ရေဦးမြို့မှာ ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးထိုးပေးနေတဲ့အဖွဲ့ ပစ်ခတ်တိုက်ခိုက်ခံရ ထိခိုက်ဒဏ် ရာရသူမရှိ

0
330

(Unicode)

ရေဦးမြို့မှာ ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးထိုးပေးနေတဲ့အဖွဲ့ ပစ်ခတ်တိုက်ခိုက်ခံရ ထိခိုက်ဒဏ် ရာရသူမရှိ


စစ်ကိုင်းတိုင်း၊ရေဦးမြို့၊အောင်ချမ်းသာရပ်ကွက်က မြို့နယ်အားကစားခန်းမမှာ ဒီဇင်ဘာ ၁၃ ရက် မနက် ၈ နာရီလောက်က ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တွေက ကိုဗစ် (၁၉)ရောဂါကာကွယ်ဆေးထိုးပေးခဲ့ပါတယ်။

မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်လောက်မှာ ရေဦး-ကံထူးမသွားကားလမ်းပေါ်က သံသည်လမ်းဆုံဖက်ကနေပြီး ကာကွယ်ဆေးထိုးပေးနေတဲ့အဖွဲ့ကို လက်လုပ်စိန်ပြောင်းနဲ့ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ နစက ကထုတ်ပြန်ခဲ့ပါတယ်။

“ပစ်ခံရတဲ့အချိန် ကျွန်တော်ကဆေးထိုးဖို့စောင့်နေတာ ဝုန်း ဆိုအသံကြားတော့လန့်ပြီးဝပ်နေလိုက်ရတယ် ခနနေမှအပြင်ထွက်ကြည့်ရဲတယ် ဆေးထိုးဖို့စောင့်နေတဲ့လူတွေလည်းအများကြီးရှိတယ် တော်သေးတယ် ဘယ်သူမှာမထိမိတာ”လို့ဒေသခံတစ်ယောက်ကပြောပါတယ်။

ဖြစ်စဥ်မှာ လူထိခိုက်ဒဏ်ရာရတာမရှိပါဘူး။မြို့ နယ်အားကစားခန်းမရဲ့ခေါင်မိုး ၁ ပေခန့်ပေါက်ထွက်၊ဒိုင်းအကာသွပ်တွေပေါက်ပြဲပျက်စီးခဲ့တာပဲရှိခဲ့ပါတယ်။

(Zawgyi)

ေရဦးၿမိဳ႕မွာ ကိုဗစ္(၁၉)ေရာဂါကာကြယ္ေဆးထိုးေပးေနတဲ့အဖြဲ႕ ပစ္ခတ္တိုက္ခိုက္ခံရ ထိခိုက္ဒဏ္ ရာရသူမရွိ

စစ္ကိုင္းတိုင္း၊ေရဦးၿမိဳ႕၊ေအာင္ခ်မ္းသာရပ္ကြက္က ၿမိဳ႕နယ္အားကစားခန္းမမွာ ဒီဇင္ဘာ ၁၃ ရက္ မနက္ ၈ နာရီေလာက္က က်န္းမာေရးဝန္ထမ္းေတြနဲ႔ ဌာနဆိုင္ရာပူးေပါင္းအဖြဲ႕ေတြက ကိုဗစ္ (၁၉)ေရာဂါကာကြယ္ေဆးထိုးေပးခဲ့ပါတယ္။

မြန္းတည့္ ၁၂ နာရီ ၁၅ မိနစ္ေလာက္မွာ ေရဦး-ကံထူးမသြားကားလမ္းေပၚက သံသည္လမ္းဆုံဖက္ကေနၿပီး ကာကြယ္ေဆးထိုးေပးေနတဲ့အဖြဲ႕ကို လက္လုပ္စိန္ေျပာင္းနဲ႔ပစ္ခတ္တိုက္ခိုက္ခံခဲ့ရတယ္လို႔ နစက ကထုတ္ျပန္ခဲ့ပါတယ္။

“ပစ္ခံရတဲ့အခ်ိန္ ကြၽန္ေတာ္ကေဆးထိုးဖို႔ေစာင့္ေနတာ ဝုန္း ဆိုအသံၾကားေတာ့လန္႔ၿပီးဝပ္ေနလိုက္ရတယ္ ခနေနမွအျပင္ထြက္ၾကည့္ရဲတယ္ ေဆးထိုးဖို႔ေစာင့္ေနတဲ့လူေတြလည္းအမ်ားႀကီးရွိတယ္ ေတာ္ေသးတယ္ ဘယ္သူမွာမထိမိတာ”လို႔ေဒသခံတစ္ေယာက္ကေျပာပါတယ္။

ျဖစ္စဥ္မွာ လူထိခိုက္ဒဏ္ရာရတာမရွိပါဘူး။ၿမိဳ႕ နယ္အားကစားခန္းမရဲ႕ေခါင္မိုး ၁ ေပခန္႔ေပါက္ထြက္၊ဒိုင္းအကာသြပ္ေတြေပါက္ၿပဲပ်က္စီးခဲ့တာပဲရွိခဲ့ပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here