နေပြည်တော်မှာ တက္ကသိုလ်ဖွင့်ရန်ပြင်ဆင်

0
252

(Unicode)

နေပြည်တော်မှာ တက္ကသိုလ်ဖွင့်ရန်ပြင်ဆင်

နေပြည်တော်ကောင်စီနယ်မြေမှာ တက္ကသိုလ်တစ်ခုရှိဖို့ လိုအပ်တဲ့အတွက် တက္ကသိုလ်ဖွင့်ဖို့ ပြင်ဆင်နေတယ်လို့ နစကဥက္ကဋ္ဌက ပြောပါတယ်။

နေပြည်တော်မှာ ဖွင့်ဖို့ စီစဉ်နေတဲ့ တက္ကသိုလ်ဟာ ဝိဇ္ဇာ၊ သိပ္ပံ၊ ဥပဒေ၊ စီးပွားရေး၊ ဆေးပညာ၊ လူမှုဝန်ထမ်း ဘာသာရပ်များသင်ကြားနိုင်မယ့် တက္ကသိုလ်လို့ နစကဥက္ကဋ္ဌရဲ့ ပြောဆိုချက်တွေအရသိရပါတယ်။

နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်း၊ ဇမ္ဗူသီရိ၊ ပုဗ္ဗသီရိ၊ ဒက္ခိဏသီရိ၊ ဥတ္တရသီရိ နဲ့ ဇေယျာသီရိမြို့နယ်တို့မှာ လူဦးရေ တစ်သန်းကျော်ရှိပြီး တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေဟာ မန္တလေးတက္ကသိုလ်၊ ကျောက်ဆည်တက္ကသိုလ် နဲ့ မိတ္ထီလာတက္ကသိုလ်တို့မှာ ပညာသင်ကြားနေရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်ကာလ ၂၀၁၆ခုနှစ်တုန်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်လည်း နေပြည်တော်ကောင်စီနယ်မြေမှာ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တစ်ခု ဖွင့်လှစ်ဖို့အတွက် ဆန္ဒရှိသလို၊ နေပြည်တော် ကောင်စီနယ်မြေ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နဲ့ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်သစ် တို့ ညှိနှိုင်းဆောင်ရွက်ခဲ့ကြဖူးတာရှိပါတယ်။

နေပြည်တော် ဇေယျာသီရိမြို့နယ်မှာ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးဆေးတက္ကသိုလ်နဲ့ သစ်တောတက္ကသိုလ်တို့ရှိနေကြပါတယ်။

(Zawgyi)

ေနျပည္ေတာ္မွာ တကၠသိုလ္ဖြင့္ရန္ျပင္ဆင္

ေနျပည္ေတာ္ေကာင္စီနယ္ေျမမွာ တကၠသိုလ္တစ္ခုရွိဖို႔ လိုအပ္တဲ့အတြက္ တကၠသိုလ္ဖြင့္ဖို႔ ျပင္ဆင္ေနတယ္လို႔ နစကဥကၠ႒က ေျပာပါတယ္။

ေနျပည္ေတာ္မွာ ဖြင့္ဖို႔ စီစဥ္ေနတဲ့ တကၠသိုလ္ဟာ ဝိဇၨာ၊ သိပၸံ၊ ဥပေဒ၊ စီးပြားေရး၊ ေဆးပညာ၊ လူမႈဝန္ထမ္း ဘာသာရပ္မ်ားသင္ၾကားႏိုင္မယ့္ တကၠသိုလ္လို႔ နစကဥကၠ႒ရဲ႕ ေျပာဆိုခ်က္ေတြအရသိရပါတယ္။

ေနျပည္ေတာ္ေကာင္စီနယ္ေျမ ပ်ဥ္းမနား၊ လယ္ေဝး၊ တပ္ကုန္း၊ ဇမၺဴသီရိ၊ ပုဗၺသီရိ၊ ဒကၡိဏသီရိ၊ ဥတၱရသီရိ နဲ႔ ေဇယ်ာသီရိၿမိဳ႕နယ္တို႔မွာ လူဦးေရ တစ္သန္းေက်ာ္ရွိၿပီး တကၠသိုလ္ေက်ာင္းသား ေက်ာင္းသူေတြဟာ မႏၲေလးတကၠသိုလ္၊ ေက်ာက္ဆည္တကၠသိုလ္ နဲ႔ မိတၳီလာတကၠသိုလ္တို႔မွာ ပညာသင္ၾကားေနရတာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္အစိုးရလက္ထက္ကာလ ၂၀၁၆ခုႏွစ္တုန္းက ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္လည္း ေနျပည္ေတာ္ေကာင္စီနယ္ေျမမွာ ဝိဇၨာသိပၸံတကၠသိုလ္တစ္ခု ဖြင့္လွစ္ဖို႔အတြက္ ဆႏၵရွိသလို၊ ေနျပည္ေတာ္ ေကာင္စီနယ္ေျမ ဥကၠ႒ ေဒါက္တာမ်ိဳးေအာင္နဲ႔ ပုဗၺသီရိၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးတင္သစ္ တို႔ ညႇိႏႈိင္းေဆာင္႐ြက္ခဲ့ၾကဖူးတာရွိပါတယ္။

ေနျပည္ေတာ္ ေဇယ်ာသီရိၿမိဳ႕နယ္မွာ ေရဆင္းစိုက္ပ်ိဳးေရးတကၠသိုလ္၊ ေမြးျမဴေရးေဆးတကၠသိုလ္နဲ႔ သစ္ေတာတကၠသိုလ္တို႔ရွိေနၾကပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here