ထားဝယ်မြို့က ဒီမိုကရေစီအရေးတက်ကြွလှုပ် ရှားသူ ကိုဇင်မျိုးမင်း ပုဒ်မသုံးခုနဲ့ထောင် ၁၁ နှစ်ချခံရ

0
169

(Unicode)

ထားဝယ်မြို့က ဒီမိုကရေစီအရေးတက်ကြွလှုပ် ရှားသူ ကိုဇင်မျိုးမင်း ပုဒ်မသုံးခုနဲ့ထောင် ၁၁ နှစ်ချခံရ

ထားဝယ်မြို့က ဒီမိုကရေစီအရေးတက်ကြွလှုပ် ရှားသူတစ်ယောက်ဖြစ်သလို ဆန္ဒပြမှုတွေမှာပါ ဝင်ခဲ့သူတစ်ယောက်ဖြစ်တဲ့ ကိုဇင်မျိုးမင်း(၂၀) နှစ်ကို ထားဝယ်ထောင်တွင်းတရားရုံးက ဒီလ ၉ ရက်နေ့မှာထောင်ဒဏ် ၁၁ နှစ်ကျခံစေဖို့အပြီး သတ်အမိန့်ချမှတ်ခဲ့သည်လို့ ထားဝယ်နိုင်ငံရေးအကျဥ်းသားများကွန်ယက်ကသိရပါတယ်။

ကိုဇင်မျိုးမင်းဟာ ဥပဒေပုဒ်မ-၅၂(က)အတွက် ခုနှစ်နှစ်၊ဥပဒေပုဒ်မ-၅၀၅(က)အတွက် နှစ်နှစ်နဲ့လက်နက်ဥပဒေပုဒ်မ-၁၉(စ)အတွက် နှစ်နှစ် (စုစုပေါင်း ထောင်ဒဏ် ၁၁ နှစ်)ချမှတ်ခံခဲ့ရခြင်းဖြစ်ပါတယ်။

ဇူလိုင် ၂၀ ရက်က လုံခြုံရေးအဖွဲ့ဝင်တွေဟာ ကိုဇင်မျိုးမင်း ကိုထားဝယ်မြို့၊ဝဲကျွန်းထိန်သစ်ရပ်ကွက်မှာ ဖမ်းဆီးပြီး ၅ လလောက်အကြာမှာအခုလိုထောင်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ပါတယ်။

ထားဝယ်အကျဥ်းထောင်က ထောင်တွင်းတရား ရုံးက ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခံခဲ့ရသူ ကိုဇင်မျိုးမင်းအပါအဝင် ဝန်ကြီးချုပ်(ဟောင်း)ဦးမြင့်မောင်နဲ့ထားဝယ်တက္ကသိုလ် ပထမနှစ်(ပထဝီဝင်ဌာန)အဝေးသင်ကျောင်းသား ကိုချစ်နိုင်တို့ဖြစ်ပါတယ်။

(Zawgyi)

ထားဝယ္ၿမိဳ႕က ဒီမိုကေရစီအေရးတက္ႂကြလႈပ္ ရွားသူ ကိုဇင္မ်ိဳးမင္း ပုဒ္မသုံးခုနဲ႔ေထာင္ ၁၁ ႏွစ္ခ်ခံရ

ထားဝယ္ၿမိဳ႕က ဒီမိုကေရစီအေရးတက္ႂကြလႈပ္ ရွားသူတစ္ေယာက္ျဖစ္သလို ဆႏၵျပမႈေတြမွာပါ ဝင္ခဲ့သူတစ္ေယာက္ျဖစ္တဲ့ ကိုဇင္မ်ိဳးမင္း(၂၀) ႏွစ္ကို ထားဝယ္ေထာင္တြင္းတရား႐ုံးက ဒီလ ၉ ရက္ေန႔မွာေထာင္ဒဏ္ ၁၁ ႏွစ္က်ခံေစဖို႔အၿပီး သတ္အမိန္႔ခ်မွတ္ခဲ့သည္လို႔ ထားဝယ္ႏိုင္ငံေရးအက်ဥ္းသားမ်ားကြန္ယက္ကသိရပါတယ္။

ကိုဇင္မ်ိဳးမင္းဟာ ဥပေဒပုဒ္မ-၅၂(က)အတြက္ ခုႏွစ္ႏွစ္၊ဥပေဒပုဒ္မ-၅၀၅(က)အတြက္ ႏွစ္ႏွစ္နဲ႔လက္နက္ဥပေဒပုဒ္မ-၁၉(စ)အတြက္ ႏွစ္ႏွစ္ (စုစုေပါင္း ေထာင္ဒဏ္ ၁၁ ႏွစ္)ခ်မွတ္ခံခဲ့ရျခင္းျဖစ္ပါတယ္။

ဇူလိုင္ ၂၀ ရက္က လုံၿခဳံေရးအဖြဲ႕ဝင္ေတြဟာ ကိုဇင္မ်ိဳးမင္း ကိုထားဝယ္ၿမိဳ႕၊ဝဲကြၽန္းထိန္သစ္ရပ္ကြက္မွာ ဖမ္းဆီးၿပီး ၅ လေလာက္အၾကာမွာအခုလိုေထာင္ဒဏ္ခ်မွတ္ခဲ့ျခင္းျဖစ္ပါတယ္။

ထားဝယ္အက်ဥ္းေထာင္က ေထာင္တြင္းတရား ႐ုံးက ေထာင္ဒဏ္ ၁၁ ႏွစ္ခ်မွတ္ခံခဲ့ရသူ ကိုဇင္မ်ိဳးမင္းအပါအဝင္ ဝန္ႀကီးခ်ဳပ္(ေဟာင္း)ဦးျမင့္ေမာင္နဲ႔ထားဝယ္တကၠသိုလ္ ပထမႏွစ္(ပထဝီဝင္ဌာန)အေဝးသင္ေက်ာင္းသား ကိုခ်စ္ႏိုင္တို႔ျဖစ္ပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here