ငြိမ်းချမ်းရေးကိုလိုချင်ရင် ငြိမ်းချမ်းရေးကိုလို ချင်တဲ့ စစ်မှန်တဲ့ဆန္ဒရှိရမှာဖြစ်ပါတယ်

0
100

ငြိမ်းချမ်းရေးကိုလိုချင်ရင် ငြိမ်းချမ်းရေးကိုလို ချင်တဲ့ စစ်မှန်တဲ့ဆန္ဒရှိရမှာဖြစ်ပါတယ်

ငြိမ်းချမ်းရေးကိုလိုချင်ရင်၊တိုင်းပြည်ကိုဖွံ့ဖြိုးတိုး တက်သာယာဝပြောစေလိုတယ်ဆိုရင် ဆန္ဒနဲ့လုပ် ဆောင်ချက်တွေ ရှိရပါမယ်လို့ နစက ဥက္ကဋ္ဌက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွေ ပိုမိုတိုးမြှင့်ဆောင်ရွက်နေတာနဲ့ပတ်သက်ပြီးပြောဆိုခဲ့ပါတယ်။

“ဒီဆန္ဒသဘောထားနဲ့ ကျွန်တော်တို့ရဲ့တစ်ပေါင်းတစ်စည်းတည်း စုပေါင်းဆောင်ရွက်မှုတွေရှိလာရင် ကျွန်တော်တို့နိုင်ငံ ကျွန်တော်တို့လူမျိုးအ တွက် မဖြစ်နိုင်စရာဆိုတာ မရှိပါဘူး”လို့ပြောပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွေတိုးမြှင့်ဆောင်ရွက်ရာမှာ သက်ဆိုင်ရာတိုင်းရင်းသားတွေ သက်ဆိုင်သူတွေကိုယ်တိုင်ပါဝင်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များအကျိုးဆောင်နိုင်ရေးနဲ့ မြှင့်တင်နိုင်ရေးဆောင်ရွက်တာ ငြိမ်းချမ်းရေးဖော်ဆောင်မှုကော် မတီအဆင့်ဆင့်နဲ့ EAO အဖွဲ့တွေတိုက်ရိုက်ဆွေး နွေးတာတွေလုပ်ဆောင်နေပါတယ်။

ဒါ့အပြင် NCA လက်မှတ်ရေးထိုးပြီးတဲ့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးပိုမိုခိုင်မာအောင်ဆောင်ရွက်တာ NCA လက် မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ NCA လက်မှတ်ထိုးနိုင်အောင် ရည်ရွယ်ပြီး ပစ်ခတ်တိုက်ခိုက်မှုလျော့နည်းလာစေရေး နှစ်ဖက်သဘောတူညီချက်တွေရရှိရေးတွေကို ဆောင်ရွက်နေပါတယ်။

“နိုင်ငံတော်ရဲ့ အဓိကလိုအပ်ချက်က ငြိမ်းချမ်းရေးဖြစ်စဥ်တွေဖွံ့ဖြိုးတိုးတက်လာစေရေးနဲ့တိုင်း ရင်းသားဒေသတွေ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရေးတို့ပဲဖြစ်ပါတယ်”လို့ နစက ဥက္ကဋ္ဌကပြောပါတယ်။

ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ခိုင်မာစေရေးလုပ် ငန်းစဥ်နဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များ တိုးမြှင့်ဆောင်ရွက်ခြင်းလုပ်ငန်းတွေမှာ တိုင်းရင်းသားအားလုံးနဲ့သက်ဆိုင်သူတွေအားလုံးက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြဖို့ကိုလည်း နစက ဥက္ကဋ္ဌကတိုက်တွန်းပြောဆိုခဲ့ပါတယ်။

Zaw Gyi

ၿငိမ္းခ်မ္းေရးကိုလိုခ်င္ရင္ ၿငိမ္းခ်မ္းေရးကိုလို ခ်င္တဲ့ စစ္မွန္တဲ့ဆႏၵရွိရမွာျဖစ္ပါတယ္

ၿငိမ္းခ်မ္းေရးကိုလိုခ်င္ရင္၊တိုင္းျပည္ကိုဖြံ့ၿဖိဳးတိုး တက္သာယာဝေျပာေစလိုတယ္ဆိုရင္ ဆႏၵနဲ႔လုပ္ ေဆာင္ခ်က္ေတြ ရွိရပါမယ္လို႔ နစက ဥကၠ႒က တိုင္းရင္းသားလက္နက္ကိုင္ေတြနဲ႔ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြ ပိုမိုတိုးျမႇင့္ေဆာင္ရြက္ေနတာနဲ႔ပတ္သက္ၿပီးေျပာဆိုခဲ့ပါတယ္။

“ဒီဆႏၵသေဘာထားနဲ႔ ကၽြန္ေတာ္တို႔ရဲ့တစ္ေပါင္းတစ္စည္းတည္း စုေပါင္းေဆာင္ရြက္မွုေတြရွိလာရင္ ကၽြန္ေတာ္တို႔နိုင္ငံ ကၽြန္ေတာ္တို႔လူမ်ိဳးအ တြက္ မျဖစ္နိုင္စရာဆိုတာ မရွိပါဘူး”လို႔ေျပာပါတယ္။

ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြတိုးျမႇင့္ေဆာင္ရြက္ရာမွာ သက္ဆိုင္ရာတိုင္းရင္းသားေတြ သက္ဆိုင္သူေတြကိုယ္တိုင္ပါဝင္ၿပီး ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားအက်ိဳးေဆာင္နိုင္ေရးနဲ႔ ျမႇင့္တင္နိုင္ေရးေဆာင္ရြက္တာ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မွုေကာ္ မတီအဆင့္ဆင့္နဲ႔ EAO အဖြဲ႕ေတြတိုက္ရိုက္ေဆြး ေႏြးတာေတြလုပ္ေဆာင္ေနပါတယ္။

ဒါ့အျပင္ NCA လက္မွတ္ေရးထိုးၿပီးတဲ့ တိုင္းရင္း သားလက္နက္ကိုင္အဖြဲ႕အစည္းေတြနဲ႔ ၿငိမ္းခ်မ္းေရးပိုမိုခိုင္မာေအာင္ေဆာင္ရြက္တာ NCA လက္ မွတ္မထိုးရေသးတဲ့ တိုင္းရင္းသားလက္နက္ကိုင္ေတြနဲ႔ NCA လက္မွတ္ထိုးနိုင္ေအာင္ ရည္ရြယ္ၿပီး ပစ္ခတ္တိုက္ခိုက္မွုေလ်ာ့နည္းလာေစေရး ႏွစ္ဖက္သေဘာတူညီခ်က္ေတြရရွိေရးေတြကို ေဆာင္ရြက္ေနပါတယ္။

“နိုင္ငံေတာ္ရဲ့ အဓိကလိုအပ္ခ်က္က ၿငိမ္းခ်မ္းေရးျဖစ္စဥ္ေတြဖြံ့ၿဖိဳးတိုးတက္လာေစေရးနဲ႔တိုင္း ရင္းသားေဒသေတြ ဘက္စုံဖြံ့ၿဖိဳးတိုးတက္လာေစေရးတို႔ပဲျဖစ္ပါတယ္”လို႔ နစက ဥကၠ႒ကေျပာပါတယ္။

ျပည္ေထာင္စုစိတ္ဓာတ္ရွင္သန္ခိုင္မာေစေရးလုပ္ ငန္းစဥ္နဲ႔ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ား တိုးျမႇင့္ေဆာင္ရြက္ျခင္းလုပ္ငန္းေတြမွာ တိုင္းရင္းသားအားလုံးနဲ႔သက္ဆိုင္သူေတြအားလုံးက ပူးေပါင္းပါဝင္ေဆာင္ရြက္ေပးၾကဖို႔ကိုလည္း နစက ဥကၠ႒ကတိုက္တြန္းေျပာဆိုခဲ့ပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here