ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ၁၅သန်းထုတ်ရောင်း

0
149

(Unicode)

ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ၁၅သန်းထုတ်ရောင်း

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေဈေးပြိုင်လေလံဖြင့်အမေရိကန်ဒေါ်လာ ၁၅,၀၀၀,၀၀၀ ကို ယနေ့ ဒီဇင်ဘာ ၁၅ရက်တွင် ရောင်းချခဲ့သည်။

လေလံအတွက် ပျမ်းမျှငွေလဲလှယ်နှုန်းမှာ ၁,၇၈၀.၀ ကျပ် ဖြစ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၉ ရက်နေ့ကလည်း လေလံအတွက် ပျမ်းမျှငွေလဲလှယ်နှုန်း ၁,၇၈၀.၀ ကျပ်ဖြင့် အမေရိကန်ဒေါ်လာ ၁၃သန်းကို ဗဟိုဘဏ်က နိုင်ငံခြားငွေဈေးပြိုင်လေလံဖြင့်ထုတ်ရောင်းခဲ့သေးသည်။

ဒီဇင်ဘာ ၃ရက်နေ့ကလည်း ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ၁၅သန်းအား လေလံအတွက် ပျဉ်းမျှငွေလဲလှယ်နှုန်း ၁ဒေါ်လာ ၁၇၈၀ကျပ်ဖြင့် ထုတ်ရောင်းခဲ့သည်။

ယခု ဒီဇင်ဘာလဝက်အတွင်း ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ၄၃သန်းအထိ ထုတ်ရောင်းခဲ့ပြီးဖြစ်သည်။

(Zawgyi)








LEAVE A REPLY

Please enter your comment!
Please enter your name here