Dog Days ဇာတ်ကားတွင် Kim Seon Ho အစား Lee Hyun Wooသရုပ်ဆောင်မည်

0
111

(Unicode)

Dog Days ဇာတ်ကားတွင် Kim Seon Ho အစား Lee Hyun Wooသရုပ်ဆောင်မည်

ဒီဇင်ဘာ ၁၄ရက်နေ့မှာ ကိုရီးယားရဲ့မီဒီယာတစ် ခုက Lee Hyun Woo ဟာ Dog Days ဇာတ် ကားမှာပါဝင်ဖို့ ကမ်းလှမ်းခံရပြီး ဇာတ်ရုပ်ကိုသရုပ်ဆောင်ဖို့ လက်ခံလိုက်ပြီလို့ ဖော်ပြထားပါတယ်။

ဒီဇာတ်ကားအတွက် Kim Seon Ho ကိုကနဦးရွေးချယ်ခဲ့တာဖြစ်ပြီး Kim Seon Ho ဟာ သူ့ရည်းစားဟောင်းနဲ့ပတ်သတ်တဲ့ အငြင်းပွါးမှုတွေကြောင့် ရုပ်ရှင်ကနေနုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

Lee Hyun Woo ဟာ ဒီဇာတ်ကားမှာပါဝင်ဖို့ သေချာစဉ်းစားပြီးနောက် Kim Seon Ho နေရာမှာ သရုပ်ဆောင်ဖို့ ပါဝင်လာခဲ့တာပါ။

Dog Days ဟာ အိမ်မွေးတိရစ္ဆာန်တွေနဲ့လူတွေနဲ့အတူ ယှဉ်တွဲနေထိုင်တဲ့အကြောင်းကို သရုပ်ဖော်ထားတဲ့ ရုပ်ရှင်ဖြစ်ပြီး Yoon Yuh Jung, Yoo Hae Jin နဲ့ Daniel Henny တို့လည်း ဇာတ် လမ်းမှာပါဝင်ဖို့ အတည်ပြုထားကြောင်း သိရပါတယ်။

(Zawgyi)

Dog Days ဇာတ္ကားတြင္ Kim Seon Ho အစား Lee Hyun Wooသ႐ုပ္ေဆာင္မည္

ဒီဇင္ဘာ ၁၄ရက္ေန႔မွာ ကိုရီးယားရဲ႕မီဒီယာတစ္ ခုက Lee Hyun Woo ဟာ Dog Days ဇာတ္ ကားမွာပါဝင္ဖို႔ ကမ္းလွမ္းခံရၿပီး ဇာတ္႐ုပ္ကိုသ႐ုပ္ေဆာင္ဖို႔ လက္ခံလိုက္ၿပီလို႔ ေဖာ္ျပထားပါတယ္။

ဒီဇာတ္ကားအတြက္ Kim Seon Ho ကိုကနဦးေ႐ြးခ်ယ္ခဲ့တာျဖစ္ၿပီး Kim Seon Ho ဟာ သူ႔ရည္းစားေဟာင္းနဲ႔ပတ္သတ္တဲ့ အျငင္းပြါးမႈေတြေၾကာင့္ ႐ုပ္ရွင္ကေနႏုတ္ထြက္ဖို႔ ဆုံးျဖတ္ခဲ့တယ္လို႔ သတင္းေတြထြက္ေပၚခဲ့ပါတယ္။

Lee Hyun Woo ဟာ ဒီဇာတ္ကားမွာပါဝင္ဖို႔ ေသခ်ာစဥ္းစားၿပီးေနာက္ Kim Seon Ho ေနရာမွာ သ႐ုပ္ေဆာင္ဖို႔ ပါဝင္လာခဲ့တာပါ။

Dog Days ဟာ အိမ္ေမြးတိရစာၦန္ေတြနဲ႔လူေတြနဲ႔အတူ ယွဥ္တြဲေနထိုင္တဲ့အေၾကာင္းကို သ႐ုပ္ေဖာ္ထားတဲ့ ႐ုပ္ရွင္ျဖစ္ၿပီး Yoon Yuh Jung, Yoo Hae Jin နဲ႔ Daniel Henny တို႔လည္း ဇာတ္ လမ္းမွာပါဝင္ဖို႔ အတည္ျပဳထားေၾကာင္း သိရပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here