MICထောက်ခံချက်ယူရမည့်လုပ်ငန်းနှင့် ပတ်သတ်ပြီး ဖြေလျော့သတ်မှတ်ပေး

0
179

(Unicode)

MICထောက်ခံချက်ယူရမည့်လုပ်ငန်းနှင့် ပတ်သတ်ပြီး ဖြေလျော့သတ်မှတ်ပေး

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီများ၏ ခွင့်ပြုမိန့်၊ အတည်ပြုမိန့်များဖြင့် ဆောင်ရွက်နေသော လုပ်ငန်းများက အခွန်အကောက်ပေးဆောင် တင်သွင်းသည့်ကိစ္စရပ်များ (အရက်၊ ဘီယာ၊ စီးကရက်၊ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်တပ်ဆင်ထုတ်လုပ်သော လုပ်ငန်းများ၏ ကုန်ကြမ်းပစ္စည်းတင်သွင်းခြင်းနှင့် လုပ်ငန်းသုံးသကြား တင်သွင်းခြင်း ကိစ္စရပ်များမှအပ)တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနည်းဥပဒေ ၂၃၀ အရ ကော်မရှင်၏ထောက်ခံချက်ရယူရန် မလိုအပ်ဘဲ ကုန်သွယ်ရေးဦးစီး ဌာနနှင့် အကောက်ခွန်ဦးစီးဌာနများသို့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့မှစတင်၍ တိုက်ရိုက်လျှောက်ထားဆောင်ရွက်ရမည်ဟု ကော်မရှင်ဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းက အမိန့်ကြေညာစာတစ်ခုထုတ်ပြီး ဖြေလျော့လိုက်သည်။

ထို့ကြောင့် အရက်၊ ဘီယာ၊ စီးကရက်၊ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်တပ်ဆင်ထုတ်လုပ်သော လုပ်ငန်းများ၏ ကုန်ကြမ်းပစ္စည်းတင်သွင်းခြင်းနှင့် လုပ်ငန်းသုံးသကြား တင်သွင်းခြင်း ကိစ္စရပ်များမှအပ အခြားလုပ်ငန်းများMICထောက်ခံချက်ယူစရာမလို ကုန်သွယ်ရေးဦးစီးဌာန နှင့်အကောက်ခွန်ဦးစီးဌာနတို့သာ လျှောက်ထားကြရမည်ဖြစ်သည်။

အရက်၊ ဘီယာ၊ စီးကရက်၊ မော်တော်ယာဉ် ၊ မော်တော်ဆိုင်ကယ် တပ်ဆင်ထုတ်လုပ်သော လုပ်ငန်းများ၏ ကုန်ကြမ်းပစ္စည်းတင်သွင်းခွင့် နှင့် လုပ်ငန်းသုံး သကြားတင်သွင်းခွင့်များ တင်ပြလျှောက်ထားရာတွင် နှစ်အလိုက် ကုန်ကြမ်း လိုအပ်ချက်ကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ တစ်နှစ်ချင်းအလိုက် တင်ပြလျှောက်ထားဆောင်ရွက်ရမည်ဟုလည်း အမိန့်ကြေညာစာတွင်ဖော်ပြထားသည်။

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဆောင်ရွက်သူတစ်ဦးက “လုပ်ရမယ့် လုပ်ငန်းစဉ်တွေထဲက တစ်ခု လျော့သွားတယ်”ဟု မှတ်ချက်ပြုသည်။

(Zawgyi)

MICေထာက္ခံခ်က္ယူရမည့္လုပ္ငန္းႏွင့္ ပတ္သတ္ၿပီး ေျဖေလ်ာ့သတ္မွတ္ေပး

ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္ႏွင့္ တိုင္းေဒသႀကီး၊ ျပည္နယ္ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီမ်ား၏ ခြင့္ျပဳမိန႔္၊ အတည္ျပဳမိန႔္မ်ားျဖင့္ ေဆာင္႐ြက္ေနေသာ လုပ္ငန္းမ်ားက အခြန္အေကာက္ေပးေဆာင္ တင္သြင္းသည့္ကိစၥရပ္မ်ား (အရက္၊ ဘီယာ၊ စီးကရက္၊ ေမာ္ေတာ္ယာဥ္၊ ေမာ္ေတာ္ဆိုင္ကယ္တပ္ဆင္ထုတ္လုပ္ေသာ လုပ္ငန္းမ်ား၏ ကုန္ၾကမ္းပစၥည္းတင္သြင္းျခင္းႏွင့္ လုပ္ငန္းသုံးသၾကား တင္သြင္းျခင္း ကိစၥရပ္မ်ားမွအပ)တြင္ ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈနည္းဥပေဒ ၂၃၀ အရ ေကာ္မရွင္၏ေထာက္ခံခ်က္ရယူရန္ မလိုအပ္ဘဲ ကုန္သြယ္ေရးဦးစီး ဌာနႏွင့္ အေကာက္ခြန္ဦးစီးဌာနမ်ားသို႔ ၂၀၂၁ ခုႏွစ္၊ ဒီဇင္ဘာလ ၁၅ ရက္ေန႔မွစတင္၍ တိုက္႐ိုက္ေလွ်ာက္ထားေဆာင္႐ြက္ရမည္ဟု ေကာ္မရွင္ဥကၠ႒ဒုတိယဗိုလ္ခ်ဳပ္ႀကီးမိုးျမင့္ထြန္းက အမိန႔္ေၾကညာစာတစ္ခုထုတ္ၿပီး ေျဖေလ်ာ့လိုက္သည္။

ထို႔ေၾကာင့္ အရက္၊ ဘီယာ၊ စီးကရက္၊ ေမာ္ေတာ္ယာဥ္၊ ေမာ္ေတာ္ဆိုင္ကယ္တပ္ဆင္ထုတ္လုပ္ေသာ လုပ္ငန္းမ်ား၏ ကုန္ၾကမ္းပစၥည္းတင္သြင္းျခင္းႏွင့္ လုပ္ငန္းသုံးသၾကား တင္သြင္းျခင္း ကိစၥရပ္မ်ားမွအပ အျခားလုပ္ငန္းမ်ားMICေထာက္ခံခ်က္ယူစရာမလို ကုန္သြယ္ေရးဦးစီးဌာန ႏွင့္အေကာက္ခြန္ဦးစီးဌာနတို႔သာ ေလွ်ာက္ထားၾကရမည္ျဖစ္သည္။

အရက္၊ ဘီယာ၊ စီးကရက္၊ ေမာ္ေတာ္ယာဥ္ ၊ ေမာ္ေတာ္ဆိုင္ကယ္ တပ္ဆင္ထုတ္လုပ္ေသာ လုပ္ငန္းမ်ား၏ ကုန္ၾကမ္းပစၥည္းတင္သြင္းခြင့္ ႏွင့္ လုပ္ငန္းသုံး သၾကားတင္သြင္းခြင့္မ်ား တင္ျပေလွ်ာက္ထားရာတြင္ ႏွစ္အလိုက္ ကုန္ၾကမ္း လိုအပ္ခ်က္ကို ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္သို႔ တစ္ႏွစ္ခ်င္းအလိုက္ တင္ျပေလွ်ာက္ထားေဆာင္႐ြက္ရမည္ဟုလည္း အမိန႔္ေၾကညာစာတြင္ေဖာ္ျပထားသည္။

ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းေဆာင္႐ြက္သူတစ္ဦးက “လုပ္ရမယ့္ လုပ္ငန္းစဥ္ေတြထဲက တစ္ခု ေလ်ာ့သြားတယ္”ဟု မွတ္ခ်က္ျပဳသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here