေအာင္မဂၤလာအေဝးေျပးယာဥ္ရပ္နားစခန္းက တာဝန္ရွိသူေတြဆီက သိရပါတယ္။

ယာဥ္ထြက္ခြာရာေနရာသစ္ထပ္မံလိုအပ္တာ ခရီးသြားေတြလုံျခဳံေဘးကင္းေစဖို႔လိုအပ္တာနဲ႔ကားလိုင္းေတြစည္းကမ္းရွိေစဖို႔ေတြအတြက္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္ကေအာင္မဂၤလာအေဝးေျပးယာဥ္ရပ္နားစခန္းကို ထပ္မံေဆာက္လုပ္ဖို႔စီစဥ္ရျခင္းျဖစ္ပါတယ္။

“လက္ရွိမွာေတာ့ အေဝးေျပးကားေတြထြက္ခြာရာေနရာသစ္ေဆာက္ဖို႔အတြက္ တိုးခ်ဲ႕ေျမေနရာမွာ လိုအပ္တာေတြစလုပ္ေနၿပီ လုပ္ရတဲ့အေၾကာင္းကလည္း တစ္ခ်ိဳ႕ကားေတြက ခရီးသည္ေတြကို ၾကဳံတဲ့ေနရာမွာ ၾကဳံသလို စည္းကမ္းနဲ႔မညီပဲ တင္ခ်လုပ္ေနတာေၾကာင့္ပါ”လို႔တာဝန္ရွိသူတစ္ေယာက္ကေျပာပါတယ္။

အခုလို စည္းကမ္းနဲ႔မညီပဲ ခရီးသည္တင္ခ်လုပ္ေနတဲ့ ကားေတြကိုလည္း ယာဥ္ရပ္နားစခန္းစည္း ကမ္းေတြနဲ႔အညီ ႀကီးၾကပ္လုပ္ေဆာင္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။

“ကားေတြကမရဘူးဗ် ခရီးသည္ကဆင္းခ်င္တယ္ဆိုရင္ ၾကဳံတဲ့ေနရာမွာရပ္ေပးလိုက္ေကာ လူပဲဆင္းတယ္ဆိုရင္ကိစၥမရွိဘူးေလ အသုံးအ ေဆာင္ေတြပါထုတ္ေပးရတဲ့အခါဆိုရင္ ေနာက္မွာကားေတြကတန္းစီၿပီး သူတို႔ၿပီးတဲ့အထိေစာင့္ေတာ့ပဲ အခုခရီးသည္တင္ခ်လုပ္ရမဲ့ေနရာအသစ္ထပ္ေဆာက္မယ္ဆိုေတာ့ေကာင္းတယ္ စည္း ကမ္းနဲ႔အညီအဲဒီကိုေရာက္မွ ခရီးသည္ေတြကိုဆင္းခိုင္းဖို႔ေတာ့လိုတာေပါ့”လို႔ယာဥ္လိုင္းဂိတ္တစ္ခုရဲ့ တာဝန္ရွိသူတစ္ေယာက္ကေျပာပါတယ္။

ေအာင္မဂၤလာအေဝးေျပးယာဥ္ရပ္နားစခန္းရဲ့အက်ယ္ဟာ တိုးခ်ဲ႕ဧရိယာအပါအဝင္ ၈၅ ဒသမ ၈၂ ဧကရွိၿပီး လက္ရွိအခ်ိန္မွာ ေန႔စဥ္အေဝးေျပးကားစီးေရ ၂၀၀ ေလာက္ကခရီးသည္နဲ႔ကုန္စည္ေတြကို ကိုဗစ္(၁၉)ေရာဂါစည္းကမ္းခ်က္ေတြနဲ႔အညီ ပို႔ေဆာင္ေပးလ်က္ရွိပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here