ကိုဗစ်(၁၉)ကာကွယ်ဆေးထိုးပေးပြီးပြန်လာတဲ့ ကွတ်ခိုင်ပြည်သူ့ဆေးရုံက မြို့နယ်ဆရာဝန်ကြီး သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံး

0
118

(Unicode)

ကိုဗစ်(၁၉)ကာကွယ်ဆေးထိုးပေးပြီးပြန်လာတဲ့ ကွတ်ခိုင်ပြည်သူ့ဆေးရုံက မြို့နယ်ဆရာဝန်ကြီး သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံး

ရှမ်း(မြောက်)၊ကွတ်ခိုင်မြို့နယ်၊မုံးစီးရွာက ရွာသူ၊ရွာသားတွေကို ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးထိုးပေးပြီး ကားနဲ့ပြန်လာတဲ့ ကွတ်ခိုင်ပြည်သူ့ဆေးရုံက မြို့နယ်ဆရာဝန်ကြီးဒေါ်ဝင့်ဝင့်မြိုင် (၅၀)နှစ်ကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဒီဇင်ဘာ ၁၄ ရက်ည ၇ နာရီ ၁၅ မိနစ်မှာ သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့တယ်လို့ နစက ကထုတ်ပြန်ခဲ့ပါတယ်။

မြို့နယ်ဆရာဝန်ကြီးနဲ့မြို့နယ်ထွေအုပ်က ဒုမြို့နယ်ဦးစီးမှူးတို့ပါဝင်တဲ့အဖွဲ့ဟာ မုံးစီးရွာမှာ ကိုဗစ် (၁၉)ရောဂါကာကွယ်ဆေးထိုးပြီးလို့ ည ၆ နာရီလောက်မှာ ကားနှစ်စီးနဲ့ ကွတ်ခိုင်မြို့ကိုပြန်လာခဲ့ပါတယ်။

ဒုမြို့နယ်ဦးစီးမှူးနဲ့အဖွဲ့က တာမိုးညဲမြို့န ယ်‌ထွေအုပ်ရုံးမှာ ကာကွယ်ဆေးထိုးနှံ့မှုမှတ်တမ်းဝင်ယူစဥ်မှာ မြို့နယ်ဆရာဝန်ကြီးနဲ့အဖွဲ့ကဆက်လက်ထွက်ခွာလာစဥ်မှာဖြစ်ပွားခဲ့တာပါ။

ဖြစ်စဥ်နေရာက မော်ဟန်နဲ့ နောင်ချိုရွာဟောင်းကြားမှာပါ။အမည်မသိ လက်နက်ကိုင်အဖွဲ့က မြို့နယ်ဆရာဝန်ကြီးစီးလာတဲ့ကားကိုတားပြီး ကားပေါ်ပါလာသူတွေကိုအကုန်ဆင်းခိုင်းခဲ့ပါတယ်။မြို့နယ်ဆရာဝန်ကြီးတစ်ယောက်ထဲကိုပဲ သေနတ်နဲ့အနီးကပ်ပစ်ခတ်ခဲ့တာကြောင့် ကျည်ဝင်ဒဏ်ရာ ငါးချက်ရပြီး အခင်းဖြစ်နေရာမှာသေဆုံးခဲ့ပါတယ်။

ကားပေါ်ပါလာသူတွေကိုတော့ ပစ်ခတ်ခဲ့ခြင်းမရှိပဲ တာမိုးညဲဖက်ကိုပြန်မောင်းခိုင်းခဲ့ပါတယ်။အခင်းဖြစ်စဥ်ကို မြို့နယ်ဆရာဝန်ကြီးကားကိုမောင်းသူက ဒုမြို့နယ်ဦးစီးမှူးကိုဖုန်းဆက်အကြောင်းကြားခဲ့တာကြောင့် သွားရောက်ရှာဖွေပြီး မြို့နယ်ဆရာဝန်ကြီးရဲ့ ရုပ်အလောင်းကို ကွတ်ခိုင်ပြည်သူ့ဆေးရုံကိုပြန်လည်သယ်ဆောင်ခဲ့ပါတယ်။

မြို့နယ်ဆရာဝန်ကြီးဒေါ်ဝင့်ဝင့်မြိုင်ဟာ ကွတ်ခိုငိပြည်သူ့ဆေးရုံကြီးမှာ ၂၀၀၂ ခုနှစ်ထဲကစတင်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

(Zawgyi)

ကိုဗစ္(၁၉)ကာကြယ္ေဆးထိုးေပးၿပီးျပန္လာတဲ့ ကြတ္ခိုင္ျပည္သူ႔ေဆး႐ုံက ၿမိဳ႕နယ္ဆရာဝန္ႀကီး ေသနတ္နဲ႔ပစ္ခတ္ခံရၿပီး ေသဆုံး

ရွမ္း(ေျမာက္)၊ကြတ္ခိုင္ၿမိဳ႕နယ္၊မုံးစီး႐ြာက ႐ြာသူ၊႐ြာသားေတြကို ကိုဗစ္(၁၉)ေရာဂါကာကြယ္ေဆးထိုးေပးၿပီး ကားနဲ႔ျပန္လာတဲ့ ကြတ္ခိုင္ျပည္သူ႔ေဆး႐ုံက ၿမိဳ႕နယ္ဆရာဝန္ႀကီးေဒၚဝင့္ဝင့္ၿမိဳင္ (၅၀)ႏွစ္ကို လက္နက္ကိုင္အဖြဲ႕တစ္ခုက ဒီဇင္ဘာ ၁၄ ရက္ည ၇ နာရီ ၁၅ မိနစ္မွာ ေသနတ္နဲ႔ပစ္ခတ္ခဲ့တာေၾကာင့္ ေသဆုံးခဲ့တယ္လို႔ နစက ကထုတ္ျပန္ခဲ့ပါတယ္။

ၿမိဳ႕နယ္ဆရာဝန္ႀကီးနဲ႔ၿမိဳ႕နယ္ေထြအုပ္က ဒုၿမိဳ႕နယ္ဦးစီးမႉးတို႔ပါဝင္တဲ့အဖြဲ႕ဟာ မုံးစီး႐ြာမွာ ကိုဗစ္ (၁၉)ေရာဂါကာကြယ္ေဆးထိုးၿပီးလို႔ ည ၆ နာရီေလာက္မွာ ကားႏွစ္စီးနဲ႔ ကြတ္ခိုင္ၿမိဳ႕ကိုျပန္လာခဲ့ပါတယ္။

ဒုၿမိဳ႕နယ္ဦးစီးမႉးနဲ႔အဖြဲ႕က တာမိုးညဲၿမိဳ႕န ယ္‌ေထြအုပ္႐ုံးမွာ ကာကြယ္ေဆးထိုးႏွံ႔မႈမွတ္တမ္းဝင္ယူစဥ္မွာ ၿမိဳ႕နယ္ဆရာဝန္ႀကီးနဲ႔အဖြဲ႕ကဆက္လက္ထြက္ခြာလာစဥ္မွာျဖစ္ပြားခဲ့တာပါ။

ျဖစ္စဥ္ေနရာက ေမာ္ဟန္နဲ႔ ေနာင္ခ်ိဳ႐ြာေဟာင္းၾကားမွာပါ။အမည္မသိ လက္နက္ကိုင္အဖြဲ႕က ၿမိဳ႕နယ္ဆရာဝန္ႀကီးစီးလာတဲ့ကားကိုတားၿပီး ကားေပၚပါလာသူေတြကိုအကုန္ဆင္းခိုင္းခဲ့ပါတယ္။ၿမိဳ႕နယ္ဆရာဝန္ႀကီးတစ္ေယာက္ထဲကိုပဲ ေသနတ္နဲ႔အနီးကပ္ပစ္ခတ္ခဲ့တာေၾကာင့္ က်ည္ဝင္ဒဏ္ရာ ငါးခ်က္ရၿပီး အခင္းျဖစ္ေနရာမွာေသဆုံးခဲ့ပါတယ္။

ကားေပၚပါလာသူေတြကိုေတာ့ ပစ္ခတ္ခဲ့ျခင္းမရွိပဲ တာမိုးညဲဖက္ကိုျပန္ေမာင္းခိုင္းခဲ့ပါတယ္။အခင္းျဖစ္စဥ္ကို ၿမိဳ႕နယ္ဆရာဝန္ႀကီးကားကိုေမာင္းသူက ဒုၿမိဳ႕နယ္ဦးစီးမႉးကိုဖုန္းဆက္အေၾကာင္းၾကားခဲ့တာေၾကာင့္ သြားေရာက္ရွာေဖြၿပီး ၿမိဳ႕နယ္ဆရာဝန္ႀကီးရဲ႕ ႐ုပ္အေလာင္းကို ကြတ္ခိုင္ျပည္သူ႔ေဆး႐ုံကိုျပန္လည္သယ္ေဆာင္ခဲ့ပါတယ္။

ၿမိဳ႕နယ္ဆရာဝန္ႀကီးေဒၚဝင့္ဝင့္ၿမိဳင္ဟာ ကြတ္ခိုငိျပည္သူ႔ေဆး႐ုံႀကီးမွာ ၂၀၀၂ ခုႏွစ္ထဲကစတင္တာဝန္ထမ္းေဆာင္ခဲ့သူျဖစ္ပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here