ပေါင်မြိုမရဲစခန်းက အချုပ်သား ၁၇ ယောက်မှာ ကိုဗစ်(၁၉)ရောဂါပိုးတွေ့ရှိခဲ့

0
185

ပေါင်မြိုမရဲစခန်းက အချုပ်သား ၁၇ ယောက်မှာ ကိုဗစ်(၁၉)ရောဂါပိုးတွေ့ရှိခဲ့

မွန်ပြည်နယ်၊ပေါင်မြို၊ပေါင်မြိုမရဲစခန်းက အ ချုပ်သားတွေထဲက အချုပ်သား ၃၂ ယောက်ကို ဒီဇင်ဘာ ၁၀ ရက်က ကိုဗစ်(၁၉)ရောဂါပိုး ရှိ မရှိ RTD Test နဲ့စစ်ဆေးခဲ့ရာ အချုပ်သား ၁၇ ယောက်မှာ ရောဂါပိုးတွေ့ရှိခဲ့ရတယ်လို ပေါင်မြိုလူမှုကူညီရေးအသင်းတွေက သိရပါတယ်။

အခုလို စစ်ဆေးရခြင်းဟာ အချုပ်သားတစ်ယောက်နေမကောင်းဖြစ်နေတာကြောင့် ကိုဗစ် (၁၉)ရောဂါကူးစက်ခံထားရတယ်လို ယူဆတာကြောင့် စစ်ဆေးခဲ့ရာကနေ အခုလို ရောဂါကူးစက်ခံထားရတာကို သိရှိခဲ့တာကြောင့် ကျန်အချုပ်သားတွေကိုပါထပ်မံစစ်ဆေးပေးခဲ့တာဖြစ်ပါတယ်။

“လက်ရှိကတော့ ပိုးတွေ့တဲ့သူတွေကိုသီးခြားခွဲပြီး ဆေးကုပေးနေတယ် ပိုးတွေ့ရှိသူတွေကို ထားခဲ့တဲ့အချုပ်ခန်းအပြင် ရဲတပ်ဖွဲဝင်တွေနေတဲ့ နေအိမ်လိုင်းခန်းများကိုလည်း ကာကွယ်ဆေးတွေဖြန်းပေးခဲ့တယ်”လိုပေါင်မြို လူမှုကူညီရေးအသင်းဝင်တစ်ယောက်ကပြောပါတယ်။

ကိုဗစ်(၁၉)ရောဂါကူးစက်ခံထားရတဲ့ အချုပ်သား ၁၇ ယောက်ရဲ့ကျန်းမာရေးအခြေအနေကတော့ ကောင်းမွန်လျက်ရှိပါတယ်။

ပေါင်မြိုနယ်မှာ အောက်တိုဘာ ၃၀ ရက်ကစပြီး ကိုဗစ်(၁၉)ရောဂါပိုးကူးစက်ခံထားရသူမတွေ့ရှိရတော့ပဲ ဒီဇင်ဘာ ၁၀ ရက်မှသာပြန်လည်တွေ့ရှိခဲ့တာဖြစ်တယ်လို လူမှုကူညီရေးအသင်းတွေက သိရပါတယ်။

Photo-နတ်သား

ေပါင္ၿမိဳမရဲစခန္းက အခ်ဳပ္သား ၁၇ ေယာက္မွာ ကိုဗစ္(၁၉)ေရာဂါပိုးေတြ႕ရွိခဲ့

မြန္ျပည္နယ္၊ေပါင္ၿမိဳ၊ေပါင္ၿမိဳမရဲစခန္းက အ ခ်ဳပ္သားေတြထဲက အခ်ဳပ္သား ၃၂ ေယာက္ကို ဒီဇင္ဘာ ၁၀ ရက္က ကိုဗစ္(၁၉)ေရာဂါပိုး ရွိ မရွိ RTD Test နဲ႔စစ္ေဆးခဲ့ရာ အခ်ဳပ္သား ၁၇ ေယာက္မွာ ေရာဂါပိုးေတြ႕ရွိခဲ့ရတယ္လို ေပါင္ၿမိဳလူမွုကူညီေရးအသင္းေတြက သိရပါတယ္။

အခုလို စစ္ေဆးရျခင္းဟာ အခ်ဳပ္သားတစ္ေယာက္ေနမေကာင္းျဖစ္ေနတာေၾကာင့္ ကိုဗစ္ (၁၉)ေရာဂါကူးစက္ခံထားရတယ္လို ယူဆတာေၾကာင့္ စစ္ေဆးခဲ့ရာကေန အခုလို ေရာဂါကူးစက္ခံထားရတာကို သိရွိခဲ့တာေၾကာင့္ က်န္အခ်ဳပ္သားေတြကိုပါထပ္မံစစ္ေဆးေပးခဲ့တာျဖစ္ပါတယ္။

“လက္ရွိကေတာ့ ပိုးေတြ႕တဲ့သူေတြကိုသီးျခားခြဲၿပီး ေဆးကုေပးေနတယ္ ပိုးေတြ႕ရွိသူေတြကို ထားခဲ့တဲ့အခ်ဳပ္ခန္းအျပင္ ရဲတပ္ဖြဲဝင္ေတြေနတဲ့ ေနအိမ္လိုင္းခန္းမ်ားကိုလည္း ကာကြယ္ေဆးေတြျဖန္းေပးခဲ့တယ္”လိုေပါင္ၿမိဳ လူမွုကူညီေရးအသင္းဝင္တစ္ေယာက္ကေျပာပါတယ္။

ကိုဗစ္(၁၉)ေရာဂါကူးစက္ခံထားရတဲ့ အခ်ဳပ္သား ၁၇ ေယာက္ရဲ့က်န္းမာေရးအေျခအေနကေတာ့ ေကာင္းမြန္လ်က္ရွိပါတယ္။

ေပါင္ၿမိဳနယ္မွာ ေအာက္တိုဘာ ၃၀ ရက္ကစၿပီး ကိုဗစ္(၁၉)ေရာဂါပိုးကူးစက္ခံထားရသူမေတြ႕ရွိရေတာ့ပဲ ဒီဇင္ဘာ ၁၀ ရက္မွသာျပန္လည္ေတြ႕ရွိခဲ့တာျဖစ္တယ္လို လူမွုကူညီေရးအသင္းေတြက သိရပါတယ္။

Photo-နတ်သား


LEAVE A REPLY

Please enter your comment!
Please enter your name here