ဖက်ဒရယ် ဒီမိုကရေစီကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေးမှ ာတိုင်းရင်းသား ပြည်သူ​တွေပူး​ပေါင်း​ပေးပါ

0
189

ဖက်ဒရယ်ဒီမိုကရေစီကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးမှာတိုင်းရင်းသားပြည်သူ​တွေပူး​ပေါင်း​ပေးပါ

ပြည်ထောင်စုမပြိုကွဲရေး၊တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊အချုပ်အခြာအာဏာတည် တံ့ခိုင်မြဲရေး ဆိုတဲ့ဒို့တာဝန်အရေး(၃)ပါးကို ဒီမိုကရေစီကိုဖော်ဆောင်ရာမှာ အဓိကအခြေခံရမည့်အ ချက်ပဲဖြစ်တယ်လို့ နစက ဥက္ကဋ္ဌက ဒီနေ့မှာကျင်း ပတဲ့ တတိယအကြိမ် သွေးချင်းတို့ရဲ့ပွဲတော်ဆီ (၂၀၂၁)ဖွင့်ပွဲအခမ်းအနားမိန့်ခွန်းမှာထည့်သွင်းပြောဆိုခဲ့သည်။

နိုင်ငံတော်မှာ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာအားကောင်းလာစေဖို့လိုအပ်ပါတယ်။ဒါမှသာ မတူကွဲပြားမှုတွေကို အပြန်အ လှန်အသိအမှတ်ပြု လေးစားလိုက်နာပြီး ဒီမိုကရေစီဖယ်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးကို ခိုင်မာစွာအကောင်အထည် ဖော်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ် လို့ပြောဆိုသည်။

“တိုင်းရင်းသားညီအကိုမောင်နှမတွေရဲ့ ကျစ်လစ်ခိုင်မာတဲ့ညီညွတ်တဲ့ စုပေါင်းအားကို ဆက်လက်ကြိုးပမ်းတည်ဆောက်သွားရမှာဖြစ်ပါတယ်”လို့ နစက ဥက္ကဋ္ဌကပြောသည်။

နိုင်ငံတော်အနေနဲ့ တိုင်းရင်းသားညီနောင်တွေအား လုံးတန်းတူခံစားနိုင်မည့် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်ဖို့နဲ့တိုင်းရင်းသားတွေရဲ့ ငြိမ်းချမ်းရေး၊စည်းလုံးညီညွတ်ရေး၊စစ်မှန်တဲ့ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ထက်မြတ်ရေးတို့ကို အဓိကထားဆောင်ရွက်နေပါတယ်လို့ပြော ဆိုသည်။

“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပုဒ်မ-၂၂ မှာ နိုင်ငံတော်သည် တိုင်းရင်းသားများရဲ့စကား၊စာ ပေ၊အနုပညာ၊ယဥ်ကျေးမှုတို့ကို ဖွံ့ဖြိုးတိုးတက်စေဖို့ ကူညီဆောင်ရွက်မည်၊တိုင်းရင်းသားအချင်း ချင်း စည်းလုံးညီညွတ်ရေး၊ချစ်ကြည်လေးစားရေးနဲ့ရိုင်းပင်းကူညီရေးတို့ကို တိုးတက်ဖြစ်ထွန်းစေဖို့ ကူညီဆောင်ရွက်မယ်လို့ ပြဌာန်းထားပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

နိုင်ငံတော်အနေနဲ့ချမှတ်ထားတဲ့ လူမှုရေးဦးတည်ချက်မှာပါတဲ့ “စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြတ်ရေး တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဥ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဥ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိမ်းသိမ်းစောင့်ရှောက်ရေး” အချက်တွေကို သတ်မှတ်ဆောင်ရွက်နေပါတယ်လို့ နစက ဥက္ကဋ္ဌကပြောဆိုသည်။

ဒါ့အပြင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာရေးနဲ့တိုင်း ရင်းသား‌တွေရဲ့ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအ တွက် တစ်ဦးကောင်း၊တစ်ဖွဲ့ကောင်းနဲ့ဆောင်ရွက်လို့မရပါဘူး တိုင်းရင်းသားပြည်သူများအားလုံးရဲ့ စု ပေါင်းအားနဲ့သာဆောင်ရွက်ရမှာဖြစ်ပါတယ် လို့ပြောဆိုသည်။

နိုင်ငံတော်မှာလိုအပ်လျက်ရှိတဲ့ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာလာ‌စေရေးနဲ့ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်အခြေခံတဲ့ ပြည်ထောင်စုကြီးပေါ်ထွန်းလာ‌စေဖို့အတွက် တိုင်းရင်းသားပြည်သူတွေအားလုံးက ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါဟုလည်း နစက ဥက္ကဋ္ဌကတိုက်တွန်းပြောဆိုသည်။

Zaw Gyi











LEAVE A REPLY

Please enter your comment!
Please enter your name here