မုံရွာက NLD တိုင်းရုံး လက်ပစ်ဗုံးနဲ့​ဖောက်ခွဲခံရ

0
80

မုံရွာက NLD တိုင်းရုံး လက်ပစ်ဗုံးနဲ့​ဖောက်ခွဲခံရ

စစ်ကိုင်းတိုင်း၊မုံရွာမြို့၊မြို့သစ်ရပ်ကွက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ တိုင်းရုံးကို ဒီဇင်ဘာ ၁၀ ရက်ညနက်ပိုင်းမှာ လက်ပစ်ဗုံးနဲ့ပစ်ပေါက်ခံ ရတယ်လို့ NLD ပါတီနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

“ညဖက်ကြီးဘယ်သူမှအပြင်မထွက်တဲ့အချိန်မှာဗုံးနဲ့ပစ်ခံရတာ ရုံးထဲကိုလှမ်းပစ်တာလို့ထင်တယ် ပိတ်ထားတော့အထဲကိုမရောက်ပဲအပြင်မှာပေါက်သွားတာ ရုံးကတော့ပိတ်ထားတာကြာလှပြီဘယ်သူမှလည်းမရှိဘူး”လို့ NLD ပါတီနဲ့နီးစပ်သူတစ်ယောက်ကပြောပါတယ်။

လက်ပစ်ဗုံးနဲ့ပစ်ခံရတာကြောင့် NLD တိုင်းရုံးရဲ့ ပြတင်ပေါက်မှန်တွေနဲ့အုတ်နံရံတွေထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

“ပစ်ခံရတဲ့အချိန်ကိုကြည့်ရင်ဘယ်သူတွေလုပ်တာလဲဆိုတာ သိသာပါတယ် လူတွေထိခိုက်ဒဏ်ရာရတာလည်းမရှိပါဘူး”လို့ဒေသခံတစ်ယောက်ကပြောပါတယ်။

လုံခြုံရေးအဖွဲ့တွေက အခင်းဖြစ်နေရာကို လာရောက်စစ်ဆေးခဲ့ကြပါတယ်။

Zaw Gyi

မုံရြာက NLD တိုင္း႐ုံး လက္ပစ္ဗုံးနဲ႔​ေဖာက္ခြဲခံရ

စစ္ကိုင္းတိုင္း၊မုံရြာၿမိဳ႕၊ၿမိဳ႕သစ္ရပ္ကြက္က အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္(NLD)ပါတီ တိုင္း႐ုံးကို ဒီဇင္ဘာ ၁၀ ရက္ညနက္ပိုင္းမွာ လက္ပစ္ဗုံးနဲ႔ပစ္ေပါက္ခံ ရတယ္လို႔ NLD ပါတီနဲ႔နီးစပ္သူေတြဆီက သိရပါတယ္။

“ညဖက္ႀကီးဘယ္သူမွအျပင္မထြက္တဲ့အခ်ိန္မွာဗုံးနဲ႔ပစ္ခံရတာ ႐ုံးထဲကိုလွမ္းပစ္တာလို႔ထင္တယ္ ပိတ္ထားေတာ့အထဲကိုမေရာက္ပဲအျပင္မွာေပါက္သြားတာ ႐ုံးကေတာ့ပိတ္ထားတာၾကာလွၿပီဘယ္သူမွလည္းမရွိဘူး”လို႔ NLD ပါတီနဲ႔နီးစပ္သူတစ္ေယာက္ကေျပာပါတယ္။

လက္ပစ္ဗုံးနဲ႔ပစ္ခံရတာေၾကာင့္ NLD တိုင္း႐ုံးရဲ့ ျပတင္ေပါက္မွန္ေတြနဲ႔အုတ္နံရံေတြထိခိုက္ပ်က္စီးခဲ့တယ္လို႔ သိရပါတယ္။

“ပစ္ခံရတဲ့အခ်ိန္ကိုၾကည့္ရင္ဘယ္သူေတြလုပ္တာလဲဆိုတာ သိသာပါတယ္ လူေတြထိခိုက္ဒဏ္ရာရတာလည္းမရွိပါဘူး”လို႔ေဒသခံတစ္ေယာက္ကေျပာပါတယ္။

လုံျခဳံေရးအဖြဲ႕ေတြက အခင္းျဖစ္ေနရာကို လာေရာက္စစ္ေဆးခဲ့ၾကပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here